ဝက္ဝံကိုက္ခံရေၾကာင္း ဇနီးကုိ ေနာက္ေျပာင္ခဲ့တဲ့အဖုိး၊ အရွင္လတ္လတ္ ဝက္ဝံစားခံရ

79

အသက္(၆၆)ႏွစ္အရြယ္ အဖုိးအုိတစ္ေယာက္ဟာ အရွင္လတ္လတ္ ဝက္ဝံအစားမခံရခင္မွာ မိန္းမျဖစ္သူကို ဖုန္းဆက္ၿပီး ” ငါျပန္မလာရင္ ဝက္ဝံကုိက္ခံရလုိ႔ပဲမွတ္”လုိ႔ ေနာက္ေျပာင္ခဲ့ပါတယ္။ အဖုိးအုိအမည္ကေတာ့ Alexander Korneyev ျဖစ္ၿပီး ေတာထဲကို မႈိရွာထြက္ခဲ့တာပါ။

Alexander က ေတာထဲကို ေရာက္ေနခ်ိန္မွာ ” ငါ မႈိရွာသြားလုိက္ဦးမယ္ … ငါ မင္းဆီကုိ ေနာက္ထပ္ ဖုန္းမဆက္ခဲ့ဖူးဆုိရင္ ဝက္ဝံအစားခံရၿပီလုိ႔ မွတ္ေပေတာ့ “လုိ႔ ဇနီးထံ ဖုန္းဆက္ခဲ့တာပါ။ အဖုိး Alexander ဟာ Suluk  ရြာရဲ႕အျပင္ဘက္ ေတာအုပ္ထဲကို မႈိထြက္ၿပီးရွာခဲ့တာပါ။

သူ႕မွာ ေမာင္းခ်ဓားေလး တစ္လက္သာ ပါသြားခဲ့ၿပီး၊ ေတာသိပ္မနက္တဲ့ ေနရာအေရာက္မွာ ဧရာမဝက္ဝံတစ္ေကာင္ သူ႕ကုိ ခုန္အုပ္တုိက္ခုိက္ခဲ့တာပါ။  Alexander က ဝက္ဝံကို ျပန္တုိက္ခုိက္ဖုိ႔ ႀကိဳးစားခဲ့ေပမယ္၊ အင္အားခ်င္းမမွ်ခဲ့ဘဲ၊ အရွင္လတ္လက္ စားေသာက္ျခင္းကို ခံလုိက္ရပါတယ္။

Alexander ဟာ မီးရထားဘူတာေစာင့္ဝန္ထမ္းဘဝမွ အနားယူထားသူျဖစ္ၿပီး၊ သူ ျပန္မလာလုိ႔ ဇနီးျဖစ္သူက ရြာသားေတြကို အကူအညီေတာင္းခဲ့ပါတယ္။ ရြာသားေတြလည္း ညတြင္းခ်င္း ေတာနင္းရွာေဖြခဲ့ရာ အာ႐ုံမတက္မီမွာ လက္လက္ဆက္ဆက္ စားေသာက္ခံထားရတဲ့ လူအ႐ုိးစုအၾကြင္းအက်န္ေတြ ေတြ႕ခဲ့ရပါတယ္။

အဝတ္အစား အပုိင္းအစေတြကို စစ္ေဆးၿပီးေနာက္ Alexander ျဖစ္ေၾကာင္း အတည္ျပဳႏုိင္ခဲ့တာပါ။ သူရဲ႕ေမာင္းခ်ဓားကေတာ့ အလယ္က က်ိဳးေနၿပီး၊ ဒါဟာ သူကုိယ္တုိင္ အႏုိင္မခံ ျပန္ၿပီးတုိက္ခုိက္ခဲ့တဲ့ သက္ေသပါဘဲ။ ရြာခံမုဆုိးေတြက ဝက္ဝံေနာက္ကို ေျခရာခံလုိက္ၿပီးေနာက္-

လူသားတစ္ပုိင္းတစ စားေသာက္ေနတဲ့ ဝက္ဝံႀကီးကို ပစ္သတ္ႏုိင္ခဲ့ပါတယ္။ Suluk ရြာေလးဟာ ရွရွားအေရွ႕ဖ်ားမွာ တည္ရွိၿပီး၊ ေတာႏွစ္ခုရဲ႕အစပ္မွာ တည္ရွိပါတယ္။ အမ်ားကေတာ့ မုဆုိးနဲ႔ တံငါအလုပ္ကို လုပ္ၾကပါတယ္။ အခုအျဖစ္အပ်က္ေၾကာင့္ ရြာသားေတြဟာ သူတုိ႔ ရြာလုံၿခဳံေရးအတြက္ စုိးရိမ္ေနၾကပါတယ္။

