တစ်ပတ်စာနာမက္ခရအထူးဟောစာတမ်း – 26.8.2019 မှ 01.9.2019 အထိ

174

(အ၊အာ၊ဣ၊အိ၊အီ၊ဥ၊ဥူ၊ဧ၊သြ) စသည့် ”အ” အသံထွက်နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ငွေဝင်ငွေထွက် ကြမ်းမည်။ ငွေစုလို့မရပါ။ စကားပြောဆင်ခြင်ပါ။ အကြီးအကဲ၏ မြှောက်စားခြင်း ခံရမည်။စွန့်စားမှု့ စူးစမ်းမှု့ တို့ ပြုလုပ်ဆောင်ရွက် ဖြစ်မည်။ ခရီးဝေးယာယီ တွေရောက်မည်။ အပေါင်းအသင်း မှားတတ်၍ ကြည့်ပေါင်းပါ။ ပစ္စည်းပျောက်ခြင်း ၊ ငွေလိမ်ခံ ရခြင်းတို့ ဖြစ်မည်။

အချစ်ရေး အခြေအနေ ကောင်းမည်။အချစ်ရေးမှာ တည်ကြည်မှုတော့ရှိပါစေ။ လှုပ်ရှားမှု့သွားလာမှု့ပြောင်းလဲမှု့တိုးတက်မှု့ တွေရှိမည်။ အလုပ်အကိုင် အဆင်ပြေမည်။ ရွှေဝင်မည်။ ရစရာရှိသောအကြွေး ရမည်။ စကားပြောရာမှာ စေတနာ စကားပေမဲ့ တစ်ဖက်လူက အထင်လွဲရတတ်ပါတယ်။ကတိမတည် ၊ သစ္စာမရှိသော သူတစ်ချို့ နှင့် တွေ့ တတ်၍ ဆင်ခြင်ပါ။

သူတပါး အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်ပါတယ်။ တစ်ခုတော့ ဂရုစိုက်ပါ။ မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ရေးပြဿနာပါ တယ်။ မသေချာ မရေရာ သော ဖြစ်ရပ်တွေ ရင်ဆိုင်ကြုံတွေ့ နေရမည်။ ရည်ရွယ်ချက် တွေ ပြောင်းလဲလုပ်ကိုင်ရ တတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့များမည်။ ခေါင်းကြည်အောင်နေပါ။ ခေါင်းမူး၊ ကိုယ်လက်မအီမသာ ဖြစ်နေမည်။ ပညာရေးကတော့ မိမိတစ်ခါမှ မသင်ဖူးတဲ့ပညာအသစ်တွေသင်ရမည်။

ယတြာ – နံနက်ခင်းတစ်ခုတွင် လမ်းသန့်ရှင်းရေး လုပ်လိုက်ပါ။

(က၊ခ၊ဂ၊ဃ၊င) နှင့်စတင်မှည့်ခေါ်ထားတဲ့ အမည်ပိုင်ရှင်များ

အတိုက်အခံ တွေရှိနေမည်။ ပြေလည်မှု့ရမည်။ အသစ်အသစ်တွေ ကြုံလာတော့မည်။ အောင်မြင်မှု့ တွေ လည်း ဆက်တိုက်ရပါမည်။ စွန့်စားမှု့ နှင့် စူးစမ်းမှု့တွေလည်း လုပ်ရမည်။ လျို့ဝှက် ချက် တွေ ဖုန်းကွယ်ထား တာတွေ ဤ တပတ်အတွင်း ပေါ်လာတတ်၍ ဂရုစိုက်ပါ။ ခရီးဝေးက ဧည့်သည် တွေ ရောက် မည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိနေတယ်။ စီးပွားရေး ၀င်ငွေ ကောင်းလာမည်။

သင့်အလုပ် ပို၍ အောင်မြင် ပါမည်။ရပ်ဝေး က ချစ်သူ၊အွန်လိုင်းကချစ်သူသစ်ရတတ်ပါတယ်။ အချစ်ရေးမှာ တိတ်တိတ်ပုန်း အချစ်က ထင်ပေါ် ကျော်ကြားလာလိမ့်မည်။ အလုပ်အကိုင် တိုးတက်မှု့ ရပါမည်။ လုပ်ငန်းသစ် တစ်ခု လုပ်ဖြစ်ပါမည်။ အရာရာ အောင်မြင်သော ကာလ ဖြစ်ပါမည်။ မကောင်းမြင်သော သူတို့က မကောင်းပြော အပြစ်တင်မှု့ တို့ ပြုလုပ်ကြ ပါလိမ့်မည်။

