မိဘေတြကုိသတ္ဖုိ႔အတြက္ မိဘပုိက္ဆံကို ခုိးၿပီး လူသတ္သမားငွားခဲ့တဲ့ သမီး၊ မိဘေတြ ေသဆုံး

117

မိသားစုအတြင္းမွာ ဘယ္ေလာက္ပဲ အဆင္မေျပပါေစ…မိဘေတြကို ဘယ္ေလာက္ပဲ မုန္းပါေစ… မိဘေတြကို သတ္ဖုိ႔ ဆုိတာက မျဖစ္ႏုိင္ဘူးလုိ႔ ေတြးမိႀကမွာပါပဲ။ တကယ္ေတာ့ အေမရိကန္ႏုိင္ငံ၊ ဖေလာ္ရီဒါျပည္နယ္က ဆယ္ေက်ာ္သက္အရြယ္ မိန္းကေလးဟာ မိဘေတြကုိ သတ္ဖုိ႔အတြက္ လူသတ္သမား ငွားခဲ့ပါတယ္။

သူဟာ မိဘေတြရဲ႕ ပုိက္ဆံကုိ ခုိးၿပီးေနာက္ လူသမားငွားၿပီး မိဘေတြကုိ သတ္ခုိင္းခဲ့ပါတယ္။Dailystar သတင္က အသက္ (၁၇) ႏွစ္အရြယ္ အလီဆာ မီခ်ဲလ္ ဟတ္ခ်ာ (Allysaa Michelle Hatcher) ဟာ မိဘေတြရဲ႕ ပုိက္ဆံကုိ ခုိးၿပီး မိခင္ နဲ႔ ဖခင္ကုိ သတ္ပစ္ဖုိ႔အတြက္ လူသတ္သမားငွားခဲ့တယ္လုိ႔ ေဖာ္ျပခဲ့ပါတယ္။

ဟတ္ခ်ာဟာ ေက်ာင္းမွာ သူငယ္ခ်င္း တစ္ေယာက္ကုိ ပုိက္ဆံ အေျမာက္အျမား ေပးၿပီး လူသတ္သမား တစ္ဦး ရွာေပးဖုိ႔အတြက္ အကူအညီ ေတာင္းခဲ့တာကေန အျဖစ္မွန္က ေပၚေပါက္သြားခဲ့ပါတယ္။စုံစမ္းစစ္ေဆးမႈအရ၊ သူမဟာ မိဘေတြရဲ႕ ပုိက္ဆံကုိ ေဒၚလာ (၁,၁၃၇) ခုိးယူခဲ့ၿပီး ေဒၚလာ (၁၀၀) ကုိ ကုိကင္း ၀ယ္ခဲ့ပါတယ္။

သူမဟာ ေဒၚလာ (၄၀၀) ကုိ သူငယ္ခ်င္း ေပးၿပီး မိဘေတြကို သတ္ဖုိ႔ လူသမား တစ္ေယာက္ကုိ ရွာခုိင္းခဲ့ပါတယ္။ သူမက က်န္တဲ့ ေဒၚလာ (၉၀၀) ကုိ လူသတ္သမားကုိ ေပးခဲ့ပါတယ္။ ဟတ္ခ်ာ ကိုယ္တုိင္က မိဘေတြရဲ႕ ပုိက္ဆံကုိ ခုိးယူခဲ့ေႀကာင္း နဲ႔ လူသတ္သမား ငွားခဲ့ေႀကာင္း ၀န္ခံခဲ့ပါတယ္။

လက္ရွိမွာေတာ့ သူမကုိ ေထာင္ထဲမွာ ထိန္းထားၿပီး အမႈမႀကားနာရေသးသလုိ လာမယ့္အရက္အတြင္းမွာေတာ့ အမႈ ႀကားနာသြားမွာ ျဖစ္ပါတယ္။ ရဲႀကပ္ၿပီး ဖရက္ ဂြ်န္ (Fred Jones) က “လူသတ္သမားအျဖစ္ ယူဆခံေနရတဲ့ ဟတ္ခ်ာကုိ ေထာင္မွာ ထိန္းထားပါတယ္။ သူကုိ တရားရုံးပုိ႔မွာပါ။ သူ႔ရဲ႕ အမႈကုိ လူငယ္တရားရုံကုိ အပ္သြားမွာ ျဖစ္တယ္လုိ႔” Dailystar သတင္းစာက အခုိင္အမာ ေဖာ္ျပေပးသြားခဲ့တာပဲ ျဖစ္ပါတယ္။

