လိပ္ကၽြန္းလူသတ္မႈ ေနာက္ဆုံးအယူခံ ပယ္ခ်ခံရ ထိုင္းဘုရင္ထံ အသနားခံစာတင္ေပးရန္ အစိုးရကို ေတာင္းဆို

181

ရန္ကုန္၊ ၾသဂုတ္ ၂၉ ရက္

ထိုင္းႏိုင္ငံေတာင္ပိုင္းလိပ္ကၽြန္းလူသတ္မႈတြင္ ေသဒဏ္အမိန္႔ခ်မွတ္ခံထားရေသာ ဝင္ေဇာ္ထြန္းႏွင့္ေဇာ္လင္းတို႔၏ ေနာက္ဆုံးအယူခံကို တရားရံုးက ပယ္ခ်ခံၿပီး ေသဒဏ္ကို ထပ္မံအတည္ျပဳခဲ့သျဖင့္ အစိုးရအေနျဖင့္ ရက္ေပါင္း ၆၀ အတြင္း ထိုင္းဘုရင္ထံ အသနားခံစာ တင္းေပးေစလိုေၾကာင္း ႏြန္ထဘူရီခ႐ုိင္တရား႐ုံးတြင္ေရာက္ရွိေနသူ ျမန္မာသံ႐ုံးအထူးဖြဲ႔၀င္၊ ဦးထူးခ်စ္က ေျပာၾကားသည္။

“ထိုင္းႏုိင္ငံဥပေဒအရ ကၽြန္ေတာ္တို႔အေနနဲ႔ ထိုင္းႏိုင္ငံဘုရင္မင္းျမတ္ကို အသနားခံစာတင္ဖို႔ ေနာက္ဆုံးအေျခအေနရွိပါတယ္။ ထိုင္းေရွ႕ေနေျပာတာကေတာ့ ကေလးေတြ သို႔မဟုတ္ ကေလးေတြ မိသားစုဝင္ေတြထက္စာရင္ အစိုးရတစ္ရပ္အေနနဲ႔ ထိုင္းဘုရင္မင္းျမတ္ဆီမွာ ကေလးေတြကိုယ္စားလွယ္ အသနားခံစာတင္ေပးသင့္တယ္လို႔ သူတို႔ေျပာပါတယ္။ ဒါေၾကာင့္မို႔ ကေလးေတြကိုယ္စား အသနားခံစာတင္ေပးဖို႔ ေမတၱာရပ္ခံအပ္ပါတယ္”ဟု ၄င္းက ဆိုသည္။

ထိုင္းဘုရင္မင္းျမတ္ထံ အမိန္႔ခ်သည့္ေန႔မွ စတင္ၿပီး ရက္ေပါင္း ၆၀ အတြင္း အသနားခံစာတင္ရမွာျဖစ္ၿပီး ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္သြင္းသည့္ ၾကားကာလအတြင္း ထိုင္းဘုရင္ဥပေဒအရ ေသဒဏ္ေပးဦးမည္ မဟုတ္ေပ။ “ေဇာ္လင္းကိုယ္တိုင္က ေျပာသြားတာ စိတ္မေကာင္းဘူး။

သူတို႔မသတ္ဘဲ သူတို႔ ေသဒဏ္ေပးခံရတယ္။ သူတို႔ကို ျမန္မာအစိုးရက တတ္ႏိုင္တ့ဲဘက္က ၀ိုင္း၀န္းကူညီပါဆိုၿပီးေတာ့ သံမွဴးႀကီး ဦးေအာင္သူရကို ကၽြန္ေတာ္ေရွ႕မွာပဲ လွမ္းေျပာလိုက္တာၾကားရပါတယ္”ဟု ဦးထူးခ်စ္က ျပန္လည္ေျပာျပသည္။

အဆိုပါအမႈမွာ ထိုင္းႏိုင္ငံ ေကာ့စမြီခ႐ုိင္ ေကာ့ေတာင္ကြ်န္း (လိပ္ကြ်န္း) ဆိုင္ရီးကမ္းေျခတြင္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္က ၿဗိတိန္နိုင္ငံသား ဟန္နာ၀ုသားရစ္ခ်္ (၂၃ ႏွစ္) ႏွင့္ ေဒးဗစ္မီလာ (၂၄ ႏွစ္) တို႔ႏွစ္ဦး ျပင္းထန္ေသာဦးေခါင္းဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့သည့္အမႈႏွင့္ပတ္သက္ၿပီး ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂ ဦးျဖစ္သည့္ ၀င္းေဇာ္ထြန္းႏွင့္ ေဇာ္လင္း (၀င္းႏွင့္ေဇာ္) တို႔အား တရားခံမ်ားအျဖစ္ ဖမ္းဆီးကာ ေသဒဏ္အမိန္႔ခ်ခဲ့ျခင္းျဖစ္သည္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ The Voice ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

