အျပည့္အစုံမခြဲစိတ္ရေသးတဲ့ လိင္ေျပာင္း၊ အမ်ိဳးသမီးသန္႔စင္ခန္းသုံးလုိ႔ အဖမ္းခံရ

82

ဖိလစ္ပိုင္ႏုိင္ငံ၊ မနီလာၿမိဳ႕ထဲ အဝင္အပါျဖစ္တဲ့ Quezon ၿမိဳ႕က ေစ်းဝယ္စင္တာရဲ႕ အမ်ားသုံးသန္႔စင္ခန္းမွာ လိင္ေျပာင္းအမ်ိဳးသမီးနဲ႔ သန္႔ရွင္းေရးဝန္းထမ္းတုိ႔ ျပႆနာ ျဖစ္ပြားခဲ့ပါတယ္။ လိင္ေျပာင္းအမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ Gretchen Custodio Diez ကုိ သန္႔ရွင္းေရးဝန္ထမ္းက ျပႆနာ ရွာခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ ၾသဂုတ္လ (၁၃)ရက္က ျဖစ္ခဲ့တာပါ။ သန္႔ရွင္းေရးဝန္ထမ္း အမ်ိဳးသမီးနဲ႔ စကားမ်ားခဲ့ရာ၊ အခင္းအျဖစ္အပ်က္ကို ဗြီဒီယုိမွတ္တမ္း ရယူခဲ့ပါတယ္။ သန္႔ရွင္းေရးဝန္ထမ္း Chair Ganal က Gretchen မွာ လိင္ခြဲစိတ္ရျခင္းမရွိေသးလုိ႔ အမ်ိဳးသမီးအိမ္သာကုိ အသုံးမျပဳသင့္ဘူးဆုိၿပီး ျပႆနာစခဲ့တာပါ။

Gretchen ကုိ Chair က ႐ုိက္ႏွက္ဖုိ႔အထိ ႀကိဳးစားခဲ့သလုိ၊ ဖုန္းကိုလည္း လုယူဖုိ႔ႀကိဳးစားခဲ့ပါသတဲ့။ အဲဒီေနာက္ ရဲစခန္းကို သတင္းေပးတုိင္ၾကားခဲ့ပါတယ္။ ရဲေတြ အျမန္ေရာက္လာၿပီး၊ Gretchen ကုိ လက္ထိပ္ခတ္ကာ စခန္းကို ေခၚသြားခဲ့ပါတယ္။

အဲဒီအခ်ိန္ထိ ေစ်းဝယ္စင္တာ တာဝန္ရွိသူေတြနဲ႔ Chair တုိ႔ဘက္က တင္းမာေနခဲ့ၾကပါတယ္။ ဒါေပမယ့္ အျဖစ္အပ်က္မွာ LGBT+ အသုိင္းအဝုိင္းက ႏုိင္ငံတကာလူ႕အခြင့္အေရး စတဲ့အဖြဲ႕အစည္းေတြနဲ႔ ဆက္သြယ္ကာ ဖိအားေပးမႈေတြ ရွိခဲ့ပါတယ္။ Quezon City Police District (QCPD) Station 7 ရဲစခန္းကလည္း-

တစ္ျခားလူမႈေရးအဖြဲ႕ေတြ ဝင္လာေတာ့ Gretchen ကို QCPD’s Anti-Cybercrime Division အဖြဲ႕ကုိ လႊဲေပးခဲ့ပါတယ္။ သူတုိ႔ ဘယ္လုိ ကိုင္တြယ္ရမယ္ဆုိတာ မသိဘူးလုိ႔ အေၾကာင္းျပခဲ့ပါတယ္။ ၿမိဳ႕ေတာ္ဝန္ Joy Belmonte က ေစ်းဝယ္စင္တာ တာဝန္ရွိသူေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ရာက-

