လမ္းဆက္မေလွ်ာက္ႏုိင္ေတာ့တဲ့ ဇနီးကို ေက်ာပုိၿပီးေခၚသြားတဲ့ အဖုိးအုိရဲ႕ခ်စ္ျခင္းတရား

175

လူငယ္ဘဝက ကုိရီးယား႐ုိမက္တစ္ဇာတ္ကားေတြၾကည့္ၿပီး၊ ဇာတ္လုိက္မင္းသားက မင္းသမီးကို ေက်ာပုိးၿပီး ေခၚသြားတဲ့ ဇာတ္ဝင္ခန္းမ်ိဳးဆုိ သိပ္သေဘာက်ခဲ့ၾကမွာပါ။ ဒါေပမယ့္ လက္ေတြ႕ဘဝဟာ ဇာတ္ကားေတြထဲကလုိ အဲသေလာက္ႀကီး ကဗ်ာမဆန္တဲ့အတြက္ ဒီလုိအျဖစ္မ်ိဳး ကိုယ္တုိင္ႀကဳံဖုိ႔ ခက္ပါတယ္။

အခု RachFeed သတင္းဝက္ဘ္မွာ ေဖာ္ျပထားတဲ့ သတင္းတစ္ပုဒ္ကေတာ့ အဖုိးအုိတစ္ေယာက္ဟာ ဇနီးနဲ႔ လမ္းအတူေလွ်ာက္လာစဥ္၊ ဇနီးက လမ္းဆက္မေလွ်ာက္ႏုိင္ေတာ့လုိ႔ ေက်ာပုိးၿပီးေခၚေဆာင္သြားတဲ့ အျဖစ္အပ်က္ဟာ လူငယ္ထုၾကားမွာ အားက်ဖြယ္ရာ တကယ့္ ဇာတ္ဝင္ခန္းပါဘဲ။

ဒီအျဖစ္အပ်က္ဟာ တ႐ုတ္ႏုိင္ငံ၊ ေဘဂ်င္းၿမိဳ႕၊ Daxing ရပ္ကြက္က လမ္းတစ္ခုမွာ ျဖစ္ခဲ့တာပါ။ လူေတြကေတာ့ ကုိယ္သြားစရာရွိတဲ့ေနရာကို ဥဒဟုိသြားလာလႈပ္ရွားေနၾကရင္း၊ အဖုိးတုိ႔စုံတြဲကို သတိထားမိသူ နည္းပါလိမ့္မယ္။ ဒါေပမယ့္ လမ္းသြားလမ္းလာတစ္ဦးက မွတ္တမ္းတင္ခဲ့တာပါ။

လမ္းသြားလမ္းလာတစ္ဦးက မွတ္တမ္းတင္ခဲ့တဲ့ အျဖစ္အပ်က္မုိ႔ အဖုိးစုံတြဲရဲ႕အမည္ကုိေတာ့ မသိရပါဘူး။ ဒါေပမယ့္ သူတုိ႔တစ္ေတြရဲ႕အခ်စ္ဟာ လူမႈကြန္ရက္ေပၚမွာေတာ့ အမ်ားရဲ႕အားက်ျခင္းကို ခံေနရၿပီး ျပန္လည္မွ်ေဝသူ ေထာင္နဲ႔ခ်ီၿပီး ရွိေနပါတယ္။

လင္းေဇာ္ကို

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လူငယ်ဘဝက ကိုရီးယားရိုမက်တစ်ဇာတ်ကားတွေကြည့်ပြီး၊ ဇာတ်လိုက်မင်းသားက မင်းသမီးကို ကျောပိုးပြီး ခေါ်သွားတဲ့ ဇာတ်ဝင်ခန်းမျိုးဆို သိပ်သဘောကျခဲ့ကြမှာပါ။ ဒါပေမယ့် လက်တွေ့ဘဝဟာ ဇာတ်ကားတွေထဲကလို အဲသလောက်ကြီး ကဗျာမဆန်တဲ့အတွက် ဒီလိုအဖြစ်မျိုး ကိုယ်တိုင်ကြုံဖို့ ခက်ပါတယ်။

အခု RachFeed သတင်းဝက်ဘ်မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကတော့ အဖိုးအိုတစ်ယောက်ဟာ ဇနီးနဲ့ လမ်းအတူလျှောက်လာစဉ်၊ ဇနီးက လမ်းဆက်မလျှောက်နိုင်တော့လို့ ကျောပိုးပြီးခေါ်ဆောင်သွားတဲ့ အဖြစ်အပျက်ဟာ လူငယ်ထုကြားမှာ အားကျဖွယ်ရာ တကယ့် ဇာတ်ဝင်ခန်းပါဘဲ။

ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၊ Daxing ရပ်ကွက်က လမ်းတစ်ခုမှာ ဖြစ်ခဲ့တာပါ။ လူတွေကတော့ ကိုယ်သွားစရာရှိတဲ့နေရာကို ဥဒဟိုသွားလာလှုပ်ရှားနေကြရင်း၊ အဖိုးတို့စုံတွဲကို သတိထားမိသူ နည်းပါလိမ့်မယ်။ ဒါပေမယ့် လမ်းသွားလမ်းလာတစ်ဦးက မှတ်တမ်းတင်ခဲ့တာပါ။

လမ်းသွားလမ်းလာတစ်ဦးက မှတ်တမ်းတင်ခဲ့တဲ့ အဖြစ်အပျက်မို့ အဖိုးစုံတွဲရဲ့အမည်ကိုတော့ မသိရပါဘူး။ ဒါပေမယ့် သူတို့တစ်တွေရဲ့အချစ်ဟာ လူမှုကွန်ရက်ပေါ်မှာတော့ အများရဲ့အားကျခြင်းကို ခံနေရပြီး ပြန်လည်မျှဝေသူ ထောင်နဲ့ချီပြီး ရှိနေပါတယ်။

လင်းဇော်ကို