Ko Khant ( D Nae Khit Media )

Unicode

မိသားစုအတွင်းမှာ ဘယ်လောက်ပဲ အဆင်မပြေပါစေ…မိဘတွေကို ဘယ်လောက်ပဲ မုန်းပါစေ… မိဘတွေကို သတ်ဖို့ ဆိုတာက မဖြစ်နိုင်ဘူးလို့ တွေးမိကြမှာပါပဲ။ တကယ်တော့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က ဆယ်ကျော်သက်အရွယ် မိန်းကလေးဟာ မိဘတွေကို သတ်ဖို့အတွက် လူသတ်သမား ငှားခဲ့ပါတယ်။

သူဟာ မိဘတွေရဲ့ ပိုက်ဆံကို ခိုးပြီးနောက် လူသမားငှားပြီး မိဘတွေကို သတ်ခိုင်းခဲ့ပါတယ်။Dailystar သတင်က အသက် (၁၇) နှစ်အရွယ် အလီဆာ မီချဲလ် ဟတ်ချာ (Allysaa Michelle Hatcher) ဟာ မိဘတွေရဲ့ ပိုက်ဆံကို ခိုးပြီး မိခင် နဲ့ ဖခင်ကို သတ်ပစ်ဖို့အတွက် လူသတ်သမားငှားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဟတ်ချာဟာ ကျောင်းမှာ သူငယ်ချင်း တစ်ယောက်ကို ပိုက်ဆံ အမြောက်အမြား ပေးပြီး လူသတ်သမား တစ်ဦး ရှာပေးဖို့အတွက် အကူအညီ တောင်းခဲ့တာကနေ အဖြစ်မှန်က ပေါ်ပေါက်သွားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုအရ၊ သူမဟာ မိဘတွေရဲ့ ပိုက်ဆံကို ဒေါ်လာ (၁,၁၃၇) ခိုးယူခဲ့ပြီး ဒေါ်လာ (၁၀ဝ) ကို ကိုကင်း ဝယ်ခဲ့ပါတယ်။

သူမဟာ ဒေါ်လာ (၄၀ဝ) ကို သူငယ်ချင်း ပေးပြီး မိဘတွေကို သတ်ဖို့ လူသမား တစ်ယောက်ကို ရှာခိုင်းခဲ့ပါတယ်။ သူမက ကျန်တဲ့ ဒေါ်လာ (၉၀ဝ) ကို လူသတ်သမားကို ပေးခဲ့ပါတယ်။ ဟတ်ချာ ကိုယ်တိုင်က မိဘတွေရဲ့ ပိုက်ဆံကို ခိုးယူခဲ့ကြောင်း နဲ့ လူသတ်သမား ငှားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

လက်ရှိမှာတော့ သူမကို ထောင်ထဲမှာ ထိန်းထားပြီး အမှုမကြားနာရသေးသလို လာမယ့်အရက်အတွင်းမှာတော့ အမှု ကြားနာသွားမှာ ဖြစ်ပါတယ်။ ရဲကြပ်ပြီး ဖရက် ဂျွန် (Fred Jones) က “လူသတ်သမားအဖြစ် ယူဆခံနေရတဲ့ ဟတ်ချာကို ထောင်မှာ ထိန်းထားပါတယ်။ သူကို တရားရုံးပို့မှာပါ။ သူ့ရဲ့ အမှုကို လူငယ်တရားရုံကို အပ်သွားမှာ ဖြစ်တယ်လို့” Dailystar သတင်းစာက အခိုင်အမာ ဖော်ပြပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )