တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း . . 22.8.2019 မှ 28.8.2019 အထိ

226

တနင်္ဂနွေ

မသွားချင်တဲ့ခရီးတွေသွားရတတ်ပါတယ်။အလုပ်ကိစ္စတွေ၊လူမှုရေးကိစ္စတွေကြောင့်အိမ်မကပ်ဖြစ်ရတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်ခြင်းတွေခံရတတ်ပါတယ်။ ရင်းနှီးသူတွေနဲ့ စကားများခွဲခွာရမဲ့အချိန် ပါပဲ။ ရည်မှန်းချက်တွေ မျော်လင့်ထားတာတွေ အထစ်အငေါ့ကြုံပြီးမှ အဆင်ပြေလိမ့်မယ်။

စက်ပစ္စည်းများ လျှပ်စစ်ပစ္စည်းများအဝင်မခံသင့်တဲ့ကာလပါပဲ။ ခရီးဝေးကိစ္စ နိုင်ငံခြားကိစ္စခဏဆိုင်းထားသင့်တဲ့ကာလပါ။လူငယ် လူရွယ်များ လူကြီးမိဘတွေနဲ့ စကားများပြီး အိမ်မကပ်ချင်ဖြစ်နေရမှာပါ။ ရွှေငွေလက်ဝတ်ရတနာများ ထွက်တတ် ပါတယ်။ အလုပ်ရှာနေသူများ အလုပ်ရဖို့ကြန့်ကြာနေတတ်ပါတယ်။

ကိုယ်ပိုင်စီးပွားရေးသမားများ လုပ်ငန်းစီးပွား တိုးတတ်ပါလိမ့်မယ်။ မိတ်ဆွေကောင်းတွေရဲ့အကူအညီအထောက်အပံ့ရမှာပါ။ ဒီကာလအတွင်း အိမ်ထောင် ရှင်များအနေနဲ့ အိမ်တွင်းရေးအပူတွေ့တတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့အဆင်မပြေဖြစ်ရမဲ့အချိန်ပါ။ အချစ်ရေး ကိစ္စများမှာတော့ ချစ်သူနဲ့ စိတ်ကောက်လိုက် ပြန်ချစ်လိုက်ဖြစ်နေရတတ်ပါတယ်။

ကျန်းမာရေးအထူးကောင်း မွန်နေမဲ့ အချိန်ပါပဲ။ နာမကျန်းဖြစ်နေသူများ ဒီကာလအတွင်းသက်သာပါပြီ။ ပညာရေးကံက အားနည်းနိုင်ပါတယ်။ ရင်လောက်မှန်းမှ ဒူးလောက်တင်မဲ့ ကာလပါဗျာ။

အကျိုးပေးဂဏန်း ၀/၇/၃

အထူးဟော အငြိမ်မနေရတတ်ပါ။

ယတြာ ဘုရားရှင်ရဲ့ ရင်ဘတ်တော်အား ရွှေသင်္ကန်းကပ်လှူပါ။

တနင်္လာ

အလုပ်ဒဏ်တွေပိနေတတ်တယ်။ အလုပ်ကိစ္စတွေမှာမနိုင်ဝန်တွေထမ်းနေရတတ်သည်။ အလုပ်နဲ့ပက်သက်ပြီး လုပ်သလောက်အကျိုးမခံစားရတတ်ပါဘူး။ ဒီအချိန်မှာစိတ်ပန်းလူပန်းဖြစ်နေရမည်။ ရထားတဲ့ရာထူးနဲ့ လုပ်ရတဲ့ အလုပ်က ပိုများနေလိမ့်မယ်။ ဒေါသဖြစ်စရာ စိတ်ညစ်စရာတွေ ဆက်တိုက်ကြုံရတတ်တဲ့အတွက် သည်းခံနိုင်မှ တော်ကာကျမည်။

