စာနဲ႔ ေရးပုိ႔တဲ့ သူေတြထက္ Emoji နဲ႔ ေရးပုိ႔တဲ့ သူေတြက ခ်စ္သူရတာ ပုိလြယ္ကူ

85

စာနဲ႔ ေရးပုိ႔တဲ့ သူေတြထက္ Emoji နဲ႔ ေရးပုိ႔တဲ့ သူေတြက ခ်စ္သူရတာ ပုိလြယ္ကူေႀကာင္း ေလ့လာေတြ႔ရွိ

ျမန္ျမန္ ခ်စ္သူရခ်င္ပါသလား… လူမႈကြန္ရက္ကေန စကားေျပာတဲ့ အခါမွာ စာအရွည္ႀကီး ေရးပုိ႔ေနတာေတြကုိ ရပ္တန္႔ၿပီး Emoji ေလးေတြနဲ႔ ေရးပုိ႔ႀကည့္ပါ။ ဒါဆုိရင္ေတာ့ ခ်စ္သူတစ္ဦးရဖုိ႔ ပုိၿပီး လြယ္ကူလာမွာ ျဖစ္ပါတယ္။

PLoS ONE ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ ေလ့လာမႈ အသစ္က Emoji ေတြကုိ အသုံးျပဳတဲ့ သူေတြ နဲ႔ ျမန္ျမန္ေလး ခ်စ္သူရႀကတဲ့ သူေတြႀကားမွာ ဆက္ႏြယ္မႈ ရွိတယ္လုိ႔ အခုိင္အမာ ေဖာ္ျပေရးသားထားတာပဲ ျဖစ္ပါတယ္။စစ္တမ္းေကာက္ ေလ့လာသူေတြဟာ ဘာလုိ႔ စာနဲ႔ ေရးပုိ႔တဲ့ သူေတြထက္ Emoji နဲ႔ ေရးုပုိ႔တဲ့ သူေတြက တျခား သူေတြနဲ႔ ေပါင္းသင္းဆက္ဆံတဲ့ အခါမွာ ပုိၿပီး အဆင္ေျပႀကတာလဲ ဆုိတာကုိ အေျဖရွာဖုိ႔ ႀကိဳးစားခဲ့ႀကပါတယ္။

ေလ့လာသူေတြက “စစ္တမ္းေကာက္ ေလ့လာမႈ ႏွစ္ခု ျပဳလုပ္ခဲ့ၿပီး တစ္ခုက Emoji အသုံးၿပဳတဲ့ အေရအတြက္ နဲ႔ တုံ႔ျပန္မႈပါ။ အျခားတစ္ခုက Emoji အသုံးျပဳတာက ခ်စ္သူရဖုိ႔ အလားလာ ပုိရွိ၊ မရွိပါ” လုိ႔ ေရးခဲ့ပါတယ္။ေလ့လာမႈ ႏွစ္ခုက လူအေယာက္ (၅၀၀၀) ကုိ စစ္တမ္းေကာက္ ေလ့လာခဲ့တာ ျဖစ္ၿပီး Emoji အသုံးျပဳႀကရတဲ့ အေႀကာင္းအရင္း နဲ႔ ဘာလုိ႔ အသုံးျပဳဖုိ႔ ေရြးခ်ယ္ခဲ့တာလဲဆုိတာ ေမးျမန္းခဲ့ပါတယ္။

လူေတြ ျပန္ေျဖခဲ့ႀကတာက “ခံစားခ်က္ ဖြင့္ေျပာဖုိ႔ ပုိလြယ္တယ္”၊ “စာအျပည့္ ေရးရတာထက္ ပုိျမန္ၿပီး ပုိလြယ္တယ္”၊ “ဒါက ေခတ္ဆန္ၿပီး အျခားသူေတြလည္း အသုံးျပဳႀကတယ္” စသျဖင့္ မတူညီတဲ့ အေႀကာင္းျပခ်က္ေတြကို ေတြ႔ရွိခဲ့ႀကပါတယ္။ေနာက္ထပ္ စစ္တမ္းေကာက္ ေမးခဲ့တာက ၿပီးခဲ့တဲ့ (၁၂) လအတြင္းမွာ ခ်စ္သူ ဘယ္ႏွစ္ေယာက္ ရခဲ့ႀကသလဲ ဆုိတာ ျဖစ္ပါတယ္။

ေလ့လာေတြ႔ရွိမႈကေတာ့ Emoji အသုံးျပဳတဲ့ သူေတြဟာ ပထမဆုံးအႀကိမ္ ခ်ိန္းေတြ႔ၿပီးရင္ ထပ္ခ်ိန္းေတြ႔ႀကသလုိ၊ လိင္ဆက္ဆံမႈလည္း ပုိမ်ားတာကုိ ေတြ႔ရွိခဲ့ႀကပါတယ္။ သတိေပးစရာ တစ္ခုရွိတာေတာ့ တျခားသူ တစ္ေယာက္က ဘာမွ မျပန္ခင္ ခရမ္းသီး Emoji ကုိေတာ့ သြားမပုိ႔ပါနဲ႔၊ Block ခံရပါလိမ့္မယ္။

