ခ်စ္သူမျဖစ္ခင္ ဒုကၡိတျဖစ္သြားတဲ့ ေကာင္မေလးကို တစ္သက္လုံးျပဳစုဖုိ႔ တာဝန္ယူခဲ့သူ

136

လူတစ္ေယာက္ကုိ ကုိယ္တကယ္မရင္းနီးပါဘဲ ကိုယ္တစ္ကယ္ မခ်စ္ပါဘဲ၊ တစ္ဖက္သက္ ေပးဆပ္ဖုိ႔ ႀကိဳးစားရတာဟာ မလြယ္လွပါဘူး။ စိတ္ထဲကလည္း သနားစိတ္၊ ပုဂၢိဳလ္ခ်င္းကလည္း ရင္းနီးခ်စ္ခင္စိတ္ ရွိမွသာ ေပးဆပ္ရသူမွာ အဆင္ေျပပါတယ္။

အခုအျဖစ္အပ်က္ေလးကေတာ့ ႏွစ္ေယာက္သား သက္ဆုိင္ျခင္း မရွိေသးပါဘဲ၊ တစ္ေယာက္က ဒုကၡိတဘဝကို ေရာက္သြားခ်ိန္မွာ အျခားတစ္ေယာက္က တစ္ဘဝလုံးစာ ေစာင့္ေရွာက္ဖုိ႔ ယတိျပတ္ဆုံးျဖတ္ခဲ့တာ အေတာ္ေလးကို ထူးျခားပါတယ္။

သူတုိ႔ႏွစ္ေယာက္ဟာ လူမႈကြန္ရက္မွာ သိလာခဲ့တာ (၇)လေျမာက္ ၾကာခဲ့ခ်ိန္မွာ အျပင္မွာ Date ဖုိ႔ ႀကိဳးစားခဲ့ပါတယ္။ အမ်ိဳးသားရဲ႕နာမည္ကေတာ့ Narawut Phongyen ျဖစ္ၿပီး အသက္(၃၁)ပါ။ ေကာင္မေလးနာမည္ကေတာ့ Patcharaphan Lenkham ျဖစ္ၿပီး အသက္(၂၁)ႏွစ္ပါ။

သူတုိ႔ဟာ ထုိင္းႏုိင္ငံေျမာက္ပုိင္း ခ်င္းမုိင္ဇာတိေတြ ျဖစ္ၾကပါတယ္။ (၂၀၁၆)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ေတြ႕ဖုိ႔ခ်ိန္းဆုိခဲ့ၾကတာ ျဖစ္ၿပီး၊ ေတြ႕ဖုိ႔ရက္မတုိင္မီ တစ္ရက္အလုိမွာ Lenkham ဟာ ကားမေတာ္တဆမႈတစ္ခုျဖစ္ခဲ့ၿပီး၊ ျပင္းထန္စြာဒဏ္ရာ ရရွိခဲ့ပါတယ္။

သူမဟာ ေဆး႐ုံမွာ ရက္အတန္ၾကာသည္အထိ ေနခဲ့ရၿပီး၊ Herniated disks ဆုိတဲ့ အေျခအေနကုိ ရင္ဆုိင္ခဲ့ရကာ၊ ေနာက္ဆုံးေတာ့ အေၾကာေတြေသးၿပီး ဒုကၡိတျဖစ္သြားပါေတာ့တယ္။ Narawut ဟာ ဒီအေျခအေနကို လုံးဝစိတ္မပ်က္ဘဲ Lenkham ကို တစ္သက္လုံးျပဳစုဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

တကယ္ေတာ့ သူတုိ႔တစ္ေတြဟာ ခ်စ္သူအဆင့္ကို ေရာက္ဖုိ႔မေျပာနဲ႔၊ ေတြ႕ေတာင္ေတြ႕ဖူးျခင္း မရွိခဲ့ပါဘူး။ ဒါေပမယ့္ Narawut ဟာ ေရွးဘဝေရစက္ကုိ ေကာင္းေကာင္းယုံၾကည္ခဲ့ပါတယ္။ အဆုိရင္ သူရဲ႕ေလ့က်င့္ေပးမႈေၾကာင့္ Lenkham ရဲ႕လက္ေမာင္းေတြ ျပန္လႈပ္ရွားႏုိင္ပါၿပီတဲ့။