မိမိအနေနဲ့ကဒီအချိန်မှာခိုက်ရန်ဒေါသဖြစ်စရာတွေကြုံလာနိုင်တဲ့အတွက် အရာရာခေါင်းအေး အေး ထားပြီးရှေးတိုးဆောင်ရွက်ပါ။ အရမ်းပင်းပန်နေရင် အလုပ်တွေမေ့ထားပြီးအနားယူသင့်တဲ့အချိန်ပါ။ ကျန်းမာရေးကို အထူးဂရုစိုက်စေချင်ပါတယ်။ အကောင်းကြီးကနေ ရုတ်တရက်ကျန်းမာရေးအားနည်းသွားတတ်ပါ တယ်။

ငွေကြေးအပေးအယူသတိရှိပါ။ ငွေယူခြင်း ကြွေးတောင်းခြင်းမလုပ်ပါနဲ့ ။အချစ်ရေးကိစ္စတွေမှာ အသဲကွဲ ရတာ ချစ်သူရဲ့ဥပေက္ခာပြုခြင်းခံရတာမျိုးတွေကြုံရလိမ့်မယ်။ စိတ်ကူးထားတာ ရည်မှန်းထားတာတွေ ဖြေးဖြေး မှန်မှန်အကျိုးပေးပါလိမ့်မယ်။အိမ်ထောင်ရေးကိစ္စအထူးညံ့တဲ့ကာလပါ။

အိမ်ထောင်ဘက်ချင်းစကားများ စိတ်ဝမ်း ကွဲရ တတ်ပါတယ်။ ပညာရေးမှာ စာမလိုက်နိုင်တာမျိုးတွေ ကြုံရတတ်ပါတယ်။ စာမေးပွဲအတွက်စိုးရိမ်ကြောင့်ကြ နေရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော စိတ်များ အလုပ်များနေရတတ်သည်။

ယတြာ ဘုရားရင်ပြင်တွေ တန်ဆောင်းတွေမှာ တံမြက်စည်းလှဲပါ။

အင်္ဂါ

ကံကောင်းခြင်းတွေမိမိဆီရောက်လာနေပါပြီ။အလုပ်စီးပွားတိုးတတ်မည်။ မိမိတန်ဖိုးထားတဲ့အရာများ မိမိလက် ဝယ်ရောက်ရှိမည်။ ရတနာဝင်မည်။အနာဂတ်အကျိုးစီးပွားအတွက်ခိုင်မာစွာ ဆုံးဖြတ်ချက်ချသင့်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရမည်။ အင်တာဗျူးဖြေထားသူများအောင်လိမ့်မည်။အထက်လူကြီးမစမည်။

ဖခင်ဘက် ကအမျိုးတွေဆီက အကူအညီတွေရမည်။အလုပ်ရှာနေသူများအလုပ်ရပါလိမ့်မယ်။ ယှဉ်ပြိုင်လာသမျှအနိုင်ရမဲ့ အချိန်ပါပဲ။ မိမိကို နှုတ်၏ဆောင်မခြင်း ဖြင့် အကြံဉာဏ်ကောင်းတွေပေးမဲ့သူကို ကြုံရတတ်ပါတယ်။ ကျန်းမာရေး လဲ အထူးကောင်းနေမဲ့အချိန်ပါပဲ။ အချစ်ရေးမှာ ချစ်သူရဲ့ အလိုလိုက်ခြင်းခံရမဲ့အချိန်ပါ။

ပညာရေးကံမြင့်မား နေတဲ့ကာလပါပဲ။တန်ဖိုးထားစရာ မြတ်နိုးစရာကောင်းသော လက်ဆောင်ပစ္စည်းများရလာတတ်တဲ့ကာလတစ်ခု ပါပဲ။ ထိုအတူ အလုပ်စီးပွားလဲတိုးတတ်နိုင်ဖို့ရှိနေပါတယ်။ အတိတ်ကံရဲ့ ကောင်းကျိုးတရားတွေကို ခံစားရနိုင်တဲ့ ကာလဖြစ်တဲ့အတွက် ထီကံစမ်းခြင်းမျိုးပြုသင့်ပါတယ်။

