တစ်ပတ်စာနာမက္ခရအထူးဟောစာတမ်း . . . 19.8.2019 မှ 25.8.2019 အထိ

239

(အ၊အာ၊ဣ၊အိ၊အီ၊ဥ၊ဥူ၊ဧ၊သြ) စသည့် ”အ” အသံထွက်နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

လွတ်လပ်စွာလုပ်ကိုင်ခြင်းဖြင့်အောင်မြင်မှုတွေရမည်။အလုပ်နဲ့ပက်သက် သောခရီးတွေသွားရမည်။ အကြီး အကဲ၏ ကူညီမှုရရှိမည်။ အပေါင်းအသင်းတို့နှင့် စီးပွားရေးလုပ်ဖြစ်မည်။ ကိုယ်ပိုင် လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ပါ။ ဆွေမျိုး သားချင်းအတွက် စိတ် ရှုပ်ရတတ်သည်။

ငွေအစုလိုက်အပြုံလိုက်ရကိန်းရှိသည်။ ထီထိုး ပါ။ ၂ထိပ်၊၄ပိတ် ထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ထိခိုက်ရှနာ ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ ရောဂါကြောင့်ကျန်းမာရေး မညံ့နိုင်ပေ။အိမ်ခြံမြေ ကား စက်တို့ ဆောက် လုပ်ခြင်း ၊ ပြင်ဆင်ခြင်း ၊ ပြောင်းရွှေ့ခြင်း ၊ ရောင်းခြင်း ၊ ၀ယ်ခြင်း တခုခုဖြစ်လိမ့်မည်။

အချစ်ရေး မှာ မိဘသဘော တူသောသူကအနှောက်အယှက်ပေးမည်။ အအိုက ကြိုက်လိမ့် မည်။ ရှောင်ရမည်။ နေအိမ်တွင် ဤ ၇ ရက် အတွင်း ထီး နှင့် ဓား မ၀င်ရ။ တောင်အရပ်သို့ စီးပွားလုပ်ခြင်း ၊ ကုသိုလ်ပြုခြင်း ကောင်း၏။ အိမ်ထောင်ရေး ကံကောင်း ၏။ လူချစ်လူခင်ပိုများလာမည်။ လူသိပိုများလာမည်။

ဝင်ငွေကောင်းလာမည်။ စီးပွားတက်လာမည်။ ခရီးယာယီ များများသွားဖြစ်မည်။ လုပ်ငန်းဟောင်းလည်း အကျိုးပေးသည်။ လုပ်ငန်းသစ်လည်း အကျိုးပေး မည်။ပညာရေးကြိုးစားခွင့်ကြုံမည်။အခွင့်အရေးတွေလဲရလာ မည်။ယတြာ – လူကြီးသူမတွေကိုကောင်းစွာပြုစုလုပ်ကျွေးခြင်းဖြင့်ကံမြင့်လာလိမ့်မယ်။

(က၊ခ၊ဂ၊ဃ၊င) နှင့်စတင်မှည့်ခေါ်ထားတဲ့ အမည်ပိုင်ရှင်များ

အလုပ်တခြား အပြောတခြား ဖြစ်နေတတ်သည်။ ကတိ မတည်မှု့ တွေကြောင့် အရင်းနှီးဆုံး သူငယ်ချင်းများ နှင့် စိတ်ဝမ်းကွဲကိန်းရှိသည်။ မရည်ရွယ်ပဲ အလုပ်ဌာနပြောင်းရွှေ့ရတတ်ပါတယ်။ ရုတ်တရက် ကား ၊ ဆိုင်ကယ် အက်စီးဒင့် ဖြစ်တတ်၍ ဂရုစိုက်ပါ။ ပစ္စည်းပျောက်ခြင်း ၊ သူခိုးခိုးခံရခြင်း အလိမ် အကောက်ခံရခြင်း များ ရှိ၍ ဂရုစိုက်ပါ။

