လမ္းေဘးမွာ ေအးေဆးထုိင္ေနရင္း၊ အကုသုိလ္ အေတာင့္လုိက္ဝင္ခဲ့ရသူ

283

ေရွးလူႀကီးသူမေတြစကား ရွိပါတယ္။ သြားသတိ၊ လာသတိပါတဲ့။ ျမန္မာႏုိင္ငံမွာ ယခင္က ျဖစ္ခဲ့ဖူးတဲ့ အျဖစ္ေတြထဲမွာ သြားရင္းလာရင္း ဓာတ္ႀကိဳးကို နင္းမိလုိ႔ ဓာတ္လုိက္ေသသူေတြ၊ လက္ဖက္ရည္ဆုိင္ထဲ ထုိင္ေနရင္းနဲ႔ ကားက ဝင္တုိက္တာေတြျဖစ္ခဲ့လုိ႔-

သြားသတိ၊ လာသတိ၊ စားသတိ၊ ထုိင္သတိ စသျဖင့္ သတိေတြ တုိးရမယ့္ပုံပါ။ အခုလည္း အမ်ိဳးသားတစ္ေယာက္ လမ္းေဘးမွာ ေအးေအးေဆးေဆး ထုိင္ေနခ်ိန္၊ အကုသုိလ္က အေတာင့္လုိက္ ဝင္ခဲ့တာျဖစ္ပါတယ္။ သူထုိင္ေနတဲ့ဆီ တည့္တည့္ကို ကားတာယာတစ္လုံး လြင့္လာခဲ့တာပါ။

အဲဒီတာယာကေတာ့ အရွိန္ျပင္းစြာ ေမာင္းႏွင္လာတဲ့ ကားတစ္စီးဆီကေန ကၽြတ္ထြက္လာခဲ့တာ ျဖစ္ပါတယ္။ ကားဘီးနဲ႔ မွန္ခံလုိက္ရသူရဲ႕အမည္ကေတာ့ Gomes da Silva လုိ႔ သိရပါတယ္။ သူဟာ ဘရားဇီးႏုိင္ငံ၊ Goiânia က ေနအိမ္ေရွ႕မွာ ဘီယာထုိင္ေသာက္ေနတာပါ။

CCTV သက္ေသအရ ကားတစ္စီး အရွိန္နဲ႔ ေမာင္းလာၿပီး ျပင္းထန္က်ယ္ေလာင္တဲ့ အသံႀကီးနဲ႔အတူ ေရွ႕ဘီးျပဳတ္ထြက္လာတာ ျဖစ္ပါတယ္။ အဲဒီေရွ႕ဘီးက Gomes ထံကို တည့္တည့္ေရာက္လာၿပီး၊ အရွိန္ကုန္ ဝင္မွန္ပါေတာ့တယ္။ ဒီအျဖစ္အပ်က္ဟာ ၾသဂုတ္လ (၁၁)ရက္ ည (၁၀.၄၂)နာရီမွာ ျဖစ္ခဲ့တာပါ။

Gomes ကုိ အနီးအနားရွိေနတဲ့လူေတြက သက္ဆုိင္ရာေဆး႐ုံကုိ ပုိ႔ေပးခဲ့ပါတယ္။ ကံေကာင္းေထာက္မစြာဘဲ Gomes ဟာ ပြန္းပဲ့ဒဏ္ရာအခ်ိဳ႕သာ ရရွိခဲ့ၿပီးပါတယ္။ ဒါေပမယ့္ ေဆး႐ုံက အေသးစိတ္ စစ္ေဆးမႈေတြ လုပ္ဖုိ႔အတြက္ ေဆး႐ုံမွာ ဆက္ထားခဲ့လုိ႔၊ ၾသဂုတ္ (၈)ရက္မွ ေဆး႐ုံက ဆင္းႏုိင္ခဲ့တာပါတဲ့။ ကားသမားကိုေတာ့ ဖမ္းဆီးထားပါတယ္။

လင္းေဇာ္ကို (D Nae Thit & D Nae Khit)

source : Lad Bible

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ရှေးလူကြီးသူမတွေစကား ရှိပါတယ်။ သွားသတိ၊ လာသတိပါတဲ့။ မြန်မာနိုင်ငံမှာ ယခင်က ဖြစ်ခဲ့ဖူးတဲ့ အဖြစ်တွေထဲမှာ သွားရင်းလာရင်း ဓာတ်ကြိုးကို နင်းမိလို့ ဓာတ်လိုက်သေသူတွေ၊ လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေရင်းနဲ့ ကားက ဝင်တိုက်တာတွေဖြစ်ခဲ့လို့-

သွားသတိ၊ လာသတိ၊ စားသတိ၊ ထိုင်သတိ စသဖြင့် သတိတွေ တိုးရမယ့်ပုံပါ။ အခုလည်း အမျိုးသားတစ်ယောက် လမ်းဘေးမှာ အေးအေးဆေးဆေး ထိုင်နေချိန်၊ အကုသိုလ်က အတောင့်လိုက် ဝင်ခဲ့တာဖြစ်ပါတယ်။ သူထိုင်နေတဲ့ဆီ တည့်တည့်ကို ကားတာယာတစ်လုံး လွင့်လာခဲ့တာပါ။

အဲဒီတာယာကတော့ အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ကားတစ်စီးဆီကနေ ကျွတ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ကားဘီးနဲ့ မှန်ခံလိုက်ရသူရဲ့အမည်ကတော့ Cleyton Gomes da Silva လို့ သိရပါတယ်။ သူဟာ ဘရားဇီးနိုင်ငံ၊ Goiânia က နေအိမ်ရှေ့မှာ ဘီယာထိုင်သောက်နေတာပါ။

CCTV သက်သေအရ ကားတစ်စီး အရှိန်နဲ့ မောင်းလာပြီး ပြင်းထန်ကျယ်လောင်တဲ့ အသံကြီးနဲ့အတူ ရှေ့ဘီးပြုတ်ထွက်လာတာ ဖြစ်ပါတယ်။ အဲဒီရှေ့ဘီးက Gomes ထံကို တည့်တည့်ရောက်လာပြီး၊ အရှိန်ကုန် ဝင်မှန်ပါတော့တယ်။ ဒီအဖြစ်အပျက်ဟာ သြဂုတ်လ (၁၁)ရက် ည (၁၀.၄၂)နာရီမှာ ဖြစ်ခဲ့တာပါ။

Gomes ကို အနီးအနားရှိနေတဲ့လူတွေက သက်ဆိုင်ရာဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ကံကောင်းထောက်မစွာဘဲ Gomes ဟာ ပွန်းပဲ့ဒဏ်ရာအချို့သာ ရရှိခဲ့ပြီးပါတယ်။ ဒါပေမယ့် ဆေးရုံက အသေးစိတ် စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ဆေးရုံမှာ ဆက်ထားခဲ့လို့၊ သြဂုတ် (၈)ရက်မှ ဆေးရုံက ဆင်းနိုင်ခဲ့တာပါတဲ့။ ကားသမားကိုတော့ ဖမ်းဆီးထားပါတယ်။

လင်းဇော်ကို (D Nae Thit & D Nae Khit)

source : Lad Bible