အခ်စ္ဆုိတာ ဘယ္ေတာ့မွ မအုိမင္းေၾကာင္း၊ သက္ေသျပေနတဲ့ ဓာတ္ပုံေလးရဲ႕ေနာက္ကြယ္

217

မၾကာေသးခင္က လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဓာတ္ပုံတစ္ပုံမွာ သက္ႀကီးစုံတြဲတစ္တြဲရဲ႕ ၾကင္နာဖြယ္ရာ အျပဳအမူကို ေတြ႕ရပါတယ္။ ဒီဓာတ္ပုံေတြဟာ လူမႈကြန္ရက္သာမက ကမာၻ႕နယ္ပယ္အသီးသီးက လူၾကည့့္မ်ားတဲ့သတင္းဝက္ဘ္ေတြေပၚအထိ ပ်ံ႕ႏွံ႔ခဲ့တယ္လုိ႔ RachFeed က ေဖာ္ျပထားပါတယ္။

ဒီဓာတ္ပုံေလးကို ၾကည့္ခ်င္းအားျဖင့္ အဖုိးအုိစုံတြဲဟာ တစ္ေယာက္အေပၚတစ္ေယာက္ ဘယ္လုိဆက္ဆံတယ္၊ ဘယ္လုိၾကင္နာ ယုယၾကတယ္ဆုိတာကို ေတြးၾကည့္လုိ႔ရပါတယ္။ အဖုိးဟာ အစာစားေနတဲ့ ဇနီးကို ဓာတ္ပုံ႐ုိက္ယူေနတာပါ။ ကုိယ့္ဇနီးကုိ ဓာတ္ပုံ႐ုိက္တာဟာ-

သိပ္ထူးဆန္းတဲ့ အေလ့အထမဟုတ္ေသာ္လည္း၊ ဒီဓာတ္ပုံေလးမွာ သင္တုိ႔ ေပ်ာက္ရွေနတဲ့ ခ်စ္ျခင္းေမတၱာကို ေတြ႕ရမွာပါ။ ခ်စ္ျခင္းေမတၱာဆုိတာ ဘယ္ေတာ့မွ မအုိဘူးဆုိတာ အမ်ားျမင္သာေစပါတယ္။ ဒီဓာတ္ပုံကိုတင္ထားတဲ့ Facebook Page မွာေတာ့-

” ျပည့္စုံလုံေလာက္တဲ့ အခ်စ္ေရးဆုိတာကို ကၽြန္ေတာ္မလုိအပ္ပါဘူး … ကၽြန္ေတာ့္ကို ေသတပန္သက္တဆုံး မစြန္႔လႊတ္တဲ့ လက္တြဲေဖာ္မ်ိဳးကိုသာ အလုိရွိပါတယ္ “လုိ႔ ေရးသားထားပါတယ္။ ဒါေပမယ့္ တကယ္တမ္းေတာ့ အခ်စ္မရွိဘဲနဲ႔ လူတစ္ေယာက္ရဲ႕အနားကို လူတစ္ေယာက္က မကပ္ႏုိင္ပါဘူး။

ေနသူရိန္

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မကြာသေးခင်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတစ်ပုံမှာ သက်ကြီးစုံတွဲတစ်တွဲရဲ့ ကြင်နာဖွယ်ရာ အပြုအမူကို တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေဟာ လူမှုကွန်ရက်သာမက ကမ္ဘာ့နယ်ပယ်အသီးသီးက လူကြည့့်များတဲ့သတင်းဝက်ဘ်တွေပေါ်အထိ ပျံ့နှံ့ခဲ့တယ်လို့ RachFeed က ဖော်ပြထားပါတယ်။

ဒီဓာတ်ပုံလေးကို ကြည့်ချင်းအားဖြင့် အဖိုးအိုစုံတွဲဟာ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လိုဆက်ဆံတယ်၊ ဘယ်လိုကြင်နာ ယုယကြတယ်ဆိုတာကို တွေးကြည့်လို့ရပါတယ်။ အဖိုးဟာ အစာစားနေတဲ့ ဇနီးကို ဓာတ်ပုံရိုက်ယူနေတာပါ။ ကိုယ့်ဇနီးကို ဓာတ်ပုံရိုက်တာဟာ-

သိပ်ထူးဆန်းတဲ့ အလေ့အထမဟုတ်သော်လည်း၊ ဒီဓာတ်ပုံလေးမှာ သင်တို့ ပျောက်ရှနေတဲ့ ချစ်ခြင်းမေတ္တာကို တွေ့ရမှာပါ။ ချစ်ခြင်းမေတ္တာဆိုတာ ဘယ်တော့မှ မအိုဘူးဆိုတာ အများမြင်သာစေပါတယ်။ ဒီဓာတ်ပုံကိုတင်ထားတဲ့ Facebook Page မှာတော့-

” ပြည့်စုံလုံလောက်တဲ့ အချစ်ရေးဆိုတာကို ကျွန်တော်မလိုအပ်ပါဘူး … ကျွန်တော့်ကို သေတပန်သက်တဆုံး မစွန့်လွှတ်တဲ့ လက်တွဲဖော်မျိုးကိုသာ အလိုရှိပါတယ် “လို့ ရေးသားထားပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ အချစ်မရှိဘဲနဲ့ လူတစ်ယောက်ရဲ့အနားကို လူတစ်ယောက်က မကပ်နိုင်ပါဘူး။

နေသူရိန်