ဝလြန္းတဲ့ေခြးကို သတ္ေပးဖုိ႔ တိကုဆရာဝန္ကို အကူအညီေတာင္းခဲ့တဲ့ ပုိင္ရွင္

61

ကိုင္လိုေခၚတဲ့ေခြးေလးဟာ သခင္ျဖစ္သူရဲ႕ လက္ထဲမွာ ေကာင္းေကာင္းေနေကာင္းေကာင္းစားရျပီး၊ စိတ္ခ်မ္းခ်မ္းသာသာနဲ႔ ၾကီးျပင္းလာပါတယ္။ အဲဒီအခ်က္ကပဲ ကိုင္ကို အ၀လြန္ေခြးေလးတစ္ေကာင္ျဖစ္လာေစျပီး၊ ေနာက္ပိုင္းမွာ ဘာမွကို မလႈပ္မရွားႏုိင္တဲ့ အိမ္ေမြးတိရစာၦန္ေလးျဖစ္လာပါေတာ့တယ္။

ပိုင္ရွင္ျဖစ္သူက ဆံုးျဖတ္ခ်က္တစ္ခုကို ခ်ုလိုက္ရျပီး မလႈပ္ႏိုင္မရွားႏုိင္ျဖစ္ေနတဲ့ ကိုင္ေလးကို သက္သာေစဖို႔ တိကုဆရာ၀န္ကို ဖုန္းဆက္ျပီး၊ ေဆးထိုးျပီး အနားယူခိုင္းလိုက္ဖို႔ ဆံုးျဖတ္လိုက္တာပါ။ ပန္ဟက္ဂီဆိုတဲ့ အမ်ိဳးသမီး ဆရာ၀န္ကေတာ့ အိမ္တိုင္ရာေရာက္လာေရာက္စစ္ေဆးခဲ့စဥ္မွာ သူတို႔အေနနဲ႔ ကိုင္ကို ကယ္လို႔ရေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ကိုင္ကို ၀ိတ္က်ဖို႔ တာ၀န္ယူလိုက္တဲ့ ဟက္ဂီဟာ သူတို႔ရဲ႕ အိမ္အသစ္ကို သခင္အတူလိုက္ေနခ်ိန္မွာ ေလွကားအထစ္ေလးကိုတက္ျပီး အိမ္ေပၚေရာက္ဖို႔ကိုပဲ ျခံ၀ကေန မိနစ္ (၂၀)ေလာက္ၾကာခဲ့ပါတယ္။ ဟက္ဂီက လက္မေလွ်ာ႕ခဲ့ဘဲ ၀ိတ္က်ေအာင္ လမ္းမျဖစ္မေန စေလွ်ာက္ဖို႔ ထိန္းခဲ့ျပီး၊ တစ္ေန႔ကို သံုးၾကိမ္လမ္းေလွ်ာက္ခဲ့ပါတယ္။ ကံေကာင္းခဲ့တာက ကိုင္က ပ်င္းတဲ့သူမဟုတ္ခဲ့ဘဲ ၾကိဳးစားခ်င္စိတ္ရွိခဲ့တာပါ။

တက္ညီလက္ညီနဲ႔ လမ္းေလွ်ာက္ ေရကူးကန္ထဲမွာ ေျခေထာက္ၾကြက္သားလို ေလ့က်င့္ခန္းေတြလုပ္နဲ႔ အေရးၾကီးဆံုးအခ်က္ျဖစ္တဲ့ အိမ္နီးနားခ်င္းမွာ ေခြးသူငယ္ခ်င္းလမ္းေလွ်ာက္ေဖာ္ကို ထားခဲ့ကာ ၀ိတ္က်နည္းေပါင္းစံုကို ဟက္ဂီက စမ္းသပ္ခဲ့ပါတယ္။ ေပါင္ (၁၀၀)ေက်ာ္က်ခဲ့ျပီး၊ ၀က္၀ံေပါက္ၾကီး တစ္ေကာင္လိုျဖစ္ေနတဲ့ ကိုင္ကေန အခုအခ်ိန္မွာေတာ့ တကယ့္ကိုင္စစ္ကို ျပန္ရခဲ့ပါျပီ။

ဒီအခ်က္ဟာလည္း အိမ္ေမြး တိရစာၦန္ေမြးတဲ့သူေတြအတြက္ သတိထားသင့္တဲ့အခ်က္တစ္ခုပါ။ လမ္းေလွ်ာက္တဲ့ေလ့က်င့္ခန္းလိုမ်ိဳးေတြကို ပံုမွန္လုပ္ေဆာင္ရမွာျဖစ္သလို အစားအစားကုိလည္း သင့္တင့္မွ်တစြာေကၽြးမွရမွာပါ။ မဟုတ္ရင္ေတာ့ အ၀လြန္လြန္းျပီး၊ ပိုျပီး မျဖစ္သင့္တာေတြ ျဖစ္လာႏုိင္ပါတယ္။

