အိမ်ထောင်ရှိမှန်းသိပေမဲ့ အတူနေရတာ ကောင်းလွန်းလို့ လမ်းမခွဲချင်ဘူးလို့ ဆိုတဲ့ (၁၉) နှစ်အရွယ် မိန်းမပျို

1317









Unicode

ဘာလို့ အမျိုးသမီးတွေက အိမ်ထောင်သည်အမျိုးသားတွေကိုမှ တမ်းတမ်းစွဲ ဖြစ်ကြတာလဲ။ အင်္ဂလန်နိုင်ငံက အသက် (၁၉) နှစ်အရွယ် အမည်မဖော် အမျိုးသမီး ဘောလုံးသမားကတော့ (၃၈) နှစ်အရွယ် သူ့မရဲ့နည်းပြနဲ့ အတူနေပြီး တမ်းတမ်းစွဲ ဖြစ်သွားပါတယ်။

သူဟာ နည်းပြမှာ ဇနီးရှိပြီး အိမ်ထောင်သည်အမျိုးသား ဖြစ်တာကို သိပေမဲ့ လမ်းမခွဲနိုင်ဘဲ တိတ်တိတ်ပုန်းချစ်သူ အနေနဲ့ ကျေနပ်စွာ ဆက်လက် လက်တွဲခဲ့ပါတယ်။သူဟာ ဘောလုံးကစားရတာကို နှစ်သက်ပြီး သူငယ်တန်း ကျောင်းမှာကတည်းက အမျီုးသမီးအသင်းမှာ ကစား ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူဟာ မြို့နယ်အသင်းအတွက် ကစားနေပြီး ပြီးခဲ့တဲ့ နှစ်က သူတို့အသင်းကို နည်းပြသစ် ရောက်ရှိလာခဲ့ပါတယ်။ အမျိုးသမီးဘောလုံးအသင်း ဖြစ်ပြီး အမျိုးသမီး ကစားသမားတွေ အားလုံး နီးပါးက နည်းပြအသစ်ကို သဘောကျကြသလို နိုင်ပွဲတွေလည်း အရင်ကထက် ပိုများလာခဲ့ပါတယ်။

သူတို့အသင်းဟာ တစ်ပတ်မှာ (၂) ကြိမ် လေ့ကျင့်ရေး ဆင်းကြရပြီး တစ်ညနေခင်းမှာတော့ သူမဟာ နည်းပြနဲ့ ကားပေါ်မှာ ပထမဆုံး ဆက်ဆံမိခဲ့ပါတယ်။ သူမဟာ နည်းပြကို ကားအနောက် ခေါ်သွားပြီးတဲ့နောက် မှီလျက် အနမ်းပေးပြီး အတူနေခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သူဟာ နည်းပြကို တမ်းတမ်းစွဲ ဖြစ်ခဲ့ပြီး နည်းပြမှာ ဇနီးသည် ရှိတာကို သိပေမဲ့လည်း လမ်းမခွဲချင်တော့ဘဲ တိတ်တခိုး ဆက်လက် ချိန်းတွေ့နေခဲ့တာ ဖြစ်ပါတယ်။သူဟာ နည်းပြ ဖြစ်သူကို အိမ်ထောင်သည်မှန်း သိပေမဲ့လည်း အိမ်ထောင်ရှိလားလို့ မေးလိုက်ရင် လမ်းခွဲခံရမှာ စိုးရိမ်တဲ့ အတွက်ကြောင့် မမေးရဲသလို၊ လမ်းလည်း မခွဲရဲတာ ဖြစ်ပါတယ်။

သူက တစ်နေ့လုံး၊ တစ်ညလုံး သူနဲ့ အချိန် ကုန်ဆုံးရတာ မယုံနိုင်စရာ ကောင်းတယ်လို့ ပြောခဲ့ပါတယ်။ သူဟာ နည်းပြနဲ့ အတူနေဖို့ ဖြစ်တည်လာ ခဲ့တယ်လို့ ယုံကြည်ပေမဲ့လည်း ဘယ်လို ရှေ့ဆက်ရမလဲ ဆိုတာကိုတော့ မသိလျက် ရှိနေပါတယ်။

Ko Khant ( D Nae Khit Media )

D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင် “Ko Khant ”မှ The Sun တွင် ဖော်ပြထားသော သတင်းကို ကိုးကားရေးသားထားခြင်းဖြစ်ပါသည်။