သို့သော် အချိန်တန်ရင်သင့်ရဲ့ စေတနာကို ပြန်လည်၍ သိလာပြီး သင့်ထံ ပြန်ကပ်လာကြ ပါမည်။အိမ် ထောင်ရေးမှာတော့ မိမိအိမ်ထောင်ဘက်ကအလုပ်များနေတာ ကြောင့်မိမိကိုဂရုမစိုက်နိုင်ပါ။ကျန်းမာရေးအလွန် ကောင်းနေမည်။ မကျန်းမာ သူများ စတင်သက်သာလာလိမ့်မည်။ ပညာရေးကတော့ စီးပွားရေးနဲ့ပက်သက်တဲ့ ပညာတွေရမည်။

ယတြာ – ဘုရားကို ရေအေး ရေသက်စေ့ ရေသပ္ပါယ်ပါ။

(စ၊ဆ၊ဇ၊ဈ၊ည)နှင့် စတင်မှည်ခေါ်ထားသောအမည်ပိုင်ရှင်များ

အပြောမလွယ်နှင့်၊ သဘောမကြွယ်နှင့်ဆိုသလို ဆင်ခြင်ရမည့်ကာလ ဖြစ်ပါတယ်။ လွယ်လွယ်နှင့် ပြောပြီး ဖြစ်မလာ၍ ရန်များလာနိုင်သလို စကားရန် ရှုပ်လာပါမည်။ အချစ်ရေးမှာ နှစ်ဖက်လူကြီးပြောဆိုပြီး၍သေချာသလို ဖြစ်ပြီးမှ ပျက်တတ်ပါသည်။ ဂရုစိုက်ပါ။

ငွေကြေးကိစ္စ စကား ရှုပ်မည်။ သင့်ရဲ့ စိတ်ကိုထိန်းပါ။ မစဉ်းစားဘဲ လုပ်ဆောင်ပါက မှားယွင်းမှု့ နှင့် လွဲချော်မှု့ ဖြစ်တတ်ပါတယ်။ ပြောင်းလဲမှု့များနှင့် ပြောင်းရွှေ့မှု့ တို့ဖြစ်ကိန်း ရှိသည်။ ရုန်းထွက်ချင်နေသည်။ အထင်မြင်လွဲမှားမှု့ နှင့် အပြစ်တင်ဝေဖန်မှု့တွေ ဖြစ်မည်။ ရုတ်တရက် အိမ်ထောင်ဘက်ပြဿ နာရှာတတ်ပါတယ်။လူငယ်များမိဘဖိအားများ၍ နေအိမ်မှ ခိုးထွက်ခြင်းတို့ဖြစ်တတ်တယ်။ မသွားသင့်ပါ။

ကား ၊ ဆိုင်ကယ် ဂရုစိုက်စီးပါ။ ခိုက်မိတတ်ပါတယ်။ ငယ်ရွယ်သူတို့ အတွက် စိတ်ရှုပ်ရ တတ်ပါတယ်။ ငွေကုန်ကျများရတတ်ပါတယ်။ အပေါင်းအသင်း ရဲ့ အထင်လွဲ မှားမှု့ ခံရတတ်တယ်။ သို့သော် ပညာရေးနှင့်နွယ်သော အလုပ်အကိုင် တို့ အောင်မြင်မှု့ရမည်။ တိုးတက်မှု့ ဖြစ်မည်။ကျန်းမာရေး ကောင်းပေမယ့် ဝမ်းပျက်တတ်ပါတယ်။ ယင်နားစာတွေ မစားပါနဲ့။ ပညာရေးမှာ ဇွဲကြီးမှုကြောင့် ထွန်းပေါက်မည်။

ယတြာ -အင်္ဂါနေ့တွင် မြတ်စွာဘုရားကို အောင်သပြေပန်းကပ်လှူပါ။

(ယ၊ရ၊လ၊၀၊ဠ)နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

စိတ်လေနေမည်။ ရည်ရွယ်ချက်တွေများနေမည်။ကိုယ်ဒူးကိုယ်ချွန် ကြိုးစားချင်စိတ်ကြောင့် မတိုင်ပင်ဘဲ လျို့ဝှက် လုပ်ခြင်း တွေများမည်။ အတိုက်အခံ တွေများနေမည်။ လူယုံမထားသင့်သေးပါ။ စီးပွား ရေးလုပ်ငန်း များ လုပ်ငန်း သစ်များလုပ်ရတတ်ပါတယ်။ စက် ၊ မြေ ၊ အိမ် ပြောင်းလဲမှု့များ ကြုံပါမည်။

