ကင္ဆာေရာဂါကို ၾကာရွည္မခံစားခ်င္လုိ႔၊ ေဆးထုိးသတ္ေပးဖုိ႔ အစုိးရကိုေတာင္းဆုိခဲ့သူ

168

ကင္ဆာေရာဂါ ေနာက္ဆုံးအဆင့္ကုိ ခံစားေနရတဲ့ ကေလးႏွစ္ေယာက္ဖခင္တစ္ဦးဟာ ဒီထက္ပုိၿပီး ေရာဂါၾကာရွည္ မခံစားလုိေတာ့တဲ့အတြက္ေၾကာင့္၊ အစိုးရဆီကေန တရားဝင္ေဆးထုိးစီရင္ခြင့္ရယူဖုိ႔ ေတာင္းဆုိခဲ့ေၾကာင္း Metro သတင္းဌာနက ေဖာ္ျပထားပါတယ္။

သူ႕အမည္ကေတာ့ Colin Clarke ျဖစ္ၿပီး အသက္ (၄၄)ႏွစ္ပါ။ သူဟာ လြန္ခဲ့တဲ့(၃)ႏွစ္ေလာက္ကတည္းက ရွားပါးလွတဲ့ Mesothelioma အမည္ရ ကင္ဆာေရာဂါကို ခံစားခဲ့ရပါတယ္။ ဒီကင္ဆာအမ်ိဳးအစားဟာ ခႏၶာကုိယ္အတြင္းပုိင္း အဂၤါရပ္ေတြကို ဖုံးအုပ္ထားတဲ့ တစ္႐ွဴးအလႊာပါးပါးေလးေတြမွာ ျဖစ္ေလ့ရွိတာပါ။

အလြန္ရွားပါးတဲ့ေရာဂါျဖစ္လုိ႔ ကုသရလည္း ခက္ခဲပါတယ္။ ဒါေၾကာင့္ Colin ဟာ ၾသစေတးလ်ေျမာက္ပုိင္း ပါလီမံဆီကုိ တရားဝင္ေသဆုံးခြင့္ဥပေဒအတည္ျပဳဖုိ႔အတြက္ ေတာင္းဆုိခဲ့တယ္လုိ႔ သိရပါတယ္။ Colin ကုိယ္တုိင္က ေဒါက္တာတစ္ဦးျဖစ္ၿပီး၊ သူကုိယ္တုိင္ က်န္းမာေအာင္ ေနခဲ့ေပမယ့္၊

အခုေတာ့ သူ႕မွာ ေရာဂါဆုိးက ဘယ္လုိမွ ႐ုန္းမထြက္ႏုိင္ေတာ့ပါဘူး။ တကယ္လုိ႔ ေသဆုံးခြင့္ကိုသာ သက္ဆုိင္ရာအစုိးရက အတည္ျပဳေပးခဲ့မယ္ဆုိရင္ သူရဲ႕သားနဲ႔သမီးကိုေတာ့ မၾကည့္ေစခ်င္ဘူးလုိ႔ သူက ေျပာပါတယ္။ ေဒါက္တာ Colin က သူ႕အေနနဲ႔ ေသရမွာ မေၾကာက္ေၾကာင္း၊

သူဟာ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္ထားတဲ့ ၿငိမ္းခ်မ္းတဲ့စိတ္ကို ေမြးျမဴထားႏုိင္ၿပီလုိ႔ ဆုိပါတယ္။ သူကိုယ္တုိင္ အသနားခံေတာင္းပန္ထားတဲ့ ဗြီဒီယုိဖုိင္ကို လာမယ့္ဗုဒၶဟူးေန႔မွာ လႊတ္ေတာ္မွာ တင္သြင္းမွာပါ။ တကယ္လုိ႔ ဒီေတာင္းဆုိမႈကို ခြင့္ျပဳခဲ့မယ္ဆုိရင္ ဒုတိယေျမာက္ ေသခြင့္ရသူ ျဖစ္လာမွာလုိ႔ သိရပါတယ္။

ေနသူရိန္

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရတဲ့ ကလေးနှစ်ယောက်ဖခင်တစ်ဦးဟာ ဒီထက်ပိုပြီး ရောဂါကြာရှည် မခံစားလိုတော့တဲ့အတွက်ကြောင့်၊ အစိုးရဆီကနေ တရားဝင်ဆေးထိုးစီရင်ခွင့်ရယူဖို့ တောင်းဆိုခဲ့ကြောင်း Metro သတင်းဌာနက ဖော်ပြထားပါတယ်။

သူ့အမည်ကတော့ Colin Clarke ဖြစ်ပြီး အသက် (၄၄)နှစ်ပါ။ သူဟာ လွန်ခဲ့တဲ့(၃)နှစ်လောက်ကတည်းက ရှားပါးလှတဲ့ Mesothelioma အမည်ရ ကင်ဆာရောဂါကို ခံစားခဲ့ရပါတယ်။ ဒီကင်ဆာအမျိုးအစားဟာ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါရပ်တွေကို ဖုံးအုပ်ထားတဲ့ တစ်ရှူးအလွှာပါးပါးလေးတွေမှာ ဖြစ်လေ့ရှိတာပါ။

အလွန်ရှားပါးတဲ့ရောဂါဖြစ်လို့ ကုသရလည်း ခက်ခဲပါတယ်။ ဒါကြောင့် Colin ဟာ သြစတေးလျမြောက်ပိုင်း ပါလီမံဆီကို တရားဝင်သေဆုံးခွင့်ဥပဒေအတည်ပြုဖို့အတွက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ Colin ကိုယ်တိုင်က ဒေါက်တာတစ်ဦးဖြစ်ပြီး၊ သူကိုယ်တိုင် ကျန်းမာအောင် နေခဲ့ပေမယ့်၊

အခုတော့ သူ့မှာ ရောဂါဆိုးက ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ပါဘူး။ တကယ်လို့ သေဆုံးခွင့်ကိုသာ သက်ဆိုင်ရာအစိုးရက အတည်ပြုပေးခဲ့မယ်ဆိုရင် သူရဲ့သားနဲ့သမီးကိုတော့ မကြည့်စေချင်ဘူးလို့ သူက ပြောပါတယ်။ ဒေါက်တာ Colin က သူ့အနေနဲ့ သေရမှာ မကြောက်ကြောင်း၊

သူဟာ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းတဲ့စိတ်ကို မွေးမြူထားနိုင်ပြီလို့ ဆိုပါတယ်။ သူကိုယ်တိုင် အသနားခံတောင်းပန်ထားတဲ့ ဗွီဒီယိုဖိုင်ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်မှာ တင်သွင်းမှာပါ။ တကယ်လို့ ဒီတောင်းဆိုမှုကို ခွင့်ပြုခဲ့မယ်ဆိုရင် ဒုတိယမြောက် သေခွင့်ရသူ ဖြစ်လာမှာလို့ သိရပါတယ်။

နေသူရိန်