ေနသူရိန္ (D Nae Thit & D Nae Khit)

source : Metro

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၆၆)နှစ်အရွယ် အဖိုးအိုတစ်ယောက်ဟာ အရှင်လတ်လတ် ဝက်ဝံအစားမခံရခင်မှာ မိန်းမဖြစ်သူကို ဖုန်းဆက်ပြီး ” ငါပြန်မလာရင် ဝက်ဝံကိုက်ခံရလို့ပဲမှတ်”လို့ နောက်ပြောင်ခဲ့ပါတယ်။ အဖိုးအိုအမည်ကတော့ Alexander Korneyev ဖြစ်ပြီး တောထဲကို မှိုရှာထွက်ခဲ့တာပါ။

Alexander က တောထဲကို ရောက်နေချိန်မှာ ” ငါ မှိုရှာသွားလိုက်ဦးမယ် … ငါ မင်းဆီကို နောက်ထပ် ဖုန်းမဆက်ခဲ့ဖူးဆိုရင် ဝက်ဝံအစားခံရပြီလို့ မှတ်ပေတော့ “လို့ ဇနီးထံ ဖုန်းဆက်ခဲ့တာပါ။ အဖိုး Alexander ဟာ Suluk  ရွာရဲ့အပြင်ဘက် တောအုပ်ထဲကို မှိုထွက်ပြီးရှာခဲ့တာပါ။

သူ့မှာ မောင်းချဓားလေး တစ်လက်သာ ပါသွားခဲ့ပြီး၊ တောသိပ်မနက်တဲ့ နေရာအရောက်မှာ ဧရာမဝက်ဝံတစ်ကောင် သူ့ကို ခုန်အုပ်တိုက်ခိုက်ခဲ့တာပါ။  Alexander က ဝက်ဝံကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ်၊ အင်အားချင်းမမျှခဲ့ဘဲ၊ အရှင်လတ်လက် စားသောက်ခြင်းကို ခံလိုက်ရပါတယ်။

Alexander ဟာ မီးရထားဘူတာစောင့်ဝန်ထမ်းဘဝမှ အနားယူထားသူဖြစ်ပြီး၊ သူ ပြန်မလာလို့ ဇနီးဖြစ်သူက ရွာသားတွေကို အကူအညီတောင်းခဲ့ပါတယ်။ ရွာသားတွေလည်း ညတွင်းချင်း တောနင်းရှာဖွေခဲ့ရာ အာရုံမတက်မီမှာ လက်လက်ဆက်ဆက် စားသောက်ခံထားရတဲ့ လူအရိုးစုအကြွင်းအကျန်တွေ တွေ့ခဲ့ရပါတယ်။

အဝတ်အစား အပိုင်းအစတွေကို စစ်ဆေးပြီးနောက် Alexander ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာပါ။ သူရဲ့မောင်းချဓားကတော့ အလယ်က ကျိုးနေပြီး၊ ဒါဟာ သူကိုယ်တိုင် အနိုင်မခံ ပြန်ပြီးတိုက်ခိုက်ခဲ့တဲ့ သက်သေပါဘဲ။ ရွာခံမုဆိုးတွေက ဝက်ဝံနောက်ကို ခြေရာခံလိုက်ပြီးနောက်-

လူသားတစ်ပိုင်းတစ စားသောက်နေတဲ့ ဝက်ဝံကြီးကို ပစ်သတ်နိုင်ခဲ့ပါတယ်။ Suluk ရွာလေးဟာ ရှရှားအရှေ့ဖျားမှာ တည်ရှိပြီး၊ တောနှစ်ခုရဲ့အစပ်မှာ တည်ရှိပါတယ်။ အများကတော့ မုဆိုးနဲ့ တံငါအလုပ်ကို လုပ်ကြပါတယ်။ အခုအဖြစ်အပျက်ကြောင့် ရွာသားတွေဟာ သူတို့ ရွာလုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။

နေသူရိန် (D Nae Thit & D Nae Khit)

source : Metro