အချစ်ရေး အဆင်ပြေပါ မည်။ချစ်သူမရှိသေးသူများ ချစ်သူသစ်ရလွယ်မည်။ လူမှုရေး ရှုပ် ထွေးမည်။ အိမ်ထောင်ရေး ကတောက်ကဆ များမည်။ ငွေဝင်ငွေထွက်ကြမ်းမည်။ အိမ်ပြောင်း အိမ်ရောင်းဝယ် တခုခု ဖြစ်လာမည်။ အမွေရခြင်း ၊ မဲပေါက်ခြင်း တို့ ဖြစ်မည်။ ပြဿနာသေးဖွဲ တွေ ရှုပ်သော်လည်း ရှင်းဖြစ်မည်။အပြောနှင့် အလုပ် တလွဲစီ ဖြစ်နေတတ်၍ ကတိပေးခြင်း များ မပြုသင့်ပါ။

သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်၍ ဂရုစိုက်ဆင်ခြင်ပါ။ သူများကြားဝင်မပါ သင့်ပါ။ အတိုက်အခံတွေ ကြုံ လာမည်။ ဂရုစိုက်ပါ။ စိုက်ပျိုးရေး မွေးမြူရေး ရှယ်ယာ လုပ်ငန်း များ ဤ တပတ် အတွင်း အစမပြုသင့်ပါ။ ခြေ ၊ လက် များထိခိုက်မိမယ်။ တံခါးညှပ်မိတတ်တယ်။ ဆိုင်ကယ်စီးသူများ အိတ်ဇောအပူဟပ်တတ်၍သတိထားပါ။အခြားရောဂါဝေဒနာခံစားရတာမျိုးတော့ မရှိပါ။ ပညာရေးမှာ တစ်ယောက် ထဲ စိတ်အေးလက်အေးရှိမဲ့နေရာမှာ စာလုပ်စေချင်ပါတယ်

ယတြာ သရက်သီးသနပ်ဘုရားကပ်လှူပါ။

(ပ၊ဖ၊ဗ၊ဘ၊မ) နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ရည်ရွယ်ချက်များ ရည်မှန်းချက်များ အကောင်အထည် ဖော်ဖြစ်မည်။ သင့်ဆန္ဒ တွေ အောင်မြင်မည်။ ရည်ရွယ်တာ မဟုတ် သော်လည်း ရည်မှန်းချက်တွေ ဖြစ်လာပါမည်။ မိတ်ဆွေ အပေါင်းအသင်းတို့ရဲ့ အကူအညီ ရမည်။ စုပေါင်း စပ်ပေါင်း အလုပ်တွေ လုပ်ရမည်။ စိတ်ပျော်ရွှင်မှု့ ၊ စိတ်လန်းဆန်းမှု့ များ ဖြစ်လာလိမ့်မည်။

လွတ်လပ်ပျော်ရွှင် သော ခရီးလမ်းတစ်ခု ကိုလည်း သွားဖြစ်မည်။ အမှတ်တရ လက်ဆောင် ရသော ထီလက်မှတ်( သို့မဟုတ်) ကောက်ရသော ထီလက်မှတ် မှ ပေါက်မဲရ၍ ထီပေါက်တတ်သည်။ ချစ်သူ ၂ ဦး တစ်ပြိုင်နက် ပေါ်မည်။ အချစ်ရေးမှာ အဆင်ပြေမည်။ စီးပွားရေး ၀င်ငွေကောင်းလာမည်။ မိသားစု ကံကောင်း မည်။

တစ်ခုတော့ သင်ဂရုစိုက်ပါ။ တစ်ဦးတစ်ယောက် သောသူက သင့်ကို လှည့်စားမှု့ ပြုလာမည်။ သတိတော့ ထားနေပါ။ အိမ်ထောင်ရေးမှာအထင်မြင်လွဲစရာ တစ်ခုနဲ့ ပြစ်တင်ခံရမှု့ တစ်ခုတော့ ဖြစ်လာမည်။ကျန်းမာရေး အလွန်မှအား ကောင်းနေမည်။ နှာစေး၊ချောင်းဆိုးကအစ မဖြစ်နိုင်အောင် ဒေါင်ဒေါင်မြည်ကောင်းနေတတ်သည်။ ပညာရေး အထူးကောင်းပါတယ်။

ယတြာ ပဲပေါင်မုန့်ဘုရားကပ်ပါ

(သ၊ဟ)နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ပျော်ရွှင်စရာများ ၀မ်းသာစရာများ ကြုံတွေ့ရမည်။ ယာယီ ခရီးများ မကြာခဏ ဆိုသလို သွားနေရမည်။ မသေချာမရေရာမှု့များမှ ပီပြင်တိကျမှု့တွေရပါမည်။ လွတ်လပ်စွာလုပ်ကိုင်မှု့ဖြင့်အောင်မြင်မှု့ရလိမ့်မည်။ မိသားစုနဲ့ဖြစ်စေ ၊အချစ်ဆုံးသူငယ်ချင်းတွေနဲ့ဖြစ်စေ ပျော်စရာအချိန်တွေကိုဖန်တီးနိုင်မည်။ကုန်သွယ်မှုနဲ့ပက်သက် သော

