တစိမ္းေတြနဲ႔ ထိေတြ႔ရာကေန အေရျပားကူးစက္ေရာဂါရခဲ့တဲ့ (၅)လသမီးေလး

1614

ငယ္ရြယ္ေသးတဲ့ ကေလးေတြရဲ႕ ခႏၶာကိုယ္ ခုခံအားက ေျပာရရင္ ေတာ္ေတာ္ေလးကို နည္းပါတယ္။ ရွိေနတဲ့ကိုယ္ခံအားကို အစဥ္မျပတ္တိုးတက္ေအာင္ လုပ္ေဆာင္ေနရတဲ့ကာလမွာ ဘယ္လိုေရာဂါမ်ိဳးမဆို၀င္လာတာနဲ႔ မသက္မသာခံစားရပါတယ္။ ဒီအေၾကာင္းကို မေလးရွားႏုိင္ငံက အေမတစ္ေယာက္ကေတာ့ ပံုေတြနဲ႔ အခုလို ေ၀မွ်လိုက္ပါတယ္။

စစခ်င္းမွာ ညာဘက္မ်က္လံုးကေဖာင္းေနတာကို သတိထားမိတဲ့ေနာက္မွာ ပုရြက္ဆိတ္ကိုက္တယ္လို႔ အစကထင္ခဲ့ပါတယ္။ ေနာက္ေတာ့ ပါးစပ္၊ ေမးေစနဲ႔ မ်က္လံုးနားတစ္၀ိုက္မွာအနာေလးေတြစေပါက္လာခဲ့ပါတယ္။ ဆရာ၀န္ဆီခ်က္ခ်င္းသြားျပခဲ့တဲ့ေနာက္မွာ ရိုးရိုးအနာနဲ႔ ပံုစံတူတဲ့အတြက္ ကေလးကို ေဆးလည္းတိုက္လို႔မရေတာေၾကာင့္ လိမ္းေဆးေပးလိုက္ပါတယ္။

လိမ္းေဆးလိမ္းျပီးေနာက္ပိုင္းမွာေပ်ာက္သြားမယ္လို႔ ေပါ့ေပါ့တန္တန္ယူဆခဲ့ၾကပါတယ္။ တကမ္တမ္းမွာေတာ့ ထင္ထားတာထက္ပိုဆိုးလာတဲ့အျပင္ အေျခအေနက မ်က္လံုး၊ ပါးစပ္နဲ႔ ေမးေစ့က အနာေတြဟာ တျဖည္ျဖည္းနဲ႔ ဆက္လာၾကပါတယ္။ သူတို႔နားလည္လိုက္တာက ကေလးဟာ ေရာဂါပုိးကူးစက္ခံရတာျဖစ္ျပီး၊ မိဘႏွစ္ပါးဆီကမဟုတ္တဲ့အတြက္ ေသခ်ာတာတစ္ခုကို ေကာက္ခ်က္ခ်ႏိုင္ခဲ့ပါတယ္။

ဆရာ၀န္ကစမ္းသပ္မႈျပဳလုပ္လိုက္အျပီးမွာ အသားခ်င္းထိေတြ႔မွ ကူးစက္ႏုိင္တဲ့ ေအရျပားေရာဂါ အမ်ိဳးအစားကို ရခဲ့တယ္ဆိုတာပါ။ သူ႕ရဲ႕အဓိက ကူးစက္ႏုိင္တဲ့ ပံုစံက အေရျပားခ်င္းထိေတြ႔ရင္ ထင္ထင္ရွားရွားကို ကူးလာတာျဖစ္ျပီး၊ ကေလးငယ္ေသးတဲ့အခ်ိန္မွာ လာၾကည္႔တဲ့သူေတြက ပါးေလးေတြကို ထိၾကည္႔တာစတဲ့ပံုစံမ်ိဳးစံုနဲ႔ ကူးစက္သြားတာပါ။ ဘယ္သူ႕ေၾကာင့္လို႔ မေျပာႏိုင္ေပမဲ့ လူၾကီးေတာ္ေတာ္မ်ားမ်ားမွာ ရွိေနတဲ့ ပိုးတစ္မ်ိဳးပါ။

ကိုယ္ခံအားနည္းတဲ့ ကေလးေတြမွာေတာ့ ကူစက္ခံရခ်ိန္မွာ ကိုယ္ခံအားကမတိုက္ထုတ္ႏုိင္ဘဲ တျဖည္းျဖည္းနဲ႔ ပြားလာတာတဲ့အျပင္ အနာကြ္ေတြပါေပၚလာတာပါ။ဆရာ၀န္က ကုသမႈကို ကေလးကို ခ်က္ခ်င္းေပးခဲ့ရျပီး၊ ႏွစ္ပတ္တိတိၾကာတဲ့ ကုသမႈျဖစ္ခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အခ်ိန္မီသိခဲ့တဲ့အတြက္ ေကာင္းသြားျ့ပီျဖစ္လို႔ စိုးရိမ္စရာေတာ့ မရွိပါဘူး။ ဒါေပမဲ့ အေမျဖစ္သူက သူ႕အျဖစ္ကို ေနာက္လူေတြ သတိထားမိေအာင္ လူမႈကြန္ရက္ေပၚမွာ ပံုေတြနဲ႔တကြ ေ၀မွ်ေပးခဲ့ပါတယ္။

