အရပ္ရွည္သူထက္ အရပ္ပုသူေတြက ဆီးခ်ိဳေရာဂါျဖစ္ႏုိင္ေခ်ပုိမ်ားဟု သိပၸံပညာရွင္မ်ားဆုိ

57

အရပ္ရွည္ရတာနဲ႔ အရပ္ပုရတာ မေကာင္းဘူး/ေကာင္းတယ္ ျမင္တဲ့သူေတြၾကားမွာ ေရွးပေဝသဏီကတည္းက ဘယ္လုိမွ ေျဖရွင္းညႇိႏႈိင္းလုိ႔မရတဲ့ အျငင္းပြားမႈေတြက ဆက္လက္ရွိေနဆဲပါ။ အရပ္ရွည္သူေတြကေတာ့ အရပ္ဆုိတာ ပုတုိင္းမေကာင္းဘူး၊ ဘက္စ္ကားစီးရတာနဲ႔-

Live Show ေတြ ၾကည့္တဲ့အခါ အားငယ္ရတယ္လုိ႔ ႏွိမ္ၾကသလုိ- အရပ္ပုသူေတြကလည္း အရပ္ဆုိတာ ရွည္တုိင္းမေကာင္းဘူး … တစ္ခုခု ခိုင္းစရာရွိရင္ သူမ်ားေတြ ခုိင္းဘက္ ျဖစ္တတ္သလုိ၊ ထုတ္ေတြ တန္းေတြနဲ႔ မၾကာခဏ ေခါင္းကို တုိက္လြန္းလုိ႔၊ နဖူးလည္း-

အမာရြတ္ေတြသာ ရွိေၾကာင္း အရပ္ရွည္တဲ့သူေတြ အေကာင္းဆုံးက ေသတဲ့အခ်ိန္ျဖစ္ေၾကာင္း၊ အရပ္ေကာင္းလုိ႔ အေလာင္းလွတာ သူတုိ႔ပဲရွိေၾကာင္း ျပန္ေခ်ပတတ္ပါတယ္။ အခု ေဆးပညာဂ်ာနယ္တစ္ခုျဖစ္တဲ့ Diabetologia မွာ ေဖာ္ျပထားတဲ့ စစ္တမ္းကေတာ့ အရပ္ရွည္ရတာ ေကာင္းတယ္လုိ႔ ေျပာရမလုိပါ။

အေၾကာင္းကေတာ့ အရပ္ရွည္သူေတြထက္၊ အရပ္ပုသူေတြက ဆီးခ်ိဳေရာဂါ ျဖစ္ႏုိင္ေခ် ပုိမ်ားေၾကာင္း သုေတသနစစ္တမ္းတစ္ခုက မွတ္ခ်က္ေပးခဲ့ပါတယ္။ သူတုိ႔ရဲ႕ ေတြ႕ရွိမႈမွာ သာမန္ထက္ (၁၀)စင္တီပုိရွည္သြားတုိင္း အမ်ိဳးသားေတြမွာ ဆီးခ်ိဳျဖစ္ဖုိ႔ (၄၁)% ပုိနည္းသြားသလုိ-

အမ်ိဳးသမီးေတြမွာေတာ့ သာမန္ထက္ (၁၀)စင္တီ ပုိရွည္သြားတုိင္း (၃၃)%အထိ ဆီးခ်ိဳဳျဖစ္ႏုိင္ေခ် ပုိနည္းသြားတယ္လုိ႔ ဆုိထားပါတယ္။ ဆုိရရင္ အရပ္ပုေလ ဆီးခ်ိဳျဖစ္ဖုိ႔ ရာခုိင္ႏႈန္းေတြ ပုိမ်ားေလလုိ႔ ဆုိရမွာပါ။ ေနာက္ၿပီး အရပ္ပုသူေတြဟာ ႏွလုံးေရာဂါနဲ႔ ေလျဖတ္ျခင္းကုိ အရပ္ရွည္သူေတြထက္ ပုိခံရႏုိင္တယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ အင္စူလင္ႏုိးၾကြမႈနဲ႔၊ ဟုိမုန္းေတြထုတ္လုပ္ေပးတဲ့ ပန္ခရိယအတြင္းမွာရွိတဲ့ ထူးျခားဆဲလ္ေတြလုပ္ေဆာင္မႈမွာ အရပ္ရွည္သူေတြက ပုိၿပီးေကာင္းမြန္တယ္လုိ႔ ေျပာပါတယ္။ ဒီစစ္တမ္းကိုျပဳစုဖုိ႔ အမ်ိဳးသမီး (၁၆၆၀၀)နဲ႔ အမ်ိဳးသား (၁၁၀၀၀)ကို စနစ္တက် ေလ့လာခဲ့ရတယ္လုိ႔ သိရပါတယ္။

လင္းသူရိန္ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အရပ်ရှည်ရတာနဲ့ အရပ်ပုရတာ မကောင်းဘူး/ကောင်းတယ် မြင်တဲ့သူတွေကြားမှာ ရှေးပဝေသဏီကတည်းက ဘယ်လိုမှ ဖြေရှင်းညှိနှိုင်းလို့မရတဲ့ အငြင်းပွားမှုတွေက ဆက်လက်ရှိနေဆဲပါ။ အရပ်ရှည်သူတွေကတော့ အရပ်ဆိုတာ ပုတိုင်းမကောင်းဘူး၊ ဘက်စ်ကားစီးရတာနဲ့-

Live Show တွေ ကြည့်တဲ့အခါ အားငယ်ရတယ်လို့ နှိမ်ကြသလို- အရပ်ပုသူတွေကလည်း အရပ်ဆိုတာ ရှည်တိုင်းမကောင်းဘူး … တစ်ခုခု ခိုင်းစရာရှိရင် သူများတွေ ခိုင်းဘက် ဖြစ်တတ်သလို၊ ထုတ်တွေ တန်းတွေနဲ့ မကြာခဏ ခေါင်းကို တိုက်လွန်းလို့၊ နဖူးလည်း-

အမာရွတ်တွေသာ ရှိကြောင်း အရပ်ရှည်တဲ့သူတွေ အကောင်းဆုံးက သေတဲ့အချိန်ဖြစ်ကြောင်း၊ အရပ်ကောင်းလို့ အလောင်းလှတာ သူတို့ပဲရှိကြောင်း ပြန်ချေပတတ်ပါတယ်။ အခု ဆေးပညာဂျာနယ်တစ်ခုဖြစ်တဲ့ Diabetologia မှာ ဖော်ပြထားတဲ့ စစ်တမ်းကတော့ အရပ်ရှည်ရတာ ကောင်းတယ်လို့ ပြောရမလိုပါ။

အကြောင်းကတော့ အရပ်ရှည်သူတွေထက်၊ အရပ်ပုသူတွေက ဆီးချိုရောဂါ ဖြစ်နိုင်ချေ ပိုများကြောင်း သုတေသနစစ်တမ်းတစ်ခုက မှတ်ချက်ပေးခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိမှုမှာ သာမန်ထက် (၁၀)စင်တီပိုရှည်သွားတိုင်း အမျိုးသားတွေမှာ ဆီးချိုဖြစ်ဖို့ (၄၁)% ပိုနည်းသွားသလို-

အမျိုးသမီးတွေမှာတော့ သာမန်ထက် (၁၀)စင်တီ ပိုရှည်သွားတိုင်း (၃၃)%အထိ ဆီးချိုုဖြစ်နိုင်ချေ ပိုနည်းသွားတယ်လို့ ဆိုထားပါတယ်။ ဆိုရရင် အရပ်ပုလေ ဆီးချိုဖြစ်ဖို့ ရာခိုင်နှုန်းတွေ ပိုများလေလို့ ဆိုရမှာပါ။ နောက်ပြီး အရပ်ပုသူတွေဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို အရပ်ရှည်သူတွေထက် ပိုခံရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်စူလင်နိုးကြွမှုနဲ့၊ ဟိုမုန်းတွေထုတ်လုပ်ပေးတဲ့ ပန်ခရိယအတွင်းမှာရှိတဲ့ ထူးခြားဆဲလ်တွေလုပ်ဆောင်မှုမှာ အရပ်ရှည်သူတွေက ပိုပြီးကောင်းမွန်တယ်လို့ ပြောပါတယ်။ ဒီစစ်တမ်းကိုပြုစုဖို့ အမျိုးသမီး (၁၆၆၀၀)နဲ့ အမျိုးသား (၁၁၀၀၀)ကို စနစ်တကျ လေ့လာခဲ့ရတယ်လို့ သိရပါတယ်။

လင်းသူရိန် D Nae Khit Media