သားျဖစ္သူရဲ႕အသက္ကုိ မကယ္တင္ႏုိင္ခဲ့တဲ့ သူနာျပဳယာဥ္ေမာင္းႀကီးရဲ႕ ရင္နာစရာအျဖစ္

78

မေလးရွားႏုိင္ငံက အေရးေပၚသူနာျပဳယာဥ္ေမာင္းအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ အသက္(၅၀)အရြယ္ Mazlan Mohammad အမည္ရအမ်ိဳးသားဟာ မိသားစု ေဘးဒုကၡႀကဳံေနခ်ိန္မွာ တစ္ျခားသူေတြရဲ႕ ဒုကၡေတြကုိ ကယ္တင္ဖုိ႔ ႀကိဳးစားေနခဲ့ရလုိ႔ လစ္ဟာမႈေတြ ရွိခဲ့ပါတယ္။

WorldOfBuzz သတင္းရဲ႕ ေဖာ္ျပခ်က္အရ သူဟာ Balik Pulau Hospital မွ အေရးေပၚသူနာျပဳယာဥ္ေမာင္းတစ္ဦးျဖစ္ေၾကာင္း၊ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က အခ်ိန္ျပည့္ Duty ထမ္းေဆာင္ခဲ့ရၿပီး၊ အလုပ္ေတြ ပင္ပန္းေနခ်ိန္မွာ ဇနီးထံကေန ဖုန္းရခဲ့ေၾကာင္း၊

လူနာတင္ကား အျမန္လာဖုိ႔ ေခၚခဲ့လုိ႔၊ Mazlan နဲ႔ ေဆးဘက္ဆုိင္ရာ ဝန္ထမ္းေတြ အခင္းျဖစ္ရာေနရာကို အျမန္ေရာက္ေအာင္ သြားခဲ့ပါတယ္။ Mazlan ရဲ႕သားျဖစ္သူ ေရနစ္ခဲ့တာျဖစ္ၿပီး၊ သူတုိ႔ေရာက္ရွိခ်ိန္မွာ သားျဖစ္သူက သတိလစ္ေနပါၿပီ။

ေဆးဘက္ဆုိင္ရာ ဝန္ထမ္းေတြနဲ႔ ဖခင္ျဖစ္သူ Mazlan ကိုယ္တုိင္ နည္းအမ်ိဳးမ်ိဳးနဲ႔ သားျဖစ္သူ အသက္ျပန္႐ွဴေအာင္ ႀကိဳးစားခဲ့ၾကေသာ္လည္း မိနစ္အနည္းငယ္ေလာက္ ေနာက္က်သြားခဲ့ပါတယ္။ သားျဖစ္သူ ေသဆုံးသြားပါတယ္။ အခင္းျဖစ္စဥ္ကို ျပန္လည္ေဖာ္ျပရရင္-

ေသဆုံးသူမွာ အသက္(၂၃)ႏွစ္အရြယ္ သားျဖစ္သူ Mohammad Husaini နဲ႔ ညီျဖစ္သူတုိ႔ဟာ အားလပ္ရက္မွာ Pasir Panjang, Pulau Betong မွာ ငါးမွ်ားထြက္ခဲ့ၾကေၾကာင္း၊ Husaini မွာ ကမ္းပါးကေန ေျခေခ်ာ္က်ၿပီး ေက်ာက္ဆာင္နဲ႔လည္း ေခါင္းကို ေစာင့္မိခဲ့သလုိ၊ ေရနစ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

လင္းေဇာ္ကို D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မလေးရှားနိုင်ငံက အရေးပေါ်သူနာပြုယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက်(၅၀)အရွယ် Mazlan Mohammad အမည်ရအမျိုးသားဟာ မိသားစု ဘေးဒုက္ခကြုံနေချိန်မှာ တစ်ခြားသူတွေရဲ့ ဒုက္ခတွေကို ကယ်တင်ဖို့ ကြိုးစားနေခဲ့ရလို့ လစ်ဟာမှုတွေ ရှိခဲ့ပါတယ်။

WorldOfBuzz သတင်းရဲ့ ဖော်ပြချက်အရ သူဟာ Balik Pulau Hospital မှ အရေးပေါ်သူနာပြုယာဉ်မောင်းတစ်ဦးဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အချိန်ပြည့် Duty ထမ်းဆောင်ခဲ့ရပြီး၊ အလုပ်တွေ ပင်ပန်းနေချိန်မှာ ဇနီးထံကနေ ဖုန်းရခဲ့ကြောင်း၊

လူနာတင်ကား အမြန်လာဖို့ ခေါ်ခဲ့လို့၊ Mazlan နဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ အခင်းဖြစ်ရာနေရာကို အမြန်ရောက်အောင် သွားခဲ့ပါတယ်။ Mazlan ရဲ့သားဖြစ်သူ ရေနစ်ခဲ့တာဖြစ်ပြီး၊ သူတို့ရောက်ရှိချိန်မှာ သားဖြစ်သူက သတိလစ်နေပါပြီ။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဖခင်ဖြစ်သူ Mazlan ကိုယ်တိုင် နည်းအမျိုးမျိုးနဲ့ သားဖြစ်သူ အသက်ပြန်ရှူအောင် ကြိုးစားခဲ့ကြသော်လည်း မိနစ်အနည်းငယ်လောက် နောက်ကျသွားခဲ့ပါတယ်။ သားဖြစ်သူ သေဆုံးသွားပါတယ်။ အခင်းဖြစ်စဉ်ကို ပြန်လည်ဖော်ပြရရင်-

သေဆုံးသူမှာ အသက်(၂၃)နှစ်အရွယ် သားဖြစ်သူ Mohammad Husaini နဲ့ ညီဖြစ်သူတို့ဟာ အားလပ်ရက်မှာ Pasir Panjang, Pulau Betong မှာ ငါးမျှားထွက်ခဲ့ကြကြောင်း၊ Husaini မှာ ကမ်းပါးကနေ ခြေချော်ကျပြီး ကျောက်ဆာင်နဲ့လည်း ခေါင်းကို စောင့်မိခဲ့သလို၊ ရေနစ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လင်းဇော်ကို D Nae Khit Media