ခိုေတာင္ကၽြန္း လူသတ္မႈ ၾကာသပေတးေန႔ မနက္ အမိန္႔ခ်မည္

136
Myanmar nationals Zaw Lin (L) and Win Zaw Tun (centre R) are escorted out of the Koh Samui provincial court following their death sentence in Koh Samui on December 24, 2015. The Thai court on December 24 sentenced Myanmar migrant workers Zaw Lin and Win Zaw Tun to death for murdering a pair of British holidaymakers, David Miller and Hannah Witheridge, on the nearby Thai island of Koh Tao in 2014, in a case that sullied the kingdom's reputation as a tourist haven and raised questions over its justice system. AFP PHOTO / Nicolas ASFOURI (Photo by NICOLAS ASFOURI / AFP)

ထိုင္းႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလအတြင္း ျဖစ္ပြားခဲ့တဲ့ ခိုေတာင္ကၽြန္းက ၿဗိတိန္ စံုတြဲ အသတ္ခံခဲ့ရတဲ့အမႈမွာ ဖမ္းဆီးတရားစြဲဆိုခံခဲ့ရၿပီး ေသဒဏ္ခ်မွတ္ခံထားတဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား ႏွစ္ဦးရဲ႕ အယူခံကို ဒီေန႔ အမိန္႔ခ်မွာျဖစ္ေၾကာင္း သိရတယ္။

ဒီေန႔ မနက္ ၁၀ နာရီမွာ ႏြန္သာဘူရီ တရားရံုးခ်ဳပ္က အမိန္႔ခ်မယ္လို႔ သူတို႔အမႈကို ကူညီေဆာင္ရြက္ေပးေနတဲ့ အလုပ္သမားအခြင့္အေရးဆိုင္ရာ တက္ၾကြလႈပ္ရွားသူ ၿဗိတိန္ႏိုင္ငံသား Andy Hall က ေျပာပါတယ္။

အယူခံတင္ထားတဲ့ ကိုေဇာ္လင္းနဲ႔ ကိုေ၀ၿဖိဳး ေခၚ ကို၀င္းေဇာ္ထြန္းတို႔ကို အဲဒီတရားရံုးအနီးက အက်ဥ္းေထာင္မွာ ၂၀၁၅ ခုႏွစ္ကစလို႔ ဖမ္းဆီးထိန္းသိမ္းထားတာျဖစ္ပါတယ္။ ဒါ့ျပင္ သူတို႔ကို တရားမ၀င္ ေနထိုင္မႈနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့ပါေသးတယ္။

ခိုေတာင္လူသတ္မႈနဲ႔ ပတ္သက္ျၿပီး စံုစမ္းစစ္ေဆးတာေတြ၊ တရားရံုးၾကားနာမႈေတြမွာ ရဲတပ္ဖြဲ႔ရဲ႕ ႏွိပ္စက္ညွဥ္းပန္းၿခိမ္းေျခာက္မႈေတြ၊ ရဲလုပ္ငန္း မကၽြမ္းက်င္တာေတြ၊ သက္ေသမွားယြင္းမႈေတြ ရွိခဲ့တယ္ဆိုတဲ့ အျငင္းပြားဖြယ္ရာေတြ ေပၚေပါက္ခဲ့တဲ့ၾကားက ေသဒဏ္ခ်မွတ္ခဲ့တာလို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ယခုသတင္းကို RFA Burmese တရားဝင္ခြင့္ျပဳခ်က္ျဖင္႔ေဖာ္ျပျခင္း ျဖစ္ပါသည္။

Unicode

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ခိုတောင်ကျွန်းက ဗြိတိန် စုံတွဲ အသတ်ခံခဲ့ရတဲ့အမှုမှာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး သေဒဏ်ချမှတ်ခံထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးရဲ့ အယူခံကို ဒီနေ့ အမိန့်ချမှာဖြစ်ကြောင်း သိရတယ်။

ဒီနေ့ မနက် ၁၀ နာရီမှာ နွန်သာဘူရီ တရားရုံးချုပ်က အမိန့်ချမယ်လို့ သူတို့အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဗြိတိန်နိုင်ငံသား Andy Hall က ပြောပါတယ်။

အယူခံတင်ထားတဲ့ ကိုဇော်လင်းနဲ့ ကိုဝေဖြိုး ခေါ် ကိုဝင်းဇော်ထွန်းတို့ကို အဲဒီတရားရုံးအနီးက အကျဉ်းထောင်မှာ ၂၀၁၅ ခုနှစ်ကစလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ကို တရားမဝင် နေထိုင်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါသေးတယ်။

ခိုတောင်လူသတ်မှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ၊ တရားရုံးကြားနာမှုတွေမှာ ရဲတပ်ဖွဲ့ရဲ့ နှိပ်စက်ညှဉ်းပန်းခြိမ်းခြောက်မှုတွေ၊ ရဲလုပ်ငန်း မကျွမ်းကျင်တာတွေ၊ သက်သေမှားယွင်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာတွေ ပေါ်ပေါက်ခဲ့တဲ့ကြားက သေဒဏ်ချမှတ်ခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ယခုသတင်းကို RFA Burmese တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။