Ko Khant ( D Nae Khit Media )

ျပည္တြင္းမီဒီယာမ်ားမွ ကူးယူထားေသာ သတင္းမဟုတ္ပါ။ D Nae Khit Media ၏ ပင္တုိင္ေဆာင္းပါးရွင္ “Ko Khant”မွ ladbibleတြင္ ေဖာ္ျပထားေသာ သတင္းကို ကိုးကားထားျခင္းျဖစ္ပါသည္။

Unicode

စာနဲ့ ရေးပို့တဲ့ သူတွေထက် Emoji နဲ့ ရေးပို့တဲ့ သူတွေက ချစ်သူရတာ ပိုလွယ်ကူကြောင်း လေ့လာတွေ့ရှိ

မြန်မြန် ချစ်သူရချင်ပါသလား… လူမှုကွန်ရက်ကနေ စကားပြောတဲ့ အခါမှာ စာအရှည်ကြီး ရေးပို့နေတာတွေကို ရပ်တန့်ပြီး Emoji လေးတွေနဲ့ ရေးပို့ကြည့်ပါ။ ဒါဆိုရင်တော့ ချစ်သူတစ်ဦးရဖို့ ပိုပြီး လွယ်ကူလာမှာ ဖြစ်ပါတယ်။

PLoS ONE ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှု အသစ်က Emoji တွေကို အသုံးပြုတဲ့ သူတွေ နဲ့ မြန်မြန်လေး ချစ်သူရကြတဲ့ သူတွေကြားမှာ ဆက်နွယ်မှု ရှိတယ်လို့ အခိုင်အမာ ဖော်ပြရေးသားထားတာပဲ ဖြစ်ပါတယ်။စစ်တမ်းကောက် လေ့လာသူတွေဟာ ဘာလို့ စာနဲ့ ရေးပို့တဲ့ သူတွေထက် Emoji နဲ့ ရေးုပို့တဲ့ သူတွေက တခြား သူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့ အခါမှာ ပိုပြီး အဆင်ပြေကြတာလဲ ဆိုတာကို အဖြေရှာဖို့ ကြိုးစားခဲ့ကြပါတယ်။

လေ့လာသူတွေက “စစ်တမ်းကောက် လေ့လာမှု နှစ်ခု ပြုလုပ်ခဲ့ပြီး တစ်ခုက Emoji အသုံးပြုတဲ့ အရေအတွက် နဲ့ တုံ့ပြန်မှုပါ။ အခြားတစ်ခုက Emoji အသုံးပြုတာက ချစ်သူရဖို့ အလားလာ ပိုရှိ၊ မရှိပါ” လို့ ရေးခဲ့ပါတယ်။လေ့လာမှု နှစ်ခုက လူအယောက် (၅၀ဝ၀) ကို စစ်တမ်းကောက် လေ့လာခဲ့တာ ဖြစ်ပြီး Emoji အသုံးပြုကြရတဲ့ အကြောင်းအရင်း နဲ့ ဘာလို့ အသုံးပြုဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ မေးမြန်းခဲ့ပါတယ်။

လူတွေ ပြန်ဖြေခဲ့ကြတာက “ခံစားချက် ဖွင့်ပြောဖို့ ပိုလွယ်တယ်”၊ “စာအပြည့် ရေးရတာထက် ပိုမြန်ပြီး ပိုလွယ်တယ်”၊ “ဒါက ခေတ်ဆန်ပြီး အခြားသူတွေလည်း အသုံးပြုကြတယ်” စသဖြင့် မတူညီတဲ့ အကြောင်းပြချက်တွေကို တွေ့ရှိခဲ့ကြပါတယ်။နောက်ထပ် စစ်တမ်းကောက် မေးခဲ့တာက ပြီးခဲ့တဲ့ (၁၂) လအတွင်းမှာ ချစ်သူ ဘယ်နှစ်ယောက် ရခဲ့ကြသလဲ ဆိုတာ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိမှုကတော့ Emoji အသုံးပြုတဲ့ သူတွေဟာ ပထမဆုံးအကြိမ် ချိန်းတွေ့ပြီးရင် ထပ်ချိန်းတွေ့ကြသလို၊ လိင်ဆက်ဆံမှုလည်း ပိုများတာကို တွေ့ရှိခဲ့ကြပါတယ်။ သတိပေးစရာ တစ်ခုရှိတာတော့ တခြားသူ တစ်ယောက်က ဘာမှ မပြန်ခင် ခရမ်းသီး Emoji ကိုတော့ သွားမပို့ပါနဲ့၊ Block ခံရပါလိမ့်မယ်။

Ko Khant ( D Nae Khit Media )

ပြည်တွင်းမီဒီယာများမှ ကူးယူထားသော သတင်းမဟုတ်ပါ။ D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင် “Ko Khant”မှ ladbibleတွင် ဖော်ပြထားသော သတင်းကို ကိုးကားထားခြင်းဖြစ်ပါသည်။