စိတ်မြန်ကိုယ်မြန် ၊ ဆုံးဖြတ်ချက် မြန်နေမည်။ ဒေါသကြီးလွယ် ပြေလွယ်မည်။ အစုလိုက်အပြုံလိုက် ငွေဝင်ကိန်း ရှိသလို ၊ အစုလိုက်အပြုံလိုက် ငွေထွက်ကိန်းလည်းရှိသည်။ ငယ်ရွယ်သူတို့အတွက် စိတ်ရှုပ်ရမည်။ အချစ်ရေးမှာစိတ်တိုင်းမကျစရာမျိုးတွေကြုံရမည်။ စီးပွားရေးလုပ်ငန်းများ လူယုံမထားသင့်ပါ။

ငွေကြေးကိစ္စ စကား ပြောရ လိမ့်မည်။ မမျှော်လင့်ပဲ အိမ်ထောင်ရေးအလွန်ကံကောင်းမည်။အိမ်ထောင်ဘက်ရဲ့အကူအညီရမည်။ စက်ပစ္စည်းအသစ်ဝယ်မယ်ဆိုတကယ်လိုအပ်မှဝယ်စေချင်ပါတယ်။ငွေအပိုကုန်တတ်ပါတယ်။ကျန်းမာရေးကတော့ နှာစေးချောင်းဆိုးလောက်ပဲဖြစ်တတ်ပါတယ်။

ပညာရေးကံအထူးကောင်းမည်။ ငွေကြေးကိုတော့ ချွေတာသုံးစွဲနိုင်မှ တော်ကာကျမည်။ တစ်ခုခုကို စိတ်နှစ်ထားပြီးလုပ်မှစိတ်ချမ်းသာမည်။ယတြာ – နံနက်ခင်းတစ်ခုတွင် နေအိမ်ဘုရားကို ပေါက်ပေါက် ကပ်လှူပါ။

(စ၊ဆ၊ဇ၊ဈ၊ည)နှင့် စတင်မှည်ခေါ်ထားသောအမည်ပိုင်ရှင်များ

တစ်ဇွတ်ထိုး တစ်ယူသန်စိတ်လည်း တစ်ခါတစ်ရံ ဖြစ်နေမည်။ အိမ်က ပြောစကားထက် သူတစ်ပါး ပြောစကားကို ယုံကြည်တတ်သူလည်းဖြစ်သည်။ အပေါင်းအသင်းမက်သည်။ ဤကာလတွင် အပေါင်းအသင်းမှား ကြုံကိန်းရှိ၍အပေါင်းအသင်းစကားကို အရမ်း မယုံသင့်ပါ။ ကျန်းမာရေး အနည်းငယ်ချူချာ မည်။ အထင်မြင်လွဲ စွပ်စွဲ ခံရမည်။

အကြီးအကဲ တို့၏ အပြစ်တင်ခြင်းခံရမည်။ အလုပ်ရာထူးတက်မည်။ စာမေးပွဲ ဖြေရာတွင် တစ်ဘာ သာ အားနည်းတတ်သည်။ သို့သော် အောင်မြင်မည်။ အိမ်ထောင်ရေး အနှောင့်အယှက်ရှိသည်။ ကြားလူတွေ ကြောင့် မိမိတို့အိမ်ထောင်ရေးစိတ်ဝမ်းကွဲစရာကြုံမည်။စီးပွားရေးလုပ်ငန်းများအဆင်ပြေမည်။

အရှေ့တောင်အရပ်ရှိ ဒေသများသို့ ညခရီး မသွားသင့်ပါ။ ရစရာရှိသောငွေများ တစ်ချို့တစ်ဝက် ပြန်ရမည်။ အရောင်းအ၀ယ်လုပ်ငန်းများ ပို၍ရောင်းကောင်းမည်။ ခြေထောက်ပိုင်း ခိုက်မိကိန်းရှိသည်။ အချစ်ရေးနှင့်ပတ်သတ်၍ တစ်ဇွတ်ထိုး လုပ်ကိုင် တတ်သည်။

