မႏၲေလးတြင္ မီးပြိဳင့္လမ္းဆံု၌ ကားႏွစ္စီး တိုက္မိ၊ ယာဥ္ေပၚပါ အမ်ိဳးသမီးႏွစ္ဦး ေသဆံုး

156

ဘခက္၊ ၾသဂုတ္-၂၁

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ ၈၆လမ္းႏွင့္ ၄၁လမ္းဆံု မီးပြိဳင့္တြင္ ယေန႔နံနက္အေစာပိုင္းက ထရပ္ကားႏွစ္စီး တိုက္မိခဲ့ရာ ယာဥ္ေပၚပါ အမ်ိဳးသမီးႏွစ္ဦး ေသဆံုးၿပီး တစ္ဦးထိခိုက္ဒဏ္ရာ ရရွိခဲ့သည္။

၄၁လမ္းအတိုင္း အေနာက္မွ အေရွ႕သို႔ ေမာင္းႏွင္လာေသာ Toyotace Truck ယာဥ္ႏွင့္ ၈၆လမ္းအတိုင္း ေတာင္မွေျမာက္သို႔ ေမာင္းႏွင္လာေသာ Truck ယာဥ္တို႔ ၾသဂုတ္(၂၁)ရက္ နံနက္(၂)နာရီခန္႔က တိုက္မိခဲ့ျခင္းျဖစ္သည္။

အဆိုပါ ယာဥ္တိုက္မူေၾကာင့္ Toyotace Truck ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ကူမဲျမိဳ႕နယ္ေန အသက္(၃၀)၀န္းက်င္အရြယ္ ေစ်းသည္ အမ်ိဳးသမီးႏွစ္ဦးႏွင့္ အမ်ိဳးသားတစ္ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့သည္။ ယာဥ္တိုက္မူေၾကာင့္ ထိခိုက္ဒဏ္ရာရသူမ်ားအား ေဆးရံုသို႔ ပို႕ေဆာင္စဥ္ အမ်ိဳးသမီးႏွစ္ဦးမွာ ေသဆံုးခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာက္ဆည္ၿမိဳ႕နယ္ေန အသက္(၂၆)ႏွစ္အရြယ္ Toyotace Truck ယာဥ္ေမာင္း ႏွင့္ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ေန အသက္(၃၄)ႏွစ္အရြယ္ Truck ယာဥ္ေမာင္းတို႔ကို ယာဥ္မဆင္မျခင္ ေမာင္းႏွင္၍ တိုက္မိၿပီး လူ႕အသက္ေသဆံုးျခင္းႏွင့္ ဒဏ္ရာရရွိျခင္းအတြက္ ရာဇသတ္ႀကီးဥပေဒ ၃၀၄(က)/၃၃၇တို႔ျဖင့္ အမူဖြင့္အေရးယူထားေၾကာင္း မဟာေအာင္ေျမၿမိဳ႔မ ရဲစခန္းမွ သတင္းရရွိသည္။

မႏၲေလးၿမိဳ႕တြင္ ယာဥ္တိုက္မူမ်ားေၾကာင့္ ႏွစ္ရက္လွ်င္ လူတစ္ဦးႏွဳန္းခန္႔ ေသဆံုးလွ်က္ရွိသည္။ ယခုႏွစ္ ဇန္နဝါရီမွ ဇူလိုင္လကုန္အထိ မႏၲေလးခ႐ိုင္(၇)ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ ယာဥ္တိုက္မူမ်ားေၾကာင့္ (၉၁)ဦးေသဆံုးကာ လူ(၃၀၀)နီးပါး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သတင္းရရွိသည္။

မႏၲေလးၿမိဳ႕ ၄၁လမ္းႏွင့္ ၈၆လမ္းဆံု မီးပြိဳင့္တြင္ ယာဥ္တိုက္မူျဖစ္ပြားစဥ္။ ဓါတ္ပံု – ဘခက္။

Mandalay Indepth News

Unicode

ဘခက်၊ သြဂုတ်-၂၁

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၆လမ်းနှင့် ၄၁လမ်းဆုံ မီးပွိုင့်တွင် ယနေ့နံနက်အစောပိုင်းက ထရပ်ကားနှစ်စီး တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

၄၁လမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာသော Toyotace Truck ယာဉ်နှင့် ၈၆လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော Truck ယာဉ်တို့ သြဂုတ်(၂၁)ရက် နံနက်(၂)နာရီခန့်က တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိုက်မူကြောင့် Toyotace Truck ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကူမဲမြို့နယ်နေ အသက်(၃၀)ဝန်းကျင်အရွယ် ဈေးသည် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ယာဉ်တိုက်မူကြောင့် ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်စဉ် အမျိုးသမီးနှစ်ဦးမှာ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဆည်မြို့နယ်နေ အသက်(၂၆)နှစ်အရွယ် Toyotace Truck ယာဉ်မောင်း နှင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နေ အသက်(၃၄)နှစ်အရွယ် Truck ယာဉ်မောင်းတို့ကို ယာဉ်မဆင်မခြင် မောင်းနှင်၍ တိုက်မိပြီး လူ့အသက်သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းအတွက် ရာဇသတ်ကြီးဥပဒေ ၃၀၄(က)/၃၃၇တို့ဖြင့် အမူဖွင့်အရေးယူထားကြောင်း မဟာအောင်မြေမြို့မ ရဲစခန်းမှ သတင်းရရှိသည်။

မန္တလေးမြို့တွင် ယာဉ်တိုက်မူများကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်းခန့် သေဆုံးလျှက်ရှိသည်။ ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လကုန်အထိ မန္တလေးခရိုင်(၇)မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မူများကြောင့် (၉၁)ဦးသေဆုံးကာ လူ(၃၀ဝ)နီးပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မန္တလေးမြို့ ၄၁လမ်းနှင့် ၈၆လမ်းဆုံ မီးပွိုင့်တွင် ယာဉ်တိုက်မူဖြစ်ပွားစဉ်။ ဓါတ်ပုံ – ဘခက်။

Mandalay Indepth News