သူေရး ( D Nae Thit )

Unicode

ဝလွန်းတဲ့ခွေးကို သတ်ပေးဖို့ တိကုဆရာဝန်ကို အကူအညီတောင်းခဲ့တဲ့ ပိုင်ရှင်

ကိုင်လိုခေါ်တဲ့ခွေးလေးဟာ သခင်ဖြစ်သူရဲ့ လက်ထဲမှာ ကောင်းကောင်းနေကောင်းကောင်းစားရပြီး၊ စိတ်ချမ်းချမ်းသာသာနဲ့ ကြီးပြင်းလာပါတယ်။ အဲဒီအချက်ကပဲ ကိုင်ကို အဝလွန်ခွေးလေးတစ်ကောင်ဖြစ်လာစေပြီး၊ နောက်ပိုင်းမှာ ဘာမှကို မလှုပ်မရှားနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်လေးဖြစ်လာပါတော့တယ်။

ပိုင်ရှင်ဖြစ်သူက ဆုံးဖြတ်ချက်တစ်ခုကို ချုလိုက်ရပြီး မလှုပ်နိုင်မရှားနိုင်ဖြစ်နေတဲ့ ကိုင်လေးကို သက်သာစေဖို့ တိကုဆရာဝန်ကို ဖုန်းဆက်ပြီး၊ ဆေးထိုးပြီး အနားယူခိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပန်ဟက်ဂီဆိုတဲ့ အမျိုးသမီး ဆရာဝန်ကတော့ အိမ်တိုင်ရာရောက်လာရောက်စစ်ဆေးခဲ့စဉ်မှာ သူတို့အနေနဲ့ ကိုင်ကို ကယ်လို့ရသေးကြောင်း ပြောဆိုခဲ့ပါတယ်။

ကိုင်ကို ဝိတ်ကျဖို့ တာဝန်ယူလိုက်တဲ့ ဟက်ဂီဟာ သူတို့ရဲ့ အိမ်အသစ်ကို သခင်အတူလိုက်နေချိန်မှာ လှေကားအထစ်လေးကိုတက်ပြီး အိမ်ပေါ်ရောက်ဖို့ကိုပဲ ခြံဝကနေ မိနစ် (၂၀)လောက်ကြာခဲ့ပါတယ်။ ဟက်ဂီက လက်မလျှော့ခဲ့ဘဲ ဝိတ်ကျအောင် လမ်းမဖြစ်မနေ စလျှောက်ဖို့ ထိန်းခဲ့ပြီး၊ တစ်နေ့ကို သုံးကြိမ်လမ်းလျှောက်ခဲ့ပါတယ်။ ကံကောင်းခဲ့တာက ကိုင်က ပျင်းတဲ့သူမဟုတ်ခဲ့ဘဲ ကြိုးစားချင်စိတ်ရှိခဲ့တာပါ။

တက်ညီလက်ညီနဲ့ လမ်းလျှောက် ရေကူးကန်ထဲမှာ ခြေထောက်ကြွက်သားလို လေ့ကျင့်ခန်းတွေလုပ်နဲ့ အရေးကြီးဆုံးအချက်ဖြစ်တဲ့ အိမ်နီးနားချင်းမှာ ခွေးသူငယ်ချင်းလမ်းလျှောက်ဖော်ကို ထားခဲ့ကာ ဝိတ်ကျနည်းပေါင်းစုံကို ဟက်ဂီက စမ်းသပ်ခဲ့ပါတယ်။ ပေါင် (၁၀၀)ကျော်ကျခဲ့ပြီး၊ ဝက်ဝံပေါက်ကြီး တစ်ကောင်လိုဖြစ်နေတဲ့ ကိုင်ကနေ အခုအချိန်မှာတော့ တကယ့်ကိုင်စစ်ကို ပြန်ရခဲ့ပါပြီ။

ဒီအချက်ဟာလည်း အိမ်မွေး တိရစ္ဆာန်မွေးတဲ့သူတွေအတွက် သတိထားသင့်တဲ့အချက်တစ်ခုပါ။ လမ်းလျှောက်တဲ့လေ့ကျင့်ခန်းလိုမျိုးတွေကို ပုံမှန်လုပ်ဆောင်ရမှာဖြစ်သလို အစားအစားကိုလည်း သင့်တင့်မျှတစွာကျွေးမှရမှာပါ။ မဟုတ်ရင်တော့ အဝလွန်လွန်းပြီး၊ ပိုပြီး မဖြစ်သင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

သူရေး ( D Nae Thit )