လုပ်ငန်းမှာအထူးအကျိုးပေးမည်။ ငွေကြေးနဲ့ပက်သက်ပြီး အဆင်ပြေမည်။ ရစရာရှိတာတွေရနိုင်သလို ပေးစရာရှိတာလဲ ပေးနိုင်ပါလိမ့်မယ်။ အတွေးစိတ်ကူးတွေက လက်တွေ့အတွက်အကောင်အထည်ဖော်မယ်ဆို အထူးကောင်းတဲ့ကာလပါပဲ။ကျန်းမာရေး ကတော့ ရင်ပြည့်ရင်ကယ် ဗိုက်အောက် ဗိုက်နာ တွေ ဖြစ်တတ်တယ်။ အလုပ်ကတော့ ရှုပ်နေမည်။ ပလီပလာ လိမ်ညာနေသော ချစ်သူကြောင့် စိတ်ညစ်ရမည်။

ချစ်ခွင့်ပန်ထားသူများ မိမိကြားချင်တဲ့ အဖြေစကားကြားရမည်။အိမ်ထောင်ရေးမှာတော့ အညံ့အဆိုးကင်းနေမှာအမှန်ပါပဲ။ ပညာရေး မှာတော့ အလှအပနှင့်ဆိုင်သောပညာတွေ ဆည်းပူးခွင့်ရလိမ့်မယ်။စက်ပစ္စည်း (သို့မဟုတ်) ရတနာ ပစ္စည်းများ အတွက် ရင်မောရတတ်တယ်။ ထီဝါသနာပါလို့ ထီထိုးချင်ရင်တော့စနေသားသမီး နှင့် ထီစပ်ထိုးပါ။

ယတြာ ပရိတ်တော်တွေကို နိုင်သလောက်ရွတ်ပွားပါ

(တ၊ထ၊ဒ၊ဓ၊န၊ဌ) နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

အခြေအနေကို ကြည့်ပြီး စီးပွားရေး လုပ်သင့်ပါကြောင်း ပြောလိုပါတယ်။ အချစ်ရေးကောင်းပါသည်။. သို့သော် သင့်မိဘတို့ကသဘောမတူတတ်ပါ။ စကားပြောဆင်ခြင်ပါ။လုပ်ဖော်ကိုင်ဖက်အချင်းချင်း စိတ်ဝမ်းကွဲ တတ်၍ ဂရုစိုက်ပါ။ငွေဝင် ငွေထွက် ကြမ်းနေပါမည်။ အိမ်ထောင်ရေး အတိုက်အခံကြုံ အထစ်အငေါ့ တွေ ကြုံမည်။

ပြန်ပြေလည်ပါမည်။ အရာရာစိတ်တွေ လေးနေမည်။ ဇဝေဇ၀ါ မသေချာ မရေရာသလို ဖြစ်သောနေ့ရက်တွေ ဖြစ်ပါမည်။သို့သော် သင့်အတွက်ကောင်းတာတစ်ခုက မရောက်ဘူးသောခရီး ရောက်မည်။ သိပေမဲ့မပေါင်း ဘူးသော မိတ်ဆွေ၊လက်ရှိ ပေါင်းနေသော မိတ်ဆွေတို့ရဲ့ အကူအညီ ရပါမည်။ စာမေးပွဲ အင်တာဗျူးများ အောင်မြင်ပါမည်။

ပြည်ပအလုပ်အတွက် စောင့်ဆိုင်းနေသူများသတင်းကောင်းကြားရမည်။ ကျန်းမာရေး အနည်းငယ် ချူချာတတ်ပါသည်။ရောဂါအခံတစ်ခုခုရှိနေသူများပိုမိုသတိထားလိုက်ပါ။လက်ဝယ်ရှိတဲ့ စက် ၊ ယာဉ် တို့အပျက်အစီးများနေမည်။မိသားစုအတွင်း အပူသောကတွေများနေတတ်ပါတယ်။ရွှေနှင့် လက်ဝတ်ရတနာများ ပျောက်ရှလွယ်မည်။ မိမိသင်လိုသောပညာရပ်တွေသင်ခွင့်ရမည်။

ယတြာ ဖိနပ်အစုတ် ၊ထီးအစုတ်ရှိရင် စွန့်ပစ်လိုက်ပါ

၇ရက်သားသမီးများအားလုံးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ)  ( D Nae Khit Media )

မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တဆင့်ပြန်လည်ကူးယူခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။