သူေရး (D Nae Thit )

ျပည္တြင္းမီဒီယာမ်ားမွ ကူးယူထားေသာ သတင္းမဟုတ္ပါ။ D Nae Thit Media ၏ ပင္တုိင္ေဆာင္းပါးရွင္ “သူေရး”မွ The Sun တြင္ ေဖာ္ျပထားေသာ သတင္းကို ကိုယ္တုိင္ ဘာသာျပန္ဆုိထားျခင္းျဖစ္ပါသည္။

Unicode

တစိမ်းတွေနဲ့ ထိတွေ့ရာကနေ အရေပြားကူးစက်ရောဂါရခဲ့တဲ့ (၅)လသမီးလေး

ငယ်ရွယ်သေးတဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ် ခုခံအားက ပြောရရင် တော်တော်လေးကို နည်းပါတယ်။ ရှိနေတဲ့ကိုယ်ခံအားကို အစဉ်မပြတ်တိုးတက်အောင် လုပ်ဆောင်နေရတဲ့ကာလမှာ ဘယ်လိုရောဂါမျိုးမဆိုဝင်လာတာနဲ့ မသက်မသာခံစားရပါတယ်။ ဒီအကြောင်းကို မလေးရှားနိုင်ငံက အမေတစ်ယောက်ကတော့ ပုံတွေနဲ့ အခုလို ဝေမျှလိုက်ပါတယ်။

စစချင်းမှာ ညာဘက်မျက်လုံးကဖောင်းနေတာကို သတိထားမိတဲ့နောက်မှာ ပုရွက်ဆိတ်ကိုက်တယ်လို့ အစကထင်ခဲ့ပါတယ်။ နောက်တော့ ပါးစပ်၊ မေးစေနဲ့ မျက်လုံးနားတစ်ဝိုက်မှာအနာလေးတွေစပေါက်လာခဲ့ပါတယ်။ ဆရာဝန်ဆီချက်ချင်းသွားပြခဲ့တဲ့နောက်မှာ ရိုးရိုးအနာနဲ့ ပုံစံတူတဲ့အတွက် ကလေးကို ဆေးလည်းတိုက်လို့မရတောကြောင့် လိမ်းဆေးပေးလိုက်ပါတယ်။

လိမ်းဆေးလိမ်းပြီးနောက်ပိုင်းမှာပျောက်သွားမယ်လို့ ပေါ့ပေါ့တန်တန်ယူဆခဲ့ကြပါတယ်။ တကမ်တမ်းမှာတော့ ထင်ထားတာထက်ပိုဆိုးလာတဲ့အပြင် အခြေအနေက မျက်လုံး၊ ပါးစပ်နဲ့ မေးစေ့က အနာတွေဟာ တဖြည်ဖြည်းနဲ့ ဆက်လာကြပါတယ်။ သူတို့နားလည်လိုက်တာက ကလေးဟာ ရောဂါပိုးကူးစက်ခံရတာဖြစ်ပြီး၊ မိဘနှစ်ပါးဆီကမဟုတ်တဲ့အတွက် သေချာတာတစ်ခုကို ကောက်ချက်ချနိုင်ခဲ့ပါတယ်။

ဆရာဝန်ကစမ်းသပ်မှုပြုလုပ်လိုက်အပြီးမှာ အသားချင်းထိတွေ့မှ ကူးစက်နိုင်တဲ့ အေရပြားရောဂါ အမျိုးအစားကို ရခဲ့တယ်ဆိုတာပါ။ သူ့ရဲ့အဓိက ကူးစက်နိုင်တဲ့ ပုံစံက အရေပြားချင်းထိတွေ့ရင် ထင်ထင်ရှားရှားကို ကူးလာတာဖြစ်ပြီး၊ ကလေးငယ်သေးတဲ့အချိန်မှာ လာကြည့်တဲ့သူတွေက ပါးလေးတွေကို ထိကြည့်တာစတဲ့ပုံစံမျိုးစုံနဲ့ ကူးစက်သွားတာပါ။ ဘယ်သူ့ကြောင့်လို့ မပြောနိုင်ပေမဲ့ လူကြီးတော်တော်များများမှာ ရှိနေတဲ့ ပိုးတစ်မျိုးပါ။

ကိုယ်ခံအားနည်းတဲ့ ကလေးတွေမှာတော့ ကူစက်ခံရချိန်မှာ ကိုယ်ခံအားကမတိုက်ထုတ်နိုင်ဘဲ တဖြည်းဖြည်းနဲ့ ပွားလာတာတဲ့အပြင် အနာကွ်တွေပါပေါ်လာတာပါ။ဆရာဝန်က ကုသမှုကို ကလေးကို ချက်ချင်းပေးခဲ့ရပြီး၊ နှစ်ပတ်တိတိကြာတဲ့ ကုသမှုဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အချိန်မီသိခဲ့တဲ့အတွက် ကောင်းသွားြ့ပီဖြစ်လို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ အမေဖြစ်သူက သူ့အဖြစ်ကို နောက်လူတွေ သတိထားမိအောင် လူမှုကွန်ရက်ပေါ်မှာ ပုံတွေနဲ့တကွ ဝေမျှပေးခဲ့ပါတယ်။

သူရေး (D Nae Thit )