မိသားစုအတွင်း အမိန့်ဆန်ဆန်ပြောဆိုမှုကြောင့်စကား အခြေ အတင်ဖြစ်ရလိမ့်မယ်။ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၇/၀/၉

အထူးဟော ကံကောင်းနေမည်။

ယတြာ သစ်သီးဆွမ်း ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟု

စီးပွားရေးအထူးကောင်းမည်။ လက်ဝယ်ရရှိသောအခွင့်အရေးကို လက်လွှတ်မခံပါနှင့်။ အိမ်ကိစ္စ ၊အမွေကိစ္စ ၊မြေကိစ္စ များ အဆင်ပြေမည်။ တစ်ခုသတိထားရမှာက လူယုံမထားရ။ အရမ်းရင်းနှီးသူများကြောင့်စိတ်ညစ်ရမည်။ ကိုယ့်ရဲ့ငယ်ကျိုးငယ်နာတွေကို ဖော်တဲ့သူတွေကြောင့်အရှက်ကွဲမည်။ကူညီမဲ့သူ ၊ပံ့ပိုးမဲ့သူတွေ အနားမှာရှိနေ တတ်ပါတယ်။

လူမျိုးခြားတစိမ်းတရံတွေရဲ့ ထောက်ပံ့ခြင်းမျိုးကြုံရမည်။ ကိုယ်ပိုင်လုပ်ငန်းများ မိတ်ဆွေသစ် ၊ဖောက်သည်အသစ်တွေ တိုးပွားလာနိုင်ဖွယ်ရှိပါတယ်။ ရပ်ဝေးရောက်နေသော မိတ်ဆွေများနဲ့ ပြန်လည်ဆုံဆည်း ရတတ်ပါတယ်။ အချစ်ရေးကဏ္ဍ အထူးအားကောင်းချိန်လို့ဆိုရမှာပဲ။ အချစ်ရေးကိစ္စအဆင်ပြေမယ်။

မိမိအပေါ် စိတ် ကောက်နေသူ၊စကားများပြီးမခေါ်တဲ့ချစ်သူတောင် ပြန်ခေါ်လိမ့်မယ်။ လက်ထပ်ဖို့ရည်ရွယ်ထားသူများ မမျှော် လင့်ဘဲ နှစ်ဦးသဘောတူခိုးပြေးမိတတ်သည်။ သတိထားဖို့ပါ။ မီး၊လျှပ်စစ်ကိုင်တွယ်နေရသူများ အထူးသတိ ထားပါ။ ဓာတ်လိုက်တတ်ပါတယ်။

အိမ်ထောင်ရေးကံကမိမိကိုယ်တိုင်က ခြေရှုပ်ချင်နေတဲ့စိတ်မျိုးရှိရင် ရှောင်သင့် ပါတယ်ဗျာ။ ပညာရေးကတော့ ဝီရိယရှေ့ထားကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၀၊၄၊၂

အထူးဟော စုတ်ရော ၊လာဘ်ရော ဝင်မည်။

ယတြာ ကော်ရည်ခေါက်ဆွဲဘုရားလှူပါ။

ကြာသပတေး

အဓိကဂရုစိုက်ရမှာက ကျန်းမာရေးပဲ။ ကျန်းမာရေးဒေါင်ဒေါင်မည်တဲ့သူတောင် ဒီကာလအတွင်းဖျားနာတတ်တယ်။ အားကစားတစ်ခုခုအမြဲလုပ်နေသူဆို မတော်တဆ ထိခိုက်မိတတ်တယ်။ အောက်လယ်ငယ်သားကြောင့်ဒုက္ခ ရောက်တတ်တယ်။ အရေးကြီးကိစ္စများအောက်လက်ငယ်သားတွေကို မျက်နှာလွှဲမခိုင်းပါနဲ့။