ကိုယ်ချစ်နေသူကို တစ်ဖက်သားက စိတ်မဝင်စားသေးပေမဲ့ အတင်းလိုက်မိတာကြောင့် အနှောက် အယှက်ပေးသလိုဖြစ်မည်။အလုပ်ပိုကိစ္စပိုတွေကောင်းစွာလျော့ချနိုင်မည်။ယတြာ တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်လှူပါ။

(ယ၊ရ၊လ၊၀၊ဠ)နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

လုပ်ငန်းသစ်များ ရကိန်းရှိသည်။ နေရာသစ်တွင် နေထိုင်ရကိန်းရှိသည်။ အချစ်သစ်နှင့် ဆုံရကိန်းရှိသည်။ အချစ်ဟောင်း၏ ရန်မူခြင်း ခံရမည်။ ခြေ၊ လက်တို့ အနာတရ ဖြစ်ကိန်းရှိသည်။ အကြီးအကဲ မြှောက်စားမည်။ အဝေးမိတ်ဆွေတို့ အကူအညီရမည်။ကံကောင်းမှု့များ နှင့်ပျော်ရွှင်မှု့များ ၀မ်းသာ အားရမှု့ များ ကြုံတွေ့လိမ့် မည်။

စက်၊ ယာဉ် ရကိန်း ရှိသည်။ စာမေးပွဲဖြေလျှင် အောင်မည်။ စီးပွားရေးလုပ်လျှင် အဆင်ပြေမည်။ လူငယ်များ နေအိမ်မှ ထွက်ခွာသွားခြင်း ခိုးထွက်ခြင်းများ ပြုချင်တတ်သည်။ ဆင်ခြင်ပါ။ အပေါင်းအသင်းမှားကိန်းရှိသည်။ ငွေကြေးစကားရှုပ်မည်။ လူရင်းတွေနဲ့စိတ်ဝမ်းကွဲမည်။ ငွေကြေးကိစ္စ နှင့် စကားပြောရလိမ့်မည်။

မိတ်ဆွေအသစ် တွေရလိမ့်မယ်၊ ရလာတဲ့မိတ်ဆွေသစ်တွေကအကူအညီအများကြီးပေးလိမ့်မယ်။ ဆိုင်များဖောက်သည်သစ်များ မည်။ အလုပ်အော်ဒါများများရလိမ့်မည်။ နာမည်ဖြင့်ရပ်တည်သူများ နာမည်ကျော်ခြင်း၊ဂုဏ်သတင်းကြီးခြင်းမျိုး တွေကြုံရမည်။ မိသားစုအတွင်း ပြဿနာများရှိကရှင်းသွားပါလိမ့်မယ်။

အလုပ်အတွင်းလုပ်ဖော်ကိုင်ဖက်တွေ ရဲ့အကူအညီတွေလဲရလာလိမ့်မယ်။ပညာရေးအးကောင်းမည်။ ပညာယူမဲ့သူများစတင်သင်ယူလို့ကောင်းတဲ့ ကာလ ပါ။ယတြာ – အိမ်ဘုရားကို အောင်သပြေ (၉) ညွန့် ကပ်လှူပါ။

(ပ၊ဖ၊ဗ၊ဘ၊မ) နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ရန်သူ တစ်ဖက၊် မိတ်ဆွေ တစ်ဖက် ဖြစ်သော ကာလဖြစ်သည်။ သူ့လူကိုယ့်ဘက်သားများတွေ့ကိန်းရှိ၍ ဂရုစိုက်ပါ။ သို့သော် လုပ်ဆောင်သမျှ အောင်မြင်မည်။ အလုပ်အကိုင် တွင် အတိုက်အခံ ပေါ်ပေါက်မည်။ လက်တစ်ဖက် ခြေတစ်ဖက် နာကျင်မှု့ တွေဖြစ်မည်။ သို့တည်း မဟုတ် ထိခိုက် အနာတရ ဖြစ်မည်။