ရန်ကုန်၊ သြဂုတ် ၂၉ ရက်

ထိုင်းနိုင်ငံတောင်ပိုင်းလိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်အမိန့်ချမှတ်ခံထားရသော ဝင်ဇော်ထွန်းနှင့်ဇော်လင်းတို့၏ နောက်ဆုံးအယူခံကို တရားရုံးက ပယ်ချခံပြီး သေဒဏ်ကို ထပ်မံအတည်ပြုခဲ့သဖြင့် အစိုးရအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ထိုင်းဘုရင်ထံ အသနားခံစာ တင်းပေးစေလိုကြောင်း နွန်ထဘူရီခရိုင်တရားရုံးတွင်ရောက်ရှိနေသူ မြန်မာသံရုံးအထူးဖွဲ့ဝင်၊ ဦးထူးချစ်က ပြောကြားသည်။

“ထိုင်းနိုင်ငံဥပဒေအရ ကျွန်တော်တို့အနေနဲ့ ထိုင်းနိုင်ငံဘုရင်မင်းမြတ်ကို အသနားခံစာတင်ဖို့ နောက်ဆုံးအခြေအနေရှိပါတယ်။ ထိုင်းရှေ့နေပြောတာကတော့ ကလေးတွေ သို့မဟုတ် ကလေးတွေ မိသားစုဝင်တွေထက်စာရင် အစိုးရတစ်ရပ်အနေနဲ့ ထိုင်းဘုရင်မင်းမြတ်ဆီမှာ ကလေးတွေကိုယ်စားလှယ် အသနားခံစာတင်ပေးသင့်တယ်လို့ သူတို့ပြောပါတယ်။ ဒါကြောင့်မို့ ကလေးတွေကိုယ်စား အသနားခံစာတင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်”ဟု ၄င်းက ဆိုသည်။

ထိုင်းဘုရင်မင်းမြတ်ထံ အမိန့်ချသည့်နေ့မှ စတင်ပြီး ရက်ပေါင်း ၆၀ အတွင်း အသနားခံစာတင်ရမှာဖြစ်ပြီး ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်းသည့် ကြားကာလအတွင်း ထိုင်းဘုရင်ဥပဒေအရ သေဒဏ်ပေးဦးမည် မဟုတ်ပေ။ “ဇော်လင်းကိုယ်တိုင်က ပြောသွားတာ စိတ်မကောင်းဘူး။

သူတို့မသတ်ဘဲ သူတို့ သေဒဏ်ပေးခံရတယ်။ သူတို့ကို မြန်မာအစိုးရက တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီပါဆိုပြီးတော့ သံမှူးကြီး ဦးအောင်သူရကို ကျွန်တော်ရှေ့မှာပဲ လှမ်းပြောလိုက်တာကြားရပါတယ်”ဟု ဦးထူးချစ်က ပြန်လည်ပြောပြသည်။

အဆိုပါအမှုမှာ ထိုင်းနိုင်ငံ ကော့စမွီခရိုင် ကော့တောင်ကျွန်း (လိပ်ကျွန်း) ဆိုင်ရီးကမ်းခြေတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဟန်နာဝုသားရစ်ချ် (၂၃ နှစ်) နှင့် ဒေးဗစ်မီလာ (၂၄ နှစ်) တို့နှစ်ဦး ပြင်းထန်သောဦးခေါင်းဒဏ်ရာများဖြင့် သေဆုံးခဲ့သည့်အမှုနှင့်ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးဖြစ်သည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်း (ဝင်းနှင့်ဇော်) တို့အား တရားခံများအဖြစ် ဖမ်းဆီးကာ သေဒဏ်အမိန့်ချခဲ့ခြင်းဖြစ်သည်။

[ ယခုသတင်းကို မိတ်ဖက်မီဒီယာ The Voice ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]