အဝတ္ဗလာနဲ႔ ကားေပၚကေန ဟန္ေရးျပခဲ့တဲ့ အမ်ိဳးသမီးကို ရဲကရွာေဖြေန

185

ၾကည္ႏူးစရာကမာၻၾကီးမွာ အေပ်ာ္ေတြလြန္ျပီး မိုးမျမင္ေလမျမင္ကဲခဲ့တဲ့ အမိ်ဳးသမီး တစ္ဦးရဲ႕ အ၀တ္အစားမပါတဲ့ ပံုေတြ အြန္လိုင္းေပၚပ်ံခဲ့ပါတယ္။ အမိုးဖြင့္ ဖာရာရီကားနီေလးေပၚမွာ အေမေမြးတဲ့အတုိင္း အလွစစ္စစ္ေတြကို ပတ္၀န္းက်င္ကို အလွဴလုပ္ျပခဲ့တဲ့ အာဂအမ်ိဳးသမီးေလးပါ။

ျဖစ္ပြားခဲ့တာက ဘယ္လာရစ္ကၽြန္းေပၚမွာပါ။ အမ်ိဳးသမီးနဲ႔ သူ႕ေကာင္ေလး ကားေမာင္းသူလို႔ ယူဆရတဲ့ႏွစ္ဦးဟာ ညၾကီးအခ်ိန္မေတာ္မွာ ေလွ်ာက္လည္ရင္း အမ်ိဳးသမီးက ဒီလိုလုပ္ခဲ့တာပါ။ ဓာတ္ပံုေတြအရိုက္ခံခဲ့တဲ့အျပင္ ဘာမွကို စဥ္းစားခဲ့ပံုမရတဲ့ အမ်ိဳးသမီးဟာ ေတာ္ေတာ္ေလးေပ်ာ္ေနတာကိုေတြ႔ရပါတယ္။ ရဲေတြကေတာ့ ထံုးစံအတိုင္းစံုစမ္းရပါျပီ။

 

အမ်ိဳးသမီးကို ရွာေဖြေနေပမဲ့ ဘယ္သူလဲဆိုတာ ေျပာရခက္ေနပါတယ္။ ဒါပေမဲ့ ကၽြန္းေပၚမွာ ဖာရာရီအနီေရာင္ကို ပိုင္တာသိပ္မရွိတဲ့အတြက္ ကားကိုအရင္စံုစမ္းလိုက္ျပီး၊ ဒဏ္ေငြရိုက္မယ္လို႔ ဆိုပါတယ္။ ဒဏ္ေငြကလည္း ေပါင္ (၄၅၈) ဆိုေတာ့ သိပ္လည္း မူေနမယ့္ပံုမေပၚပါဘူး။ ဒရိုင္ဘာနဲ႔ ကားပိုင္ရွင္ကိုသိရင္ လိုင္စင္ရမွတ္ထဲက (၆)မွတ္ႏႈတ္မွာပါ။

 

အေၾကာင္းက ဒီျဖစ္ရပ္ကို ဘယ္လို ဥပေဒနဲ႔ အမ်ားဆံုးေပးလို႔ရမလဲနဲ႔ ခ်မွတ္ထားတာမရွိတာေၾကာင့္လု႔ိဆိုပါတယ္။ တကယ္လို႔မ်ား ေတြ႔ခဲ့ရင္ေတာ့ ရည္ရြယ္ခ်က္ကိုေမးႏုိင္ရင္ တျခားေသာအေၾကာင္းအရာေတြနဲ႔ တရားစြဲလို႔ရတယ္ဆိုပါတယ္။ အမ်ိဳးသမီးက တီးလံုးသံေလးနဲ႔ စည္းခ်က္ညီညီကေနတာက သူ႕ဘာသာေပ်ာ္ေနတာလဲျဖစ္ႏုိင္တဲ့အတြက္လို႔ ရဲတပ္ဖြဲ႔က ေျပာၾကားခဲ့ပါတယ္။

 

သူေရး (D Nae Thit)

Unicode

အဝတ်ဗလာနဲ့ ကားပေါ်ကနေ ဟန်ရေးပြခဲ့တဲ့ အမျိုးသမီးကို ရဲကရှာဖွေနေ

ကြည်နူးစရာကမ္ဘာကြီးမှာ အပျော်တွေလွန်ပြီး မိုးမမြင်လေမမြင်ကဲခဲ့တဲ့ အမျိုးသမီး တစ်ဦးရဲ့ အဝတ်အစားမပါတဲ့ ပုံတွေ အွန်လိုင်းပေါ်ပျံခဲ့ပါတယ်။ အမိုးဖွင့် ဖာရာရီကားနီလေးပေါ်မှာ အမေမွေးတဲ့အတိုင်း အလှစစ်စစ်တွေကို ပတ်ဝန်းကျင်ကို အလှူလုပ်ပြခဲ့တဲ့ အာဂအမျိုးသမီးလေးပါ။

ဖြစ်ပွားခဲ့တာက ဘယ်လာရစ်ကျွန်းပေါ်မှာပါ။ အမျိုးသမီးနဲ့ သူ့ကောင်လေး ကားမောင်းသူလို့ ယူဆရတဲ့နှစ်ဦးဟာ ညကြီးအချိန်မတော်မှာ လျှောက်လည်ရင်း အမျိုးသမီးက ဒီလိုလုပ်ခဲ့တာပါ။ ဓာတ်ပုံတွေအရိုက်ခံခဲ့တဲ့အပြင် ဘာမှကို စဉ်းစားခဲ့ပုံမရတဲ့ အမျိုးသမီးဟာ တော်တော်လေးပျော်နေတာကိုတွေ့ရပါတယ်။ ရဲတွေကတော့ ထုံးစံအတိုင်းစုံစမ်းရပါပြီ။

အမျိုးသမီးကို ရှာဖွေနေပေမဲ့ ဘယ်သူလဲဆိုတာ ပြောရခက်နေပါတယ်။ ဒါပမေဲ့ ကျွန်းပေါ်မှာ ဖာရာရီအနီရောင်ကို ပိုင်တာသိပ်မရှိတဲ့အတွက် ကားကိုအရင်စုံစမ်းလိုက်ပြီး၊ ဒဏ်ငွေရိုက်မယ်လို့ ဆိုပါတယ်။ ဒဏ်ငွေကလည်း ပေါင် (၄၅၈) ဆိုတော့ သိပ်လည်း မူနေမယ့်ပုံမပေါ်ပါဘူး။ ဒရိုင်ဘာနဲ့ ကားပိုင်ရှင်ကိုသိရင် လိုင်စင်ရမှတ်ထဲက (၆)မှတ်နှုတ်မှာပါ။

အကြောင်းက ဒီဖြစ်ရပ်ကို ဘယ်လို ဥပဒေနဲ့ အများဆုံးပေးလို့ရမလဲနဲ့ ချမှတ်ထားတာမရှိတာကြောင့်လု့ိဆိုပါတယ်။ တကယ်လို့များ တွေ့ခဲ့ရင်တော့ ရည်ရွယ်ချက်ကိုမေးနိုင်ရင် တခြားသောအကြောင်းအရာတွေနဲ့ တရားစွဲလို့ရတယ်ဆိုပါတယ်။ အမျိုးသမီးက တီးလုံးသံလေးနဲ့ စည်းချက်ညီညီကနေတာက သူ့ဘာသာပျော်နေတာလဲဖြစ်နိုင်တဲ့အတွက်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သူရေး (D Nae Thit)