မိခင္ျဖစ္သူႏွင့္ ရန္ျဖစ္ခဲ့သည့္ ဖခင္ကုိ သားက တုတ္ျဖင့္ ရုိက္၍ ေသဆုံး

72

ကခ်င္ျပည္နယ္ မုိးေကာင္းၿမိဳ႕နယ္ ၿမိဳ႕ဦးရပ္ကြက္တြင္ အိမ္ရွိ ဓါတ္ဗူးကုိ ေရာင္းခ်မႈေၾကာင့္ မိခင္ျဖစ္သူႏွင့္ စကားမ်ားရန္ျဖစ္ခဲ့သည့္ ဖခင္ကုိ သားျဖစ္သူက တုတ္ျဖင့္ ရုိက္ႏွက္လိုက္ရာမွ ေသဆုံးသြားခဲ့ေၾကာင္း မုိးေကာင္းၿမိဳ႕မရဲစခန္းမွ သိရသည္။

ေသဆံုးသူ ဦးေဇာ္လင္းထြန္း (၃၉) ႏွစ္သည္ ေနအိမ္ရွိ ဓါတ္ဗူးကုိ ေရာင္းခ်ခဲ့သည့္အတြက္ ၄င္း၏ဇနီးျဖစ္သူေဒၚစိမ္းစိမ္းေအး (၃၆) ႏွစ္ႏွင့္ စကား ရန္ျဖစ္ၿပီးေနာက္ တစ္ေယာက္တစ္ေနရာစီ ခဲြအိပ္ေနစဥ္ အိပ္ေပ်ာ္ေနသည့္ ဖခင္၏ ဦးေခါင္းကုိ သားျဖစ္သူ ကိုေဇာ္ဟိန္း (၁၆ ႏွစ္) က အိမ္ရွိ အ၀တ္ေလွ်ာ္တုတ္ျဖင့္ ရုိက္ႏွက္ခဲ့ရာမွ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္း၏ စစ္ေဆးခ်က္မ်ားအရ သိရသည္။

“သူ႕ေယာကၤ်ားက လမ္းမွာ လဲေနတာေတြ႔လို႔ လူႏွစ္ေယာက္က လာပုိတာဆုိၿပီး လိမ္လည္တုိင္တန္တာပါ။ အခုေတာ့ ႏွစ္ေယာက္လုံး ဖမ္းထားပါတယ္” ဟု မုိးေကာင္းၿမိဳ႕မရဲစခန္း မွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဦးေဇာ္လင္းထြန္း၏ အခန္းတြင္း ဦးေခါင္းဒဏ္ရာျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရွိရၿပီးေနာ္ သားျဖစ္သူထံ အျပစ္မခံရေစရန္ ၾကမ္းျပင္ေပၚေပေနသည့္ ေသြးမ်ားကို သန္႔ရွင္းမႈမ်ား ျပဳလုပ္ခဲ့ၿပီး ဒဏ္ရာကိုလည္း ေရျဖင့္ေဆးေၾကာကာ ရဲစခန္းသို႔ လိမ္လည္တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္း၏ စစ္ေဆးမႈမွတ္တမ္းမ်ားအရ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မိခင္ျဖစ္သူႏွင့္ သားျဖစ္သူကုိ မုိးေကာင္းၿမိဳ႕မရဲစခန္းတြင္ (ပ)အမွတ္ ၉၈/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ – ၃၀၂/၁၁၄/၂၀၁ ျဖင့္ အမႈဖြင့္အေရးယူႏုိင္ေရး ေဆာင္ရြက္လ်က္ရွိသည္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ The Voice ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြို့ဦးရပ်ကွက်တွင် အိမ်ရှိ ဓါတ်ဗူးကို ရောင်းချမှုကြောင့် မိခင်ဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့သည့် ဖခင်ကို သားဖြစ်သူက တုတ်ဖြင့် ရိုက်နှက်လိုက်ရာမှ သေဆုံးသွားခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူ ဦးဇော်လင်းထွန်း (၃၉) နှစ်သည် နေအိမ်ရှိ ဓါတ်ဗူးကို ရောင်းချခဲ့သည့်အတွက် ၄င်း၏ဇနီးဖြစ်သူဒေါ်စိမ်းစိမ်းအေး (၃၆) နှစ်နှင့် စကား ရန်ဖြစ်ပြီးနောက် တစ်ယောက်တစ်နေရာစီ ခွဲအိပ်နေစဉ် အိပ်ပျော်နေသည့် ဖခင်၏ ဦးခေါင်းကို သားဖြစ်သူ ကိုဇော်ဟိန်း (၁၆ နှစ်) က အိမ်ရှိ အဝတ်လျှော်တုတ်ဖြင့် ရိုက်နှက်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ စစ်ဆေးချက်များအရ သိရသည်။

“သူ့ယောင်္ကျားက လမ်းမှာ လဲနေတာတွေ့လို့ လူနှစ်ယောက်က လာပိုတာဆိုပြီး လိမ်လည်တိုင်တန်တာပါ။ အခုတော့ နှစ်ယောက်လုံး ဖမ်းထားပါတယ်” ဟု မိုးကောင်းမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးဇော်လင်းထွန်း၏ အခန်းတွင်း ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီးနော် သားဖြစ်သူထံ အပြစ်မခံရစေရန် ကြမ်းပြင်ပေါ်ပေနေသည့် သွေးများကို သန့်ရှင်းမှုများ ပြုလုပ်ခဲ့ပြီး ဒဏ်ရာကိုလည်း ရေဖြင့်ဆေးကြောကာ ရဲစခန်းသို့ လိမ်လည်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ စစ်ဆေးမှုမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူနှင့် သားဖြစ်သူကို မိုးကောင်းမြို့မရဲစခန်းတွင် (ပ)အမှတ် ၉၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ – ၃၀၂/၁၁၄/၂၀၁ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

[ ယခုသတင်းကို မိတ်ဖက်မီဒီယာ The Voice ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]