ဂိမ္းစက္ဝယ္ေပးခဲ့တဲ့ ဦးေလးကို တူျဖစ္သူက (၁၅)ႏွစ္အၾကာမွာ ေက်းဇူူးျပန္ဆပ္

78

လူတစ္ေယာက္ရဲ႕ ေက်းဇူးဆုိတာ အေရအတြက္ ပမာဏအားျဖင့္ သတ္မွတ္လုိ႔ မရပါဘူး။ သူရဲ႕ ေစတနာနဲ႔ သူဘယ္လုိ ေပးဆပ္ခဲ့သလဲဆုိတဲ့ ေပတံနဲ႔သာ ေက်းဇူးကို အကဲျဖတ္သင့္ပါတယ္။ ဒီလုိပဲ ကိုယ္တုိင္လည္း ဒီလုိစိတ္ထားနဲ႔ ေက်းဇူးျပန္ဆပ္ႏုိင္ဖုိ႔ ႀကိဳးစားသင့္ပါတယ္။

အခု NextShark မွာ ေဖာ္ျပထားတဲ့ သတင္းအရ ဦးေလးတစ္ဦးဟာ လြန္ခဲ့တဲ့ (၁၅)ႏွစ္ေလာက္က တူျဖစ္သူကို ဂိမ္းစက္ဝယ္ေပးခဲ့ပါတယ္။ အဲဒီတုန္းက နည္းပညာနဲ႔ပတ္သက္တဲ့ ပစၥည္းေတြဟာ ရွားပါးစာရင္းဝင္ျဖစ္ၿပီး၊ ေစ်းကလည္း အလြန္ႀကီးလုိ႔ PS2 ဂိမ္းစက္အတြက္ ေဒၚလာ (၄၀၀)ေတာင္ ေပးခဲ့ရပါသတဲ့။

တူျဖစ္သူရဲ႕အမည္ကေတာ့ Steven Ng ျဖစ္ၿပီး၊ Elliot Havok လုပ္ငန္းစုကို လည္ပတ္သူပါ။ အဲဒီကုမၸဏီကေန အလြန္ေစ်းႀကီးတဲ့ လက္ပတ္နာရီနဲ႔ ပုိက္ဆံအိတ္ေတြကို သင့္တင့္ေလွ်ာက္ပတ္တဲ့ ေစ်းႏႈန္းနဲ႔ ေရာင္းခ်ေနတာပါ။ သူဟာ ဒီလုပ္ငန္းအတြက္ ေဒၚလာ (၄)သိန္းေလာက္ အျမတ္အစြန္း ရရွိထားပါတယ္။

Steven ဟာ ယမန္ႏွစ္က ထုတ္ျပန္တဲ့  Forbes မဂၢဇင္းရဲ႕ 30 Under 30 စာရင္းမွာလည္း ဝင္ေရာက္ႏုိင္ခဲ့ၿပီး၊ လက္ရွိအခ်ိန္မွာ သူ႕အသက္ဟာ (၂၆)ႏွစ္သာ ရွိပါေသးတယ္။ သူ႕အေပၚမွာ ေက်းဇူးမ်ားလြန္းခဲ့တဲ့ ဦးေလးကို အစ္ကုိျဖစ္သူနဲ႔ ပူးေပါင္းၿပီး ေနာက္ဆုံးေပၚ SUV ကားလက္ေဆာင္ ေပးခဲ့တာပါ။

ဦးေလးဟာ သူေပးခဲ့တဲ့ လက္ေဆာင္အတြက္ ဒီေလာက္ တန္ဖုိးႀကီးတဲ့ လက္ေဆာင္မ်ိဳး ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့ေပမယ့္၊ တကယ္တမ္း ရလာေတာ့ အလြန္ကုိ ဝမ္းသာေနပါသတဲ့။ Steven ဟာ အခုအခါမွာ ေအာင္ျမင္တဲ့ စြန္႔ဦးတီထြင္သူတစ္ဦးအျဖစ္ ရပ္တည္ႏုိင္ေနၿပီျဖစ္ပါတယ္။

ေနသူရိန္ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လူတစ်ယောက်ရဲ့ ကျေးဇူးဆိုတာ အရေအတွက် ပမာဏအားဖြင့် သတ်မှတ်လို့ မရပါဘူး။ သူရဲ့ စေတနာနဲ့ သူဘယ်လို ပေးဆပ်ခဲ့သလဲဆိုတဲ့ ပေတံနဲ့သာ ကျေးဇူးကို အကဲဖြတ်သင့်ပါတယ်။ ဒီလိုပဲ ကိုယ်တိုင်လည်း ဒီလိုစိတ်ထားနဲ့ ကျေးဇူးပြန်ဆပ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။

အခု NextShark မှာ ဖော်ပြထားတဲ့ သတင်းအရ ဦးလေးတစ်ဦးဟာ လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က တူဖြစ်သူကို ဂိမ်းစက်ဝယ်ပေးခဲ့ပါတယ်။ အဲဒီတုန်းက နည်းပညာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေဟာ ရှားပါးစာရင်းဝင်ဖြစ်ပြီး၊ စျေးကလည်း အလွန်ကြီးလို့ PS2 ဂိမ်းစက်အတွက် ဒေါ်လာ (၄၀၀)တောင် ပေးခဲ့ရပါသတဲ့။

တူဖြစ်သူရဲ့အမည်ကတော့ Steven Ng ဖြစ်ပြီး၊ Elliot Havok လုပ်ငန်းစုကို လည်ပတ်သူပါ။ အဲဒီကုမ္ပဏီကနေ အလွန်စျေးကြီးတဲ့ လက်ပတ်နာရီနဲ့ ပိုက်ဆံအိတ်တွေကို သင့်တင့်လျှောက်ပတ်တဲ့ စျေးနှုန်းနဲ့ ရောင်းချနေတာပါ။ သူဟာ ဒီလုပ်ငန်းအတွက် ဒေါ်လာ (၄)သိန်းလောက် အမြတ်အစွန်း ရရှိထားပါတယ်။

Steven ဟာ ယမန်နှစ်က ထုတ်ပြန်တဲ့  Forbes မဂ္ဂဇင်းရဲ့ 30 Under 30 စာရင်းမှာလည်း ဝင်ရောက်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်မှာ သူ့အသက်ဟာ (၂၆)နှစ်သာ ရှိပါသေးတယ်။ သူ့အပေါ်မှာ ကျေးဇူးများလွန်းခဲ့တဲ့ ဦးလေးကို အစ်ကိုဖြစ်သူနဲ့ ပူးပေါင်းပြီး နောက်ဆုံးပေါ် SUV ကားလက်ဆောင် ပေးခဲ့တာပါ။

ဦးလေးဟာ သူပေးခဲ့တဲ့ လက်ဆောင်အတွက် ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်မျိုး ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေမယ့်၊ တကယ်တမ်း ရလာတော့ အလွန်ကို ဝမ်းသာနေပါသတဲ့။ Steven ဟာ အခုအခါမှာ အောင်မြင်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ် ရပ်တည်နိုင်နေပြီဖြစ်ပါတယ်။

နေသူရိန် D Nae Khit Media