လမ္းမေပၚ မစင္ထြက္က်တဲ့ ခ်စ္သူေလးကုိ၊ သန္႔ရွင္းေရး လုပ္ေပးခဲ့တဲ့ ခ်စ္သူေကာင္ေလး

370

ဝမ္းပ်က္ဝမ္းေလွ်ာတာကို ကိုယ္တုိင္မႀကဳံဘူးသူေတြအဖုိ႔ တစ္ျခားလူရဲ႕ အျဖစ္အပ်က္ဟာ ရယ္စရာပါဘဲ။ လူၾကားထဲမွာ မစင္ေတြ ထြက္က်တာကို ရယ္မယ့္အစား၊ တစ္ဖက္က ေတြးၾကည့္ရင္လည္း သူတုိ႔မွာ ၾကြက္သားထိန္းခ်ဳပ္မႈအားနည္းေနလုိ႔၊ ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္ေနလုိ႔ ဒီလုိျဖစ္ရွာတာလုိ႔ ေတြးသင့္ပါတယ္။

အခုလည္း ေကာင္မေလးတစ္ေယာက္ဟာ ခ်စ္သူေကာင္ေလးနဲ႔ သြားလာလည္ပတ္ရင္း အမ်ားသုံးသန္႔စင္ခန္းကိုေတာင္ ေရာက္ေအာင္ မသြားႏုိင္ရွာဘဲ၊ မစင္ေတြက ထြက္က်ကုန္ပါေတာ့တယ္။ ေကာင္မေလးက (၁၉)ႏွစ္ျဖစ္ၿပီး၊ ထုိင္ဝမ္က လမ္းမတစ္ခုမွာ အခုလုိ ျဖစ္ခဲ့တာပါ။

ဒီအခ်ိန္မွာ သူမရဲ႕ ေကာင္ေလးက ႏွာေခါင္းတ႐ႈံ႕႐ႈံ႕နဲ႔ ရြံတဲ့မ်က္ႏွာေပး ေပးရမယ့္အစား၊ မရြံမရွာနဲ႔ တစ္႐ွဴးေတြ၊ ေရေတြနဲ႔သန္႔ရွင္းေရးလုပ္ေပးခဲ့တာပါ။ ဒီကိစၥကို ေကာင္မေလးကိုယ္တုိင္က လူမႈကြန္ရက္မွာ ျပန္လည္ျဖန္႔ေဝခဲ့တာပါ။ တကယ္ေတာ့ ရွက္စရာ ကိစၥဆုိေပမယ့္-

သူမရဲ႕ခ်စ္သူ သေဘာထား ႀကီးျမတ္ပုံကို အမ်ားသိေစလုိရင္း ျဖစ္ပါတယ္။ ေကာင္မေလးရဲ႕အေျပာအရ သူတုိ႔ႏွစ္ေယာက္ဟာ အရမ္းစပ္တဲ့ပင္လယ္စာကို အားရပါးရ စားေသာက