ဒုံးက်ည္လက္နက္စမ္းသပ္မႈ ကင္ဂ်ဳံအန္းေစာင့္ၾကည့္သည့္ ႐ုပ္ပုံမ်ား ထုတ္ျပန္

50

ေျမာက္ကိုရီးယားႏိုင္ငံမွာ စက္တင္ဘာ ၁၀ ရက္ေန႔က လက္နက္စမ္းသပ္မႈကို ေခါင္းေဆာင္ကင္ဂ်ဳံအန္း ကိုယ္တိုင္ ေစာင့္ၾကည့္ေနတဲ့ ႐ုပ္ပုံေတြကို ေျမာက္ကိုရီးယား ႏိုင္ငံပိုင္႐ုပ္သံ သတင္းဌာန KRT က စက္တင္ဘာ ၁၁ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။

ကင္ဂ်ဳံအန္းဟာ အင္မတန္ႀကီးမားတဲ့ ဘက္စုံသုံး ဒုံးက်ည္ပစ္ ေလာင္ခ်ာ စမ္းသပ္ပစ္လႊတ္တာကို ႀကီးၾကပ္ေနတာလို႔ KRT သတင္းဌာနက ေျပာပါတယ္။စက္တင္ဘာ ၁၀ ရက္မွာ ေျမာက္ကိုရီးယားက တာတိုပစ္ဒုံးက်ည္ႏွစ္စင္းကို ပစ္လႊတ္စမ္းသပ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား အရာရွိေတြကလည္း ေျပာခဲ့ပါတယ္။

ေျမာက္ကိုရီးယားအေနနဲ႔ အေမရိကန္နဲ႔ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲေတြ ျပန္စဖို႔ ဆႏၵရွိတယ္လို႔ ေျမာက္ကိုရီးယား ဒုႏိုင္ငံျခားေရးဝန္ႀကီး ခြၽဲဆန္းေဟြက ေၾကညာၿပီး နာရီအပိုင္းအၾကာမွာပဲ အခုလို ဒုံးက်ည္ ပစ္ခတ္စမ္းသပ္ခဲ့တာပါ။

စမ္းသပ္ခဲ့တဲ့ ဘက္စုံသုံး ေလာင္ခ်ာဟာ တိုက္ခိုက္ေရး စစ္ဆင္ေရးေတြမွာ စြမ္းေဆာင္ႏိုင္တယ္ဆိုတာ အတည္ျပဳခဲ့ၿပီး ဒီထက္ျမန္ျမန္ဆန္ဆန္ ပစ္ခတ္ႏိုင္ေအာင္ စမ္းသပ္ဖို႔ က်န္ေသးတယ္လို႔ ကင္ဂ်ဳံအန္းက ေျပာေၾကာင္း KRT က ေဖာ္ျပပါတယ္။

ေျမာက္ကိုရီးယားရဲ႕ လက္နက္စမ္းသပ္မႈေတြဟာ နည္းပညာ တီထြင္စမ္းသပ္တာနဲ႔ ကာကြယ္ေရး အာမခံခ်က္ စတဲ့ရည္႐ြယ္ခ်က္ေတြေၾကာင့္ ျဖစ္တယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။ဒါေပမယ့္ စက္တင္ဘာ ၁၀ ရက္ေန႔ စမ္းသပ္မႈကေတာ့ အေမရိကန္အေနနဲ႔ ေျမာက္ကိုရီးယားနဲ႔ ေဆြးေႏြးပြဲမလုပ္ရင္ ဘယ္လိုအေျခအေန ျဖစ္သြားႏိုင္တယ္ဆိုတာကို အသိေပးတဲ့လုပ္ရပ္ ျဖစ္ပုံရတယ္လို႔ ေလ့လာသူေတြက ေျပာပါတယ္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ DVB TV News ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

မြောက်ကိုရီးယားနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်နေ့က လက်နက်စမ်းသပ်မှုကို ခေါင်းဆောင်ကင်ဂျုံအန်း ကိုယ်တိုင် စောင့်ကြည့်နေတဲ့ ရုပ်ပုံတွေကို မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်သံ သတင်းဌာန KRT က စက်တင်ဘာ ၁၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်းဟာ အင်မတန်ကြီးမားတဲ့ ဘက်စုံသုံး ဒုံးကျည်ပစ် လောင်ချာ စမ်းသပ်ပစ်လွှတ်တာကို ကြီးကြပ်နေတာလို့ KRT သတင်းဌာနက ပြောပါတယ်။စက်တင်ဘာ ၁၀ ရက်မှာ မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့တယ်လို့ တောင်ကိုရီးယား အရာရှိတွေကလည်း ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ နျူကလီးယားဆိုင်ရာဆွေးနွေးပွဲတွေ ပြန်စဖို့ ဆန္ဒရှိတယ်လို့ မြောက်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချွဲဆန်းဟွေက ကြေညာပြီး နာရီအပိုင်းအကြာမှာပဲ အခုလို ဒုံးကျည် ပစ်ခတ်စမ်းသပ်ခဲ့တာပါ။

စမ်းသပ်ခဲ့တဲ့ ဘက်စုံသုံး လောင်ချာဟာ တိုက်ခိုက်ရေး စစ်ဆင်ရေးတွေမှာ စွမ်းဆောင်နိုင်တယ်ဆိုတာ အတည်ပြုခဲ့ပြီး ဒီထက်မြန်မြန်ဆန်ဆန် ပစ်ခတ်နိုင်အောင် စမ်းသပ်ဖို့ ကျန်သေးတယ်လို့ ကင်ဂျုံအန်းက ပြောကြောင်း KRT က ဖော်ပြပါတယ်။

မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသပ်မှုတွေဟာ နည်းပညာ တီထွင်စမ်းသပ်တာနဲ့ ကာကွယ်ရေး အာမခံချက် စတဲ့ရည်ရွယ်ချက်တွေကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ဒါပေမယ့် စက်တင်ဘာ ၁၀ ရက်နေ့ စမ်းသပ်မှုကတော့ အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲမလုပ်ရင် ဘယ်လိုအခြေအနေ ဖြစ်သွားနိုင်တယ်ဆိုတာကို အသိပေးတဲ့လုပ်ရပ် ဖြစ်ပုံရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

[ ယခုသတင်းကို မိတ်ဖက်မီဒီယာ DVB TV News ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]