ဒီကာလအတွင်း မျက်စိပိတ်နားပိတ်နေနိုင်ရင်အကောင်းဆုံးပါပဲ။အလုပ်ခွင်မှာပဲဖြစ်ဖြစ် အိမ်မှာ ပဲဖြစ်ဖြစ် မိမိလုပ်လိုက်တဲ့ကိစ္စရပ် တွေ က စေတနာကောင်းနဲ့လုပ်ပေမဲ့ အဆိုးဖြစ်သွားတတ်ပါတယ်။ အနေ အထိုင် တတ်ဖို့ လိုပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်ဝင်ပါမိတာမျိုးရှောင်ပါ။ ဓားခုတ်ရာ လက်လျှိုမိတတ်ပါတယ်။

ပြဿနာ တွေ မဖိတ်ခေါ်ဘဲရောက်လာ တတ်ပါတယ်။ကံကောင်းတာတစ်ခုကတော့ မိမိအတွက်စိတ်ကူးကောင်းတွေရလာပါလိမ့်မယ်။ ပညာရေးမှာတော့ နည်းနည်းခက်ခဲပါလိမ့်မယ်။ ကြိုးစားသမျှအရာမထင် ဖြစ်ရတတ်ပါတယ်။ မျက်နှာများတဲ့ချစ်သူကြောင့် စိတ်ညစ် ရမည်။ အချစ်ရေးမှာကြားကနှောက်ယှက်မဲ့သူတွေရှိပါတယ်။

ကြားစကားတွေမယုံဘဲ ကိုယ့်ချစ်သူစကား ကိုပဲယုံသင့်ပါတယ်။ အိမ်ထောင်သည်များ စကားအခြေအတင်များရလိမ့်မယ်။

အကျိုးပေးဂဏန်း ၅/၆/၈

အထူးဟော တစ်ယောက်ထဲနေ တစ်စိတ်ပဲထားပါ

ယတြာ ဗွက်ထနေသော လမ်းအားအုတ်ကျိုးခင်းလိုက်ပါ။

သောကြာ

အခက်အခဲကြုံရင်ကူညီမဲ့သူတွေပေါ်လာမဲ့ အချိန်ပါ။ ငွေကတော့ ဝင်ပါလိမ့်မယ်။ ငွေလက်ထဲထားရင် ဆီလို အပေါက်ရှာပြီးထွက်သွားလိမ့်မယ်။ အလုပ်စီးပွားတော့သိပ်မညံ့ပါဘူး။ မောင်နှမတွေစိတ်ဝမ်းကွဲစရာများကြုံ လိမ့်မည်။ လုပ်ငန်းခွင်အတွင်း လူကြီးမျက်နှာသာပေးခြင်းခံရပါလိမ့်မယ်။

ကျန်းမာရေးကတော့ ဂရုစိုက်ဖို့ လိုအပ်တဲ့အချိန်ပါပဲ။အရမ်းရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးရဲ့နာရေးသတင်းကိုကြားရတတ်ပါတယ်။ မိမိကို ကူညီမဲ့သူ တွေရှိသလို ဒုက္ခပေးမဲ့သူတွေလဲ ဝန်းရံနေတတ်တဲ့ကာလပါ။ မိမိဆန္ဒထက်အများဆန္ဒကို ဦးစားပေးလိုက်ပါ။ ဖခင်နဲ့ပက်သက်ပြီး စိုးရိမ်စရာကြုံရတတ်ပါတယ်။

အလုပ်ကိစ္စ ၊နေရာထိုင်ခင်းကိစ္စ ၊ရာထူးကိစ္စ တွေနဲ့ပက်သက်ပြီး နည်းနည်းတော့ စိတ်ရှုပ်ရမှာပါ။အိမ်ထောင်ရေးတော့ စိတ်ညစ်ရလိမ့်မယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားများ ရမည်။တစ်ခုကောင်းတာက လူချစ်လူခင်များမဲ့ကာလပါပဲ။ စန်းလဲပွင့်နေပါတယ်။ဆွေမျိုးတွေဆီအလည်အပတ် သွားခြင်းမျိုးတွေ အထူးရှောင်လိုက်ပါ။