Gretchen အေနနဲ႔ တရားျပန္စြဲလုိ႔ေတာင္ ရတယ္လုိ႔ အားေပးခဲ့ပါတယ္။ Chair က ေနာက္ပုိင္းမွာ Gretchen ကုိ ေတာင္းပန္ပါေၾကာင္း၊ အျပစ္ကေန ခြင့္လႊတ္ေပးဖုိ႔ ေတာင္းပန္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ Gretchen က သူမကို တရားခံတစ္ေယာက္လုိ ဖမ္းခဲ့တာမုိ႔ စိတ္ထဲနာက်ည္းေနတယ္လုိ႔ ေျပာပါတယ္။

ေနသူရိန္ (D Nae Thit & D Nae Khit)

source : UniLad

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ထဲ အဝင်အပါဖြစ်တဲ့ Quezon မြို့က စျေးဝယ်စင်တာရဲ့ အများသုံးသန့်စင်ခန်းမှာ လိင်ပြောင်းအမျိုးသမီးနဲ့ သန့်ရှင်းရေးဝန်းထမ်းတို့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ လိင်ပြောင်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ Gretchen Custodio Diez ကို သန့်ရှင်းရေးဝန်ထမ်းက ပြဿနာ ရှာခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၁၃)ရက်က ဖြစ်ခဲ့တာပါ။ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးနဲ့ စကားများခဲ့ရာ၊ အခင်းအဖြစ်အပျက်ကို ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ်။ သန့်ရှင်းရေးဝန်ထမ်း Chair Ganal က Gretchen မှာ လိင်ခွဲစိတ်ရခြင်းမရှိသေးလို့ အမျိုးသမီးအိမ်သာကို အသုံးမပြုသင့်ဘူးဆိုပြီး ပြဿနာစခဲ့တာပါ။

Gretchen ကို Chair က ရိုက်နှက်ဖို့အထိ ကြိုးစားခဲ့သလို၊ ဖုန်းကိုလည်း လုယူဖို့ကြိုးစားခဲ့ပါသတဲ့။ အဲဒီနောက် ရဲစခန်းကို သတင်းပေးတိုင်ကြားခဲ့ပါတယ်။ ရဲတွေ အမြန်ရောက်လာပြီး၊ Gretchen ကို လက်ထိပ်ခတ်ကာ စခန်းကို ခေါ်သွားခဲ့ပါတယ်။

အဲဒီအချိန်ထိ စျေးဝယ်စင်တာ တာဝန်ရှိသူတွေနဲ့ Chair တို့ဘက်က တင်းမာနေခဲ့ကြပါတယ်။ ဒါပေမယ့် အဖြစ်အပျက်မှာ LGBT+ အသိုင်းအဝိုင်းက နိုင်ငံတကာလူ့အခွင့်အရေး စတဲ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ကာ ဖိအားပေးမှုတွေ ရှိခဲ့ပါတယ်။ Quezon City Police District (QCPD) Station 7 ရဲစခန်းကလည်း-

တစ်ခြားလူမှုရေးအဖွဲ့တွေ ဝင်လာတော့ Gretchen ကို QCPD’s Anti-Cybercrime Division အဖွဲ့ကို လွှဲပေးခဲ့ပါတယ်။ သူတို့ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ မသိဘူးလို့ အကြောင်းပြခဲ့ပါတယ်။ မြို့တော်ဝန် Joy Belmonte က စျေးဝယ်စင်တာ တာဝန်ရှိသူတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ရာက-

Gretchen အနေနဲ့ တရားပြန်စွဲလို့တောင် ရတယ်လို့ အားပေးခဲ့ပါတယ်။ Chair က နောက်ပိုင်းမှာ Gretchen ကို တောင်းပန်ပါကြောင်း၊ အပြစ်ကနေ ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် Gretchen က သူမကို တရားခံတစ်ယောက်လို ဖမ်းခဲ့တာမို့ စိတ်ထဲနာကျည်းနေတယ်လို့ ပြောပါတယ်။

နေသူရိန် (D Nae Thit & D Nae Khit)

source : UniLad