ဒဏ္ရာမ်ားျဖင့္ ကိုယ္လံုးတီး လဲက်ေနေသာ အမ်ိဳးသမီးအမႈကို စစ္ေဆး

335

လွိဳင္သာယာၿမဳိ႕နယ္၊ ထီးလႈိင္ရွင္အိမ္ယာအနီးတြင္ စက္တင္ဘာ ၁၃ ရက္ နံနက္အေစာပိုင္းက အဝတ္ဗလာ ကိုယ္လံုးတီး ခႏၶာကိုယ္တြင္ ေပါက္ျပဲဒဏ္ရာမ်ားျဖင့္ လမ္းေပၚ လဲက်ေနေသာ အမ်ဳိးသမီးတစ္ဦးအမႈႏွင့္ ပတ္သက္၍ စံုစမ္းစစ္ေဆးေနၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

အဝတ္ဗလာ ကိုယ္လံုးတီးျဖင့္ လမ္းေပၚ လဲက်ေနသည့္ အမ်ိဳးသမီးမွာ အသက္ ၄၀ ႏွစ္ ဝန္းက်င္ရွိၿပီး ဦးေခါင္း ႏႈတ္ခမ္းတြင္ ေပါက္ျပဲဒဏ္ရာမ်ားရွိကာ မိန္းမကိုယ္ႏွင့္ စအိုဝတြင္ ေသြးမ်ားထြက္ေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

ဒဏ္ရာမ်ားျဖင့္ လမ္းေပၚ လဲက်ေနေသာ အမ်ဳိးသမီးမွာ သတိရေသာ္လည္း တစ္စုံတစ္ရာ ေမးျမန္း၍ မရသျဖင့္ ရန္ကုန္ေဆးရုံႀကီးတြင္ ေဆးကုသမႈ ခံယူရန္ တင္ပို႔ထားၿပီး အဓမၼျပဳက်င့္ခံရျခင္း ဟုတ္မဟုတ္ သိရွိႏိုင္ရန္ လတ္တေလာ ေဆးစစ္ခ်က္ယူေနေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

အဆိုပါ အမ်ိဳးသမီးမွာ စိတ္ေဝဒနာသည္ဟု ကနဦး စစ္ေဆးခ်က္အရ ယူဆထားၿပီး ၎အား MAN ကမာရြတ္ လူမႈကူညီကယ္ဆယ္ေရးအဖြဲ႔က လႈိင္သာယာေဆးရုံမွ တစ္ဆင့္ ရန္ကုန္ျပည္သူ႔ေဆးရုံႀကီးသုိ႔ တင္ပုိ႔ေပးခဲ့ၿပီး ယင္းျဖစ္စဥ္ကို လႈိင္သာယာၿမဳိ႕မရဲစခန္းမွ ရာဇသတ္ႀကီး ပုဒ္မ ၃၂၅ (နာက်င္ေစမႈ) ျဖင့္ အမႈဖြင့္ စံုစမ္းစစ္ေဆးလ်က္ရွိသည္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ The Voice ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

လှိုင်သာယာမြို့နယ်၊၊ ထီးလှိုင်ရှင်အိမ်ယာအနီးတွင် စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက အဝတ်ဗလာ ကိုယ်လုံးတီး ခန္ဓာကိုယ်တွင် ပေါက်ပြဲဒဏ်ရာများဖြင့် လမ်းပေါ် လဲကျနေသော အမျိုးသမီးတစ်ဦးအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြာင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဝတ်ဗလာ ကိုယ်လုံးတီးဖြင့် လမ်းပေါ် လဲကျနေသည့် အမျိုးသမီးမှာ အသက် ၄၀ နှစ် ဝန်းကျင်ရှိပြီး ဦးခေါင်း နှုတ်ခမ်းတွင် ပေါက်ပြဲဒဏ်ရာများရှိကာ မိန်းမကိုယ်နှင့် စအိုဝတွင် သွေးများထွက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဒဏ်ရာများဖြင့် လမ်းပေါ် လဲကျနေသော အမျိုးသမီးမှာ သတိရသော်လည်း တစ်စုံတစ်ရာ မေးမြန်း၍ မရသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူရန် တင်ပို့ထားပြီး အဓမ္မပြုကျင့်ခံရခြင်း ဟုတ်မဟုတ် သိရှိနိုင်ရန် လတ်တလော ဆေးစစ်ချက်ယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အမျိုးသမီးမှာ စိတ်ဝေဒနာသည်ဟု ကနဦး စစ်ဆေးချက်အရ ယူဆထားပြီး ၎င်းအား MAN ကမာရွတ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က လှိုင်သာယာဆေးရုံမှ တစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ပြီး ယင်းဖြစ်စဉ်ကို လှိုင်သာယာမြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၂၅ (နာကျင်စေမှု) ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

[ ယခုသတင်းကို မိတ်ဖက်မီဒီယာ The Voice ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]