ႏွလုံးက်န္းမာေရးကို တစ္ဖက္တစ္လမ္းက ေထာက္ပံ့ေပးမယ့္ အခ်စ္ေတာ္ေခြးေလးမ်ား

230

ေခြးေမြးျမဴသူေတြဟာ ႏွလုံးက်န္းမာေရး ပိုပိုေကာင္းမြန္ေစတယ္လို႔ သုေတသနတစ္ခုကို ကုိးကားၿပီး Mirror က ေဖာ္ျပထားပါတယ္။ ဥေရာပေလ့လာသူေတြက ေခြးပိုင္ရွင္နဲ႔ ႏွလုံးေသြး ေၾကာဆိုင္ရာေရာဂါနဲ႔ ႏွလုံးအႏၲရာယ္ၾကားက ဆက္စပ္မႈကို ဆန္းစစ္ခဲ့ၾကပါတယ္။

သုေတသနသမားေတြက 2013 ဇန္နဝါရီလကေနစၿပီးေတာ့ 2014 ဒီဇင္ဘာလထိ ကာ့ဇ္သမၼတ ႏိုင္ငံက လူေပါင္း 2000ရဲ႕ လူမႈဆက္ဆံေရးနဲ႔ က်န္းမာေရးတို႔ကို ေလ့လာခဲ့ၾကၿပီး ပထမထုတ္ ျပန္ခ်က္အရ ေခြးပိုင္ရွင္ေတြရဲ႕ ႏွလုံးက်န္းမာေရးက ေကာင္းမြန္တဲ့ရလဒ္ကို ေဖာ္ျပပါတယ္။ 2019 ထိ လူေပါင္း 1769မွာ ႏွလုံးက်န္းမာေရးျပႆနာကို မေတြ႔ရေသးပါဘူး။

ပ်မ္းမွ်အားျဖင့္ လူ 47%ႏႈံးမွာ 24.3%ႏႈံးက ေခြးေမြးျမဴၾကၿပီး၊ 17.9%ႏႈံးက အျခားတိရစာၦန္ကို ေမြး ျမဴၾကပါတယ္။ သုေတသီေတြက အစားေသာက္မွန္ကန္မႈ၊ ကိုယ္လက္လႈပ္ရွားမႈ၊ ေဆးလိပ္ ေသာက္မႈ၊ ေသြးတိုးႏွင့္ ကိုလက္စေရာစတာေတြကို အေျခခံၿပီး ေလ့လာခဲတာပါ။

ေခြးေမြးသူ၊ အျခားတိရစာၦေမြးသူနဲ႔ ဘာတိရစာၦန္မွ မေမးျမဴသူေတြကို ႏွလုံးနဲ႔ဆက္စပ္ေရာဂါကို တိုင္းတာခဲ့ၾကသလို တိရစာၦန္ပိုင္ဆိုင္သူေတြက ကိုယ္လက္လႈပ္ရွားမႈ၊ ညီညြတ္တဲ့အာဟာရ၊ ေသြး တြင္းသၾကားဓာတ္စတာေတြ ထိန္းၿငွိမႈ အေကာင္းဆုံးျဖစ္ၿပီး ေဆးလိပ္ေသာက္မႈ အနည္းဆုံး ျဖစ္ပါတယ္။

ႏွလုံက်န္းမာေရးေကာင္းမြန္လိုသူေတြ အေနနဲ႔ မိမိတုိ႔ရဲ႕ စိတ္အပန္းေျဖစရာလည္းျဖစ္၊ ကိုယ္လက္ လႈပ္ရွားမႈလည္းျဖစ္ေစတဲ့ အိမ္ေမြးတိရစာၦန္ေခြးေလးေတြနဲ႔ ဘဝကို ျဖတ္သန္းရာမွာ ေပ်ာ္ရႊင္က်န္း မာ စိတ္ခ်မ္းသာေစႏုိင္ေၾကာင္း အသိေပးလိုက္ပါတယ္။

မင္းႏြယ္ခန္႔ ( D Nae Khit Media )

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ခွေးမွေးမြူသူတွေဟာ နှလုံးကျန်းမာရေး ပိုပိုကောင်းမွန်စေတယ်လို့ သုတေသနတစ်ခုကို ကိုးကားပြီး Mirror က ဖော်ပြထားပါတယ်။ ဥရောပလေ့လာသူတွေက ခွေးပိုင်ရှင်နဲ့ နှလုံးသွေး ကြောဆိုင်ရာရောဂါနဲ့ နှလုံးအန္တရာယ်ကြားက ဆက်စပ်မှုကို ဆန်းစစ်ခဲ့ကြပါတယ်။

သုတေသနသမားတွေက 2013 ဇန်နဝါရီလကနေစပြီးတော့ 2014 ဒီဇင်ဘာလထိ ကာ့ဇ်သမ္မတ နိုင်ငံက လူပေါင်း 2000ရဲ့ လူမှုဆက်ဆံရေးနဲ့ ကျန်းမာရေးတို့ကို လေ့လာခဲ့ကြပြီး ပထမထုတ် ပြန်ချက်အရ ခွေးပိုင်ရှင်တွေရဲ့ နှလုံးကျန်းမာရေးက ကောင်းမွန်တဲ့ရလဒ်ကို ဖော်ပြပါတယ်။ 2019 ထိ လူပေါင်း 1769မှာ နှလုံးကျန်းမာရေးပြဿနာကို မတွေ့ရသေးပါဘူး။

ပျမ်းမျှအားဖြင့် လူ 47%နှုံးမှာ 24.3%နှုံးက ခွေးမွေးမြူကြပြီး၊ 17.9%နှုံးက အခြားတိရစ္ဆာန်ကို မွေး မြူကြပါတယ်။ သုတေသီတွေက အစားသောက်မှန်ကန်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ ဆေးလိပ် သောက်မှု၊ သွေးတိုးနှင့် ကိုလက်စရောစတာတွေကို အခြေခံပြီး လေ့လာခဲတာပါ။

ခွေးမွေးသူ၊ အခြားတိရစ္ဆာမွေးသူနဲ့ ဘာတိရစ္ဆာန်မှ မမေးမြူသူတွေကို နှလုံးနဲ့ဆက်စပ်ရောဂါကို တိုင်းတာခဲ့ကြသလို တိရစ္ဆာန်ပိုင်ဆိုင်သူတွေက ကိုယ်လက်လှုပ်ရှားမှု၊ ညီညွတ်တဲ့အာဟာရ၊ သွေး တွင်းသကြားဓာတ်စတာတွေ ထိန်းငြှိမှု အကောင်းဆုံးဖြစ်ပြီး ဆေးလိပ်သောက်မှု အနည်းဆုံး ဖြစ်ပါတယ်။

နှလုံကျန်းမာရေးကောင်းမွန်လိုသူတွေ အနေနဲ့ မိမိတို့ရဲ့ စိတ်အပန်းဖြေစရာလည်းဖြစ်၊ ကိုယ်လက် လှုပ်ရှားမှုလည်းဖြစ်စေတဲ့ အိမ်မွေးတိရစ္ဆာန်ခွေးလေးတွေနဲ့ ဘဝကို ဖြတ်သန်းရာမှာ ပျော်ရွှင်ကျန်း မာ စိတ်ချမ်းသာစေနိုင်ကြောင်း အသိပေးလိုက်ပါတယ်။

မင်းနွယ်ခန့် ( D Nae Khit Media )