ဓာတ်လိုက်တတ်သည်။ အသက်ကြီးသူများ လေဖြတ်တတ်၍အနေအထိုင်ဆင်ခြင်ပါ။ အပေါင်းအသင်းမိတ်ဆွေ အသစ်က ကူညီမည်။ အချစ်ရေးမှာ လှည့်စားခံရမည်။ ချစ်သူအသစ်လည်း တွေ့မည်။ ဒါမှမဟုတ်ကွဲကွာနေ တဲ့အချစ်ဟောင်းနှင့် ပြန်ဆုံမည်။ လူလိမ်၊ ငွေလိမ်ခံရကိန်းရှိသည်။

စာမေးပွဲများ၊ အင်တာဗျုးများ အောင်မြင်မှု ရှိမည်။ အကြီးအကဲတို့၏ ထင်မြင်လွဲမှားမှု ခံရတတ်သည်။ စကားပြော ဆင်ခြင်ပါ။ စကားရှုပ်တတ်သည်။ နေရာပြောင်းလဲမှုများ၊ အလုပ်အကိုင် ပြောင်းလဲမှုများ၊ စိတ်မတည်ငြိမ်မှုများ ဖြစ်ကိန်းရှိ သည်။ အရာရာကို တစ်ထစ်ကျ မဆုံးဖြတ်သင့်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။

ကိုယ့်ကိစ္စကိုပဲ အလေးပေး ဆောင်ရွက်ပါ။အာမခံပေးခြင်း၊ သက်သေလိုက်ပေးခြင်းရှောင်ပါ။ပရဟိတအလုပ်တွေလုပ်ဖြစ်နေမည်။ အရင် အတိတ်က ကြိုးစားထားတဲ့ ကိစ္စတွေက ပြန်လည်အကျိုးပေးမည်။ယတြာ တန်ခိုးကြီးဘုရားအား တံခွန်ကုက္ကားအနီတစ်စုံ ကပ်လှူပါ။

(သ၊ဟ)နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

အပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေတတ်သည်။ မိသားစု အပေါ်၌လည်းကောင်း၊ အလုပ်လုပ်ရာ၌ လည်းကောင်း၊ သဘောထားကွဲလွဲမှုတွေရှိနေမည်။ စိတ်လိုက်မာန်ပါ ပြုခြင်း အထူးရှောင်ပါ။ အထင်အမြင်လွဲမှား မှုများလည်း ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ ငွေဝင်ငွေထွက်ကြမ်းမည်။ စက်ပစ္စည်းများ အ၀ယ် မှားတတ်သည်။

အနောက်ရပ်ခရီး ဆင်ခြင်ပါ။ စပ်တူလုပ်ငန်း၊ မပြုသင့်ပါ။ ရစရာရှိသောငွေများ မရနိုင်သေးပါ။ရည်ရွယ်ချက်များ မည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါက အောင်မြင်မည်။ ဆန္ဒ မစောသင့်ပါ။လျှို့ဝှက်ချစ်သူပေါ်ပေါက်မည်။အချစ်ရေး နှင့် ပတ်သက်၍ စိတ်ရှုပ်ရသော်လည်း စေ့စပ်ခြင်း၊ လူကြီးတွေကိုဖွင်ဟပြောခြင်းများဆောင်ရွက်သင့်ပါတယ်။

မိမိတို့လိုချင်နေတဲ့ ဇိမ်ခံပစ္စည်းများဝယ်ခွင့်ကြုံမည်။ အလုပ်ကိစ္စတွေကို ကောင်းစွာချဲထွင်နိုင်မည်။ ဝန်ထမ်းများ တာဝန်တွေပိုနေတာကြောင့် ပင်ပန်းရမည်။ အိမ်ထောင်ရေး သာယာမည်။ အိမ်ထောင်ရေးအဆင်မပြေသူများ နားလည်မှုတွေပြန်ရလိမ့်မယ်။ပညာရေးကတော့ကြိုးစားသမျှ အရာထင်အောင်မြင်မည်။

