ကြက်သားစားတာက ကင်ဆာရောဂါကို လွယ်လွယ် ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိ

125






Unicode

ကြက်သားက အခြားအစားအစာတွေထက် ပိုပြီး ရောဂါကင်းတယ်လို့ အရင်က ထင်ခဲ့ကြမှာပါ။ ဒါပေမဲ့လည်း ထင်ခဲ့တာ မှားသွားသလိုပါပဲ။ အောက်စဖို့ဒ် တက္ကသိုလ် (Oxford University) က လေ့လာတွေ့ရှိမှု တစ်ခုမှာ ကြက်သားစားတာက ကင်ဆာရောဂါကို လွယ်လွယ် ဖြစ်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

(၂၀ဝ၆) ခုနှစ်ကနေ (၂၀၁၄) ခုနှစ်အတွင်းမှာ လူလတ်ပိုင်း အယောက် (၄၇၅, ဝ၀ဝ) ကို သေချာ လေ့လာခဲ့ပါတယ်။လေ့လာတွေ့ရှိမှုမှာ၊ ကြက်သားစားတာက သွေးဖြူဆဲလ်ကနေ စဖြစ်လေ့ရှိတဲ့ ကင်ဆာရောဂါ၊ non-Hodgkin’s lymphoma ကို ဖြစ်နိုင်ပြီး အမျိုးသားတွေမှာ ဆိုရင် သုက်ရည်ကင်ဆာရောဂါ (Prostate) ကို ဖြစ်နိုင်ပါတယ်။

သုသေသန ပညာရှင်တွေက (ရ) နှစ်အတွင်း၊ လူဦးရေ (၄၇၅, ဝ၀ဝ) ကို လေ့လာတဲ့ အခါမှာ သူတို့ ခံစားရတဲ့ ဖျားနာမှု နဲ့ ရောဂါလက္ခဏာ တို့ကို အခြေခံပြီး အသေးစိတ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ရလဒ်တစ်ခုကတော့ လေ့လာခဲ့တဲ့ လူဦးရေ (၄၇၅, ဝ၀ဝ) ထဲက (၂၃, ဝ၀ဝ) ဟာ ကင်ဆာရောဂါ ဖြစ်လာခဲ့တာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကြက်သားစားလို့ ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ များစွာထဲက (၂) ခုဟာ ပထမတစ်ခုက ကြက်သားမှာ ခန္စကိုယ်ထဲက တစ်ရှုးတွေကို ကင်ဆာဖြစ်စေနိုင်တဲ့ Cacinogen ပါဝင်နေလို့ပါပဲ။ ဒုတိယတစ်ခုက ရိုးရိုးပါတယ်… ကြက်သားကို ဘယ်လို ချက်လဲ၊ သန့်၊ မသန့် ဖြစ်ပါတယ်။

Ko Khant ( D nae khit Media )