မရီရီစိုးက်ည္ထိမွန္ေသဆုံးမႈ ျပစ္မႈတစုံတရာ မၿငိစြန္းသျဖင့္ ႐ြာသား ၂ ဦးကို ျပန္လႊတ္

80

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူးေက်း႐ြာမွာ မရီရီစိုးေသနတ္က်ည္ ထိမွန္ေသဆုံးမႈနဲ႔ပတ္သက္ၿပီး တပ္မေတာ္က တရားစြဲဆိုထားတဲ့ ေက်း႐ြာသား ၂ ဦးကို ျပစ္မႈတစုံတရာမၿငိစြန္းတဲ့အတြက္ ဒီကေန႔ ျပန္လႊတ္လိုက္ပါတယ္။

ဒီအမႈမွာ တရားလိုတဦးျဖစ္တဲ့ နယ္ျခားေစာ့င္တပ္က ဒုရဲအုပ္ ေအာင္ေက်ာ္စိုးမိုးအပါအဝင္ လိုျပသက္ေသ ၁၀ ဦးကို စစ္ေဆးၿပီးတဲ့ေနာက္မွာ ျပစ္မႈနဲ႔တစုံတရာညႇိစြန္းခ်က္မရွိဘဲ မင္းဖူးေက်း႐ြာသားႏွစ္ဦးျဖစ္ၾကတဲ့ ဦးေမာင္သန္းေဖနဲ႔ ဦးေဝစိုးထြန္းတို႔ႏွစ္ေယာက္ကို စြဲခ်က္မတင္ဘဲ စစ္ေတြခ႐ိုင္ တရား႐ုံးကလႊတ္ေပးလိုက္တာပါ။

တရားလႊတ္ေတာ္ေရွ႕ေနေဒၚေအးႏုစိန္က “စြဲခ်က္တင္ဖို႔ျပစ္မႈနဲ႔ မၿငိစြန္းတဲ့အတြက္ သူတို႔ ၂ ေယာက္ကို လႊတ္လိုက္တယ္။ ျပစ္မႈနဲ႔မၿငိစြန္းလို႔ စြဲခ်က္မတင္မီ လႊတ္လိုက္တာေပါ့ေနာ္” လို႔ ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူး႐ြာမွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၀ ရက္က မရီရီစိုး က်ည္ထိမွန္ေသဆုံးမႈနဲ႔ ပတ္သက္လို႔ မင္းဖူး႐ြာသား ဦးေမာင္သန္းေဖနဲ႔ ဦးေဝစိုးထြန္းတို႔ ေဖာက္ခဲ့တဲ့ဗုံးစ ထိမွန္ေသဆုံးခဲ့တယ္လို႔ဆိုကာ ေပါက္ကြဲအက္ ဥပေဒပုဒ္မ ၃ အရတရားစြဲဆိုၿပီး စစ္ေဆးခဲ့တာပါ။

မင္းဖူးေက်း႐ြာျဖစ္စဥ္မွာ ေက်း႐ြာအျပင္ဘက္ ဗုံးႏွစ္လုံးေပါက္ကြဲၿပီးေနာက္ တပ္မေတာ္ဘက္က ႐ြာထဲဝင္လာၿပီး ေက်း႐ြာအတြင္းမွာ ပစ္ခတ္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ မရီရီစိုးဟာ ေသနတ္က်ည္ထိမွန္ ေသဆုံးခဲ့တာလို႔ ေက်း႐ြာသားေတြက ေျပာဆိုၾကေပမယ့္ တပ္မေတာ္ဘက္ကေတာ့ မရီရီစိုးေသဆုံးမႈဟာ ေက်း႐ြာအတြင္းက ေအေအဘက္ကေန ေသနတ္နဲ႔ပစ္ခတ္တာေၾကာင့္ ေသဆုံးတာလို႔ သတင္းထုတ္ျပန္ပါတယ္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ DVB TV News ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှာ မရီရီစိုးသေနတ်ကျည် ထိမှန်သေဆုံးမှုနဲ့ပတ်သက်ပြီး တပ်မတော်က တရားစွဲဆိုထားတဲ့ ကျေးရွာသား ၂ ဦးကို ပြစ်မှုတစုံတရာမငြိစွန်းတဲ့အတွက် ဒီကနေ့ ပြန်လွှတ်လိုက်ပါတယ်။

ဒီအမှုမှာ တရားလိုတဦးဖြစ်တဲ့ နယ်ခြားစော့င်တပ်က ဒုရဲအုပ် အောင်ကျော်စိုးမိုးအပါအဝင် လိုပြသက်သေ ၁၀ ဦးကို စစ်ဆေးပြီးတဲ့နောက်မှာ ပြစ်မှုနဲ့တစုံတရာညှိစွန်းချက်မရှိဘဲ မင်းဖူးကျေးရွာသားနှစ်ဦးဖြစ်ကြတဲ့ ဦးမောင်သန်းဖေနဲ့ ဦးဝေစိုးထွန်းတို့နှစ်ယောက်ကို စွဲချက်မတင်ဘဲ စစ်တွေခရိုင် တရားရုံးကလွှတ်ပေးလိုက်တာပါ။

တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်က “စွဲချက်တင်ဖို့ပြစ်မှုနဲ့ မငြိစွန်းတဲ့အတွက် သူတို့ ၂ ယောက်ကို လွှတ်လိုက်တယ်။ ပြစ်မှုနဲ့မငြိစွန်းလို့ စွဲချက်မတင်မီ လွှတ်လိုက်တာပေါ့နော်” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် မင်းဖူးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က မရီရီစိုး ကျည်ထိမှန်သေဆုံးမှုနဲ့ ပတ်သက်လို့ မင်းဖူးရွာသား ဦးမောင်သန်းဖေနဲ့ ဦးဝေစိုးထွန်းတို့ ဖောက်ခဲ့တဲ့ဗုံးစ ထိမှန်သေဆုံးခဲ့တယ်လို့ဆိုကာ ပေါက်ကွဲအက် ဥပဒေပုဒ်မ ၃ အရတရားစွဲဆိုပြီး စစ်ဆေးခဲ့တာပါ။

မင်းဖူးကျေးရွာဖြစ်စဉ်မှာ ကျေးရွာအပြင်ဘက် ဗုံးနှစ်လုံးပေါက်ကွဲပြီးနောက် တပ်မတော်ဘက်က ရွာထဲဝင်လာပြီး ကျေးရွာအတွင်းမှာ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် မရီရီစိုးဟာ သေနတ်ကျည်ထိမှန် သေဆုံးခဲ့တာလို့ ကျေးရွာသားတွေက ပြောဆိုကြပေမယ့် တပ်မတော်ဘက်ကတော့ မရီရီစိုးသေဆုံးမှုဟာ ကျေးရွာအတွင်းက အေအေဘက်ကနေ သေနတ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးတာလို့ သတင်းထုတ်ပြန်ပါတယ်။

[ ယခုသတင်းကို မိတ်ဖက်မီဒီယာ DVB TV News ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]