နည်းပညာနှင့်ပက်သက် သော ပညာများရလိမ့်မယ်။ ကျန်းမာရေး ဂရုစိုက်ပါ။ မတည့်တာတွေအလွန်အကျွံစားမိရာကနေရောဂါတိုးပါ လိမ့်မယ်။ယတြာ နွားနို့နှင့်ပေါင်မုန့်ဘုရားကပ်လှုပါ

(တ၊ထ၊ဒ၊ဓ၊န၊ဌ) နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

မရည်ရွယ်သောကိစ္စတွေဖြစ်လာမည်။ အဝေးမိတ်ဆွေ အကူအညီ ရမည်။ စိတ်မြန်ကိုယ်မြန် ဆောင်ရွက် မှု့ကြောင့် ထိခိုက်ရှနာ များ ဖြစ်ကိန်းရှိသည်။ အလုပ်ရာထူးတက်မည်။ အချစ်ရေးမှာ ချစ်သောသူနှင့် စိတ်ဝမ်းကွဲ မည်။ကျန်းမာရေးကတော့ ၀မ်းဥပါဒ် ပေးတတ်၍ အစားအသောက် ဂရုစိုက်ပါ။

သူများ အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်၍ ဆင်ခြင်ပါ။ပြဿနာဟောင်းအမှုဟောင်းတွေရှိင်တော့ ကောင်းစွာဖြေရှင်းနိုင်ပါလိမ့်မယ်။ နိုင်ငံရပ်ခြား နဲ့ပက်သက်သောအလုပ်များလဲ အထူးအဆင်ပြေမည်။ နိုင်ငံခြားအင်တာဗျူးများကောင်းစွာဖြေဆိုနိုင်ပါလိမ့်မယ်။ အိမ် ခြံမြေအကျိုးဆောင်အလုပ်များ အထူးတိုးတတ်အောင်မြင်ပါလိမ့်မယ်။

အလုပ်ခွင်အတွင်း တဆင့်မြင့်သော နေရာ ရောက်မည်။ ကုန်သည်စီးပွားများ လှောင်ကုန်ကနေအမြတ်များစွာရလိမ့် မယ်။ကုသိုလ်ရေးဘာသာရေး အလုပ် တွေကို စိတ်နှစ်ပြီးလုပ်ကိုင်ဆောင်ရွက်ပါ။ တရားထူးရတာမျိုး၊ကြုံရတတ်ပါတယ်။ တတ်သိနားလည် ထားတဲ့ ပညာတွေကိုအသုံးချခွင့်ရပါလိမ့်မယ်။

အိမ်ထောင်ရေးသာယာပျော်ရွှင်ရလိမ့်မယ်။ ရောင်းချင်နေသော ပစ္စည်းများရောင်းထွက်ပါလိမ့်မယ်။ တစ်ပတ်ရစ်ပစ္စည်းများ အရောင်းအ၀ယ်ကောင်းမည်။ယတြာ နီးစပ်တဲ့ မိတ်ဆွေတွေကိုလက်ဖက်ရည်ဝယ်တိုက်လိုက်ပါ။

၇ရက်သားသမီးများအားလုံးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695

ပြည်တွင်းမီဒီယာများမှ ကူးယူထားသော ဗေဒင်ဟောစာတမ်းမဟုတ်ပါ။ D Nae Khit Media ၏ ပင်တိုင် စာရေးသူ ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) ၏ ဗေဒင်ဟောစာတမ်းဖြစ်သည်။ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် ပြန်လည်ကူးယူခြင်းမပြုဖို့ မေတ္တာရပ်ခံအပ်ပါသည်။