အချစ်ရေးကံကြမ္မာအနေနဲ့ ချစ်သူနဲ့ ချစ်လျက်နဲ့ဝေးနေရပါလိမ့်မယ်။ ပညာရေးကတော့အကောင်းများနေချိန်ပါပဲ။ အစပျိုးဆောင်ရွက်ခြင်းများ ပညာရေးအတွက်ကောင်းပါတယ်။

အကျိုးပေးဂဏန်း ၂၊၄၊၆

အထူးဟော ကံသင့်ပါသည်။

ယတြာ ခရမ်းသီးဟင်းချက်ပြီး အိမ်ကဘုရားမှာ ကပ်လှူ ပေးပါ။

စနေ

ငွေဘယ်လိုဝင်မလဲ လုပ်ငန်းဘယ်လိုတိုးတတ်မလဲ တွေးမိလုပ်မိနေတတ်သည်။ စိတ်ကူးအယူအဆတွေကလဲ မှန်နေတတ်တယ်။ စီးပွားရေးမှာ မိမိအားထည့်သလောက် အကျိုးဖြစ်ထွန်းနေမှာပါ။ မိတ်ဆွေတွေ လုပ်ဖော် ကိုင်ဖက်တွေရဲ့ အကူအညီကောင်းတွေအများကြီးရမှာပါ။ မိမိကိုမုန်းနေသူတွေပင် လိုလိုလားလားပြန်ခေါ်လာ တတ်ပါတယ်။

လုပ်ငန်းများချဲ့ထွင်ခြင်းအလုပ်အသစ်စတင်ခြင်း အထူးကောင်းပါလိမ့်မယ်။ ကံကလဲအရမ်းမြင့်မား နေတဲ့ကာလပါ။ ကောင်းတဲ့လိုအင်ဆန္ဒတွေပြည့်စုံမဲ့အချိန်ပေါ့။ ငွေကြေးလဲအဘက်ဘက်ကဝင်လာတတ်ပါတယ်။ ဆိုင်ခန်းကိစ္စ၊အိမ်ကိစ္စ၊အလုပ်ကိစ္စ အခက်အခဲကြုံနေသူများပြန်အဆင်ပြေလိမ့်မည်။

စပ်တူကိစ္စ၊ ရှယ်ယာကိစ္စ များလုပ်ကိုင်၍ အကျိုးပေးလိမ့်မယ်။ ဘာသာရေးနဲ့ပက်သက်သော ပစ္စည်းများလက်ဆောင်ရ မည်။ခရီးကောင်း တွေသွား ရတတ်ပါတယ်။ ပျော်ရွှင်စရာခရီးပါ။ ငွေတွေလဲဝင်တတ်ပါတယ်။ တပည့်တွေကလက်ဆောင်ပစ္စည်း ပို့ပေးတာ မျိုးကြုံရတတ်ပါတယ်။ ပညာရေးကိစ္စ ၊အင်တာဗျူးကိစ္စ၊စာမေးပွဲကိစ္စ အောင်မြင်လိမ့်မည်။

လူငယ်များ အချစ်ရေးအတွက်စိတ်ညစ်ရမည်။ ချစ်သူချင်း ဝေးရတတ်သည်။ ကျန်းမာရေးကတော့ အထူးကောင်းနေမှာပါ။

အကျိုးပေးဂဏန်း ၃၊၅၊၇

အထူးဟော ဘာသာတရားများများလုပ်လေကံ ကောင်းလေပါပဲ

ယတြာ ပဋ္ဌာန်းနေစဉ်တစ်နေ့တစ်ခေါက်၇ရက်တိတိရွတ်ပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 ။09 44 5555 695