သူတုိ႔ႏွစ္ေယာက္ရဲ႕ ခ်စ္ပုံျပင္ဟာ လူထုအၾကားမွာ အေတာ္ေလးေရပန္းစားခဲ့ပါတယ္။ သူတုိ႔အေၾကာင္းကို ၾသဂုတ္လ (၂၉)ရက္က ဗြီဒီယုိ႐ုိက္ကူးထုတ္မႈေတြ ရွိခဲ့ရာ၊ ပရိသတ္သန္းနဲ႔ခ်ီ ဝန္းရံမႈကိုရခဲ့ပါတယ္။ Narawut ကေတာ့ သူမကို ျပန္ေကာင္းသည္အထိ ျပဴစုမွာလုိ႔ ေျပာပါတယ္။ ျပည္သူလူထုကလည္း သူမ အျမန္က်န္းမာၿပီး ႏွစ္ေယာက္သား မဂၤလာရက္ အျမန္သတ္မွတ္ႏုိင္ၾကပါေစေၾကာင္း ဆုေတာင္းေနၾကပါတယ္။

လင္းေဇာ္ကို D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လူတစ်ယောက်ကို ကိုယ်တကယ်မရင်းနီးပါဘဲ ကိုယ်တစ်ကယ် မချစ်ပါဘဲ၊ တစ်ဖက်သက် ပေးဆပ်ဖို့ ကြိုးစားရတာဟာ မလွယ်လှပါဘူး။ စိတ်ထဲကလည်း သနားစိတ်၊ ပုဂ္ဂိုလ်ချင်းကလည်း ရင်းနီးချစ်ခင်စိတ် ရှိမှသာ ပေးဆပ်ရသူမှာ အဆင်ပြေပါတယ်။

အခုအဖြစ်အပျက်လေးကတော့ နှစ်ယောက်သား သက်ဆိုင်ခြင်း မရှိသေးပါဘဲ၊ တစ်ယောက်က ဒုက္ခိတဘဝကို ရောက်သွားချိန်မှာ အခြားတစ်ယောက်က တစ်ဘဝလုံးစာ စောင့်ရှောက်ဖို့ ယတိပြတ်ဆုံးဖြတ်ခဲ့တာ အတော်လေးကို ထူးခြားပါတယ်။

သူတို့နှစ်ယောက်ဟာ လူမှုကွန်ရက်မှာ သိလာခဲ့တာ (၇)လမြောက် ကြာခဲ့ချိန်မှာ အပြင်မှာ Date ဖို့ ကြိုးစားခဲ့ပါတယ်။ အမျိုးသားရဲ့နာမည်ကတော့ Narawut Phongyen ဖြစ်ပြီး အသက်(၃၁)ပါ။ ကောင်မလေးနာမည်ကတော့ Patcharaphan Lenkham ဖြစ်ပြီး အသက်(၂၁)နှစ်ပါ။

သူတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ဇာတိတွေ ဖြစ်ကြပါတယ်။ (၂၀၁၆)ခုနှစ် ဖေဖော်ဝါရီလမှာ တွေ့ဖို့ချိန်းဆိုခဲ့ကြတာ ဖြစ်ပြီး၊ တွေ့ဖို့ရက်မတိုင်မီ တစ်ရက်အလိုမှာ Lenkham ဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး၊ ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ပါတယ်။

သူမဟာ ဆေးရုံမှာ ရက်အတန်ကြာသည်အထိ နေခဲ့ရပြီး၊ Herniated disks ဆိုတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရကာ၊ နောက်ဆုံးတော့ အကြောတွေသေးပြီး ဒုက္ခိတဖြစ်သွားပါတော့တယ်။ Narawut ဟာ ဒီအခြေအနေကို လုံးဝစိတ်မပျက်ဘဲ Lenkham ကို တစ်သက်လုံးပြုစုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တကယ်တော့ သူတို့တစ်တွေဟာ ချစ်သူအဆင့်ကို ရောက်ဖို့မပြောနဲ့၊ တွေ့တောင်တွေ့ဖူးခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် Narawut ဟာ ရှေးဘဝရေစက်ကို ကောင်းကောင်းယုံကြည်ခဲ့ပါတယ်။ အဆိုရင် သူရဲ့လေ့ကျင့်ပေးမှုကြောင့် Lenkham ရဲ့လက်မောင်းတွေ ပြန်လှုပ်ရှားနိုင်ပါပြီတဲ့။

သူတို့နှစ်ယောက်ရဲ့ ချစ်ပုံပြင်ဟာ လူထုအကြားမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။ သူတို့အကြောင်းကို သြဂုတ်လ (၂၉)ရက်က ဗွီဒီယိုရိုက်ကူးထုတ်မှုတွေ ရှိခဲ့ရာ၊ ပရိသတ်သန်းနဲ့ချီ ဝန်းရံမှုကိုရခဲ့ပါတယ်။ Narawut ကတော့ သူမကို ပြန်ကောင်းသည်အထိ ပြူစုမှာလို့ ပြောပါတယ်။ ပြည်သူလူထုကလည်း သူမ အမြန်ကျန်းမာပြီး နှစ်ယောက်သား မင်္ဂလာရက် အမြန်သတ်မှတ်နိုင်ကြပါစေကြောင်း ဆုတောင်းနေကြပါတယ်။

လင်းဇော်ကို D Nae Khit Media