က်ဳိင္းတံုေဆြးေႏြးပဲြ ရလဒ္မေကာင္းရင္ အႏၱရာယ္ရွိတယ္လို႔ ဦးေဇာ္ေဌး ေျပာ

173

က်ဳိင္းတံုၿမိဳ႕မွာ လာမယ့္ စက္တင္ဘာလ ၁၇ ရက္ေန႔ ျပဳလုပ္မယ့္ ေျမာက္ပိုင္းအဖဲြ႔ေတြနဲ႔ ေတြ႔ဆံုပဲြဟာ အေရးႀကီးၿပီး ရလဒ္မေကာင္းရင္ အႏၱရာယ္ရွိတယ္လို႔ ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက ဒီေန႔ ေျပာလိုက္ပါတယ္။

ဒီညေန သမၼတအိမ္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ ဦးေဇာ္ေဌးက က်ဳိင္းတံုေဆြးေႏြးပဲြအျပင္ ဘဏ္ကိစၥ၊ ေနျပည္ေတာ္က ဗစ္တိုးရီးယားအမႈကိစၥေတြနဲ႔ ပတ္သက္ၿပီးလည္း သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္ေတြကို ေျဖၾကားခဲ့တာပါ။

က်ဳိင္းတံုေဆြးေႏြးပဲြမွာ ထူးျခားတဲ့ရလဒ္ေကာင္းေတြရဖို႔ ႀကိဳးစားေနတယ္လုိ႔လည္း သူက ေျပာခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက ရခုိင္ျပည္နယ္ လမ္းမေပၚမွာ အရပ္သားေတြကို ေခါင္းျဖတ္သတ္တဲ့ လုပ္ရပ္အေပၚမွာ လူမဆန္တဲ့ လုပ္ရပ္၊ အၾကမ္းဖက္တဲ့လုပ္ရပ္အျဖစ္လည္း ဦးေဇာ္ေဌးက ျပစ္တင္ေ၀ဖန္သြားပါတယ္။

ရခိုင္ျပည္နယ္မွာ ပထမ ARSA ေပၚလာတယ္-ေနာက္ေတာ့ AA ေပၚလာၿပီး တုိက္ပြဲေတြျဖစ္လာတယ္လုိ႔ ဦးေဇာ္ေဌးက ဆုိပါတယ္။မုိင္းခြဲမႈေတြေၾကာင့္ အပစ္မဲ့အရပ္သားေတြ ေသေၾကလာတဲ့အတြက္ ရခုိင္ျပည္နယ္မွာ တရားဥပေဒစိုးမုိးမႈ ေလ်ာ့ရဲလာတယ္လုိ႔လည္း ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒါ့ၾကာင့္ ရခုိင္အမတ္ေတြအေနနဲ႔ ရခိုင္ျပည္နယ္ စိုးမုိးေရးအတြက္ ပူးေပါင္းေဆာင္ရြက္ပါလို႔ တုိက္တြန္းသြားပါတယ္။AA-အဖြဲ႔နဲ႔လည္း Biletral အပစ္ရပ္စဲေရးကို လက္မွတ္ထိုးႏိုင္ေအာင္ ၾကိဳးစားေနတယ္လုိ႔ ဦးေဇာ္က ျဖည့္စြက္ေျပာၾကားသြားပါတယ္။

အပစ္ရပ္ၿပီးတဲ့အခါ IDP ၆ ေသာင္းေက်ာ္နဲ႔ ေနရပ္စြန္႔ခြာေနထုိင္ရတဲ့ ကမန္၊ ၿမိဳ တုိင္းရင္းသားေတြရဲ႕ အေရးကိစၥေတြကို ကူညီေျဖရွင္းေပးမယ္လုိ႔လည္း ဦးေဇာ္ေဌးက ရွင္းျပသြားပါတယ္။

လတ္တေလာ ေကာလာဟလေတြထြက္ေနတဲ့ ဘဏ္ကိစၥအေၾကာင္း ေျပာရာမွာေတာ့ ပုဂၢလိကဘဏ္ေတြနဲ႔ လုပ္ငန္းရွင္ေတြၾကားျပႆနာကို ဗဟိုဘဏ္က စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ေျဖရွင္းေနသလို အစိုးရကေတာ့ အုပ္ခ်ဳပ္ေရးပိုင္းကေန ေန႔စဥ္ေစာင့္ၾကည့္ေနတယ္လို႔ ဆုိပါတယ္။

ဘဏ္တစ္ခုခ်င္းစီရဲ့ ေန႔စဥ္ေငြသြင္းေငြထုတ္ကို ဗဟိုဘဏ္က သမၼတရံုးထံ ေန႔စဥ္ တင္ျပအစီရင္ခံေနၿပီး ေဒၚလာေစ်းအတက္အက်ကိုလည္း သမၼတရံုးကေန ေန႔စဥ္ မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနတယ္လို႔ ဆိုပါတယ္။ ျပည္သူေတြအေနနဲ႔ ေကာလာဟလကို မယံုၾကည္ဖို႔ မစိုးရိမ္ၾကဖို႔လည္း ဦးေဇာ္ေဌးက တုိက္တြန္းသြားပါတယ္။

အဲဒီေနာက္ BPI စက္ရံုျဖစ္စဥ္ကို ရွင္းလင္းရာမွာ၊ ေဒါက္တာေအာင္ေဇာ္အျပင္ ဦးေဆာင္ညြန္ၾကားေရးမွဴး ဦးကိုကိုေအာင္ကို ႀကီးၾကပ္ကြပ္ကြဲဖို႔ ပ်က္ကြက္တဲ့အတြက္ စက္တင္ဘာ ၁၂ ရက္ေန႔က ရာထူးကေန ဖယ္ရွားလိုက္တယ္လုိ႔လည္း ဦးေဇာ္ေဌးက ဆက္လက္ရွင္းလင္းသြားပါတယ္။

ေနျပည္ေတာ္မွာစစ္ေဆးေနတဲ့ ဗစ္တုိးရီးယားကေလးငယ္ ကိစၥမွာေတာ့ အျပစ္ရွိသူဟာ ေအာင္ႀကီးမဟုတ္ဘဲ တစ္ျခားသူေတြ ျဖစ္လာရင္လည္း ထိထိေရာက္ေရာက္ အေရးယူသြားမယ့္အေၾကာင္း သမၼတရံုး ညြန္ၾကားေရးမွဴး ဦးေဇာ္ေဌးက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားပါတယ္။(RFA သတင္းေထာက္ ကိုသီဟထြန္း ေပးပို႔သည္)

ယခုသတင္းကို RFA Burmese တရားဝင္ခြင့္ျပဳခ်က္ျဖင္႔ေဖာ္ျပျခင္း ျဖစ္ပါသည္။

Unicode

ကျိုင်းတုံမြို့မှာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ ပြုလုပ်မယ့် မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲဟာ အရေးကြီးပြီး ရလဒ်မကောင်းရင် အန္တရာယ်ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီညနေ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ကျိုင်းတုံဆွေးနွေးပွဲအပြင် ဘဏ်ကိစ္စ၊ နေပြည်တော်က ဗစ်တိုးရီးယားအမှုကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။

ကျိုင်းတုံဆွေးနွေးပွဲမှာ ထူးခြားတဲ့ရလဒ်ကောင်းတွေရဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် လမ်းမပေါ်မှာ အရပ်သားတွေကို ခေါင်းဖြတ်သတ်တဲ့ လုပ်ရပ်အပေါ်မှာ လူမဆန်တဲ့ လုပ်ရပ်၊ အကြမ်းဖက်တဲ့လုပ်ရပ်အဖြစ်လည်း ဦးဇော်ဌေးက ပြစ်တင်ဝေဖန်သွားပါတယ်။

ရခိုင်ပြည်နယ်မှာ ပထမ ARSA ပေါ်လာတယ်-နောက်တော့ AA ပေါ်လာပြီး တိုက်ပွဲတွေဖြစ်လာတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။မိုင်းခွဲမှုတွေကြောင့် အပစ်မဲ့အရပ်သားတွေ သေကြေလာတဲ့အတွက် ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု လျော့ရဲလာတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့ကြာင့် ရခိုင်အမတ်တွေအနေနဲ့ ရခိုင်ပြည်နယ် စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ပါလို့ တိုက်တွန်းသွားပါတယ်။AA-အဖွဲ့နဲ့လည်း Biletral အပစ်ရပ်စဲရေးကို လက်မှတ်ထိုးနိုင်အောင် ကြိုးစားနေတယ်လို့ ဦးဇော်က ဖြည့်စွက်ပြောကြားသွားပါတယ်။

အပစ်ရပ်ပြီးတဲ့အခါ IDP ၆ သောင်းကျော်နဲ့ နေရပ်စွန့်ခွာနေထိုင်ရတဲ့ ကမန်၊ မြို တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေကို ကူညီဖြေရှင်းပေးမယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြသွားပါတယ်။

လတ်တလော ကောလာဟလတွေထွက်နေတဲ့ ဘဏ်ကိစ္စအကြောင်း ပြောရာမှာတော့ ပုဂ္ဂလိကဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေကြားပြဿနာကို ဗဟိုဘဏ်က စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖြေရှင်းနေသလို အစိုးရကတော့ အုပ်ချုပ်ရေးပိုင်းကနေ နေ့စဉ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဘဏ်တစ်ခုချင်းစီရဲ့ နေ့စဉ်ငွေသွင်းငွေထုတ်ကို ဗဟိုဘဏ်က သမ္မတရုံးထံ နေ့စဉ် တင်ပြအစီရင်ခံနေပြီး ဒေါ်လာဈေးအတက်အကျကိုလည်း သမ္မတရုံးကနေ နေ့စဉ် မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ ကောလာဟလကို မယုံကြည်ဖို့ မစိုးရိမ်ကြဖို့လည်း ဦးဇော်ဌေးက တိုက်တွန်းသွားပါတယ်။

အဲဒီနောက် BPI စက်ရုံဖြစ်စဉ်ကို ရှင်းလင်းရာမှာ၊ ဒေါက်တာအောင်ဇော်အပြင် ဦးဆောင်ညွန်ကြားရေးမှူး ဦးကိုကိုအောင်ကို ကြီးကြပ်ကွပ်ကွဲဖို့ ပျက်ကွက်တဲ့အတွက် စက်တင်ဘာ ၁၂ ရက်နေ့က ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့လည်း ဦးဇော်ဌေးက ဆက်လက်ရှင်းလင်းသွားပါတယ်။

နေပြည်တော်မှာစစ်ဆေးနေတဲ့ ဗစ်တိုးရီးယားကလေးငယ် ကိစ္စမှာတော့ အပြစ်ရှိသူဟာ အောင်ကြီးမဟုတ်ဘဲ တစ်ခြားသူတွေ ဖြစ်လာရင်လည်း ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်း သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

ယခုသတင်းကို RFA Burmese တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။