လုိင္းေပၚကသိတဲ့ (၁၂)ႏွစ္ကေလးမေလးကို “ခ်စ္တယ္”ေျပာၿပီး၊ သားမယားအျဖစ္ ျပဳက်င့္ခဲ့သူ

118

အသက္(၁၇)နွစ္အရြယ္ ေကာင္ေလးတစ္ေယာက္ဟာ အသက္(၁၂)ႏွစ္သာရွိေသးတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ WeChat ေပၚမွာ ရင္းနီးၿပီးေနာက္ သူမနဲ႔ေတြ႕ႏုိင္ဖုိ႔ ႀကံစည္ပါေတာ့တယ္။ ေနာက္ဆုံးေတာ့ ေကာင္မေလးကလည္း ေကာင္ေလးရဲ႕အိမ္အထိလုိက္ေတြ႕ဖုိ႔ သေဘာတူခဲ့ပါသတဲ့။

ဒီအေၾကာင္းကုိ WorldOfBuzz သတင္းမွာ ေဖာ္ျပထားတာပါ။ ေကာင္ေလးက ကေလးမေလးကို သူရဲ႕အိမ္မွာ စိတ္ႀကိဳက္ ျခယ္လွယ္ခဲ့ပါတယ္။ သူက ကေလးမေလးကို ခ်စ္စကားႀကိဳက္စကား ေျပာၿပီး၊ ကာမလိမ္လည္ ရယူခဲ့တာလုိ႔ သိရပါတယ္။

ဒီအျဖစ္အပ်က္ဟာ မေလးရွားႏုိင္ငံ၊ မီရီၿမိဳ႕မွာ ျဖစ္ခဲ့တာပါ။ သတင္းမွာ ေဖာ္ျပခ်က္အရ သူတုိ႔ႏွစ္ေယာက္ဟာ သိတာ တစ္လေလာက္ပဲ ရွိေသးၿပီး၊ ၿပီးခဲ့တဲ့ စက္တင္ဘာ(၆)ရက္မွာ ေကာင္ေလးက ကေလးမေလးကို ျဖားေယာင္းၿပီး အိမ္ကို ရေအာင္ေခၚသြားပါတယ္။

မိဘေတြ အိမ္မွာမရွိခုိက္ကို အခြင့္ေကာင္းယူကာ ကေလးမေလးကို ရေအာင္ေခၚခဲ့တာျဖစ္ၿပီး၊ လင္လုိမယားလုိ ေနၿပီး၊ ကေလးမေလးကုိ အိမ္ျပန္ပုိ႔ေပးခဲ့ပါတယ္။ ဒီကိစၥကုိ ကေလးမေလးရဲ႕မိဘေတြက သိေတာ့ အလြန္ေဒါသထြက္သြားၿပီး၊ ရဲကုိတုိင္တာေတြ ဘာေတြလုပ္ပါေတာ့တယ္။

ေလာေလာဆယ္ေတာ့ ေကာင္ေလးကို ရဲက မုဒိမ္းမႈနဲ႔အမႈဖြင့္လွစ္ထားၿပီး၊ ေထာင္ဒဏ္ႏွစ္(၂၀)အထိ ခ်မွတ္ခံရႏုိင္ေၾကာင္း သိရပါတယ္။ ေကာင္ေလးရဲ႕မိသားစုေတြဘက္ကေတာ့ ျပစ္ဒဏ္နဲ႔မမွ်ဘူးဆုိၿပီး ေဝဖန္ေနေပမယ့္၊ တစ္ဖက္မွာေတာ့ အမႈသက္သာရာ ရေရး ႀကိဳးပမ္းေနပါတယ္။

ေနသူရိန္ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၁၇)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အသက်(၁၂)နှစ်သာရှိသေးတဲ့ ကောင်မလေးတစ်ယောက်နဲ့ WeChat ပေါ်မှာ ရင်းနီးပြီးနောက် သူမနဲ့တွေ့နိုင်ဖို့ ကြံစည်ပါတော့တယ်။ နောက်ဆုံးတော့ ကောင်မလေးကလည်း ကောင်လေးရဲ့အိမ်အထိလိုက်တွေ့ဖို့ သဘောတူခဲ့ပါသတဲ့။

ဒီအကြောင်းကို WorldOfBuzz သတင်းမှာ ဖော်ပြထားတာပါ။ ကောင်လေးက ကလေးမလေးကို သူရဲ့အိမ်မှာ စိတ်ကြိုက် ခြယ်လှယ်ခဲ့ပါတယ်။ သူက ကလေးမလေးကို ချစ်စကားကြိုက်စကား ပြောပြီး၊ ကာမလိမ်လည် ရယူခဲ့တာလို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ၊ မီရီမြို့မှာ ဖြစ်ခဲ့တာပါ။ သတင်းမှာ ဖော်ပြချက်အရ သူတို့နှစ်ယောက်ဟာ သိတာ တစ်လလောက်ပဲ ရှိသေးပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာ(၆)ရက်မှာ ကောင်လေးက ကလေးမလေးကို ဖြားယောင်းပြီး အိမ်ကို ရအောင်ခေါ်သွားပါတယ်။

မိဘတွေ အိမ်မှာမရှိခိုက်ကို အခွင့်ကောင်းယူကာ ကလေးမလေးကို ရအောင်ခေါ်ခဲ့တာဖြစ်ပြီး၊ လင်လိုမယားလို နေပြီး၊ ကလေးမလေးကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ ဒီကိစ္စကို ကလေးမလေးရဲ့မိဘတွေက သိတော့ အလွန်ဒေါသထွက်သွားပြီး၊ ရဲကိုတိုင်တာတွေ ဘာတွေလုပ်ပါတော့တယ်။

လောလောဆယ်တော့ ကောင်လေးကို ရဲက မုဒိမ်းမှုနဲ့အမှုဖွင့်လှစ်ထားပြီး၊ ထောင်ဒဏ်နှစ်(၂၀)အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။ ကောင်လေးရဲ့မိသားစုတွေဘက်ကတော့ ပြစ်ဒဏ်နဲ့မမျှဘူးဆိုပြီး ဝေဖန်နေပေမယ့်၊ တစ်ဖက်မှာတော့ အမှုသက်သာရာ ရရေး ကြိုးပမ်းနေပါတယ်။

နေသူရိန် D Nae Khit Media