ဘာသာေရးအေၾကာင္းျပဳ၍ မလိုလားသည့္ဆြဲေဆာင္မႈမ်ားမရွိရန္ တပ္ခ်ဳပ္ေျပာၾကား

51

လြတ္လပ္စြာ ကိုးကြယ္ပိုင္ခြင့္ရွိေသာ္လည္း ဘာသာေရးကိုအေၾကာင္းျပဳ၍ မလိုလားအပ္သည့္ ဆြဲေဆာင္မႈမ်ား မရွိရန္လိုေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္က ေျပာၾကားသည္။

မႏၲေလးၿမိဳ႕ ခ်မ္ေအးသာစံၿမိဳ႕နယ္ ဂၽြန္းဗလီအေျခခံဘာသာေရးစာသင္ေက်ာင္းတြင္ ယေန႔ (စက္တင္ဘာလ ၁၁ ရက္) နံနက္ပုိင္းကျပဳလုပ္ေသာ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက ယင္းေက်ာင္းသို႔လွဴဒါန္းပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထည့္သြင္းေျပာၾကားျခင္းျဖစ္သည္။

“အခုလို သမိုင္းအစဥ္အလာႀကီးတဲ့ဗလီမွာ တပ္မေတာ္မိသားစုက လွဴႏိုင္ျခင္းအတြက္ ဝမ္းသာပါတယ္။ လက္ခံေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”ဟု ၎ကဆက္လက္ေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႀကီး၏ ဆံုးမဩဝါဒကိုလည္း နာခံရန္ရွိပါေၾကာင္း၊ ယခုကဲ့သို႔ လွဴဒါန္းသည့္အတြက္ အလြန္ဝမ္းသာရပါေၾကာင္း၊ ဖြင့္ခြင့္မရေသးသည့္ ဗလီေက်ာင္းမ်ားကိုလည္း ေဆာင္႐ြက္ေပးႏိုင္ရန္ ဗိုလ္ခ်ဳပ္မွဴးႀကီးထံ မိမိအေနျဖင့္တင္ျပပါေၾကာင္း ဂၽြန္းဗလီတာဝန္ရွိသူတစ္ဦးက ေျပာဆိုသည္။

ယင္းလွဴဒါန္းမႈတြင္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားက ေငြက်ပ္သိန္း ၃၀ ႏွင့္ ဆန္၊ ဆီ၊ ဆား၊ ပဲတို႔ကိုလည္းေကာင္း၊ မႏၲေလးၿမိဳ႕မွ ေအာင္ျမင္သူကုမၸဏီႏွင့္ ကုမၸဏီႏွစ္ခုကလည္း ေငြႏွင့္ဆန္အိတ္မ်ား လွဴဒါန္းခဲ့သည္။

အဆိုပါဂၽြန္းဗလီမွာ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၈၁ လမ္းႏွင့္ ၈၂ လမ္းၾကား၊ ၂၇ လမ္းႏွင့္ ၂၈ လမ္းၾကားတြင္ တည္ရွိသည္။တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ စက္တင္ဘာလ ၁၁ ရက္ေန႔ နံနက္ပိုင္းက မႏၲေလးၿမိဳ႕ မစိုးရိမ္တိုက္ေဟာင္းတြင္လည္း ဆြမ္းဆက္ကပ္လွဴဒါန္းမႈ ျပဳလုပ္ခဲ့သည္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ The Voice ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသော်လည်း ဘာသာရေးကိုအကြောင်းပြု၍ မလိုလားအပ်သည့် ဆွဲဆောင်မှုများ မရှိရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မန္တလေးမြို့ ချမ်အေးသာစံမြို့နယ် ဂျွန်းဗလီအခြေခံဘာသာရေးစာသင်ကျောင်းတွင် ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နံနက်ပိုင်းကပြုလုပ်သော တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ယင်းကျောင်းသို့လှူဒါန်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“အခုလို သမိုင်းအစဉ်အလာကြီးတဲ့ဗလီမှာ တပ်မတော်မိသားစုက လှူနိုင်ခြင်းအတွက် ဝမ်းသာပါတယ်။ လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး၏ ဆုံးမဩဝါဒကိုလည်း နာခံရန်ရှိပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းသည့်အတွက် အလွန်ဝမ်းသာရပါကြောင်း၊ ဖွင့်ခွင့်မရသေးသည့် ဗလီကျောင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ရန် ဗိုလ်ချုပ်မှူးကြီးထံ မိမိအနေဖြင့်တင်ပြပါကြောင်း ဂျွန်းဗလီတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းလှူဒါန်းမှုတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက ငွေကျပ်သိန်း ၃၀ နှင့် ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကိုလည်းကောင်း၊ မန္တလေးမြို့မှ အောင်မြင်သူကုမ္ပဏီနှင့် ကုမ္ပဏီနှစ်ခုကလည်း ငွေနှင့်ဆန်အိတ်များ လှူဒါန်းခဲ့သည်။

အဆိုပါဂျွန်းဗလီမှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားတွင် တည်ရှိသည်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်းတွင်လည်း ဆွမ်းဆက်ကပ်လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

[ ယခုသတင်းကို မိတ်ဖက်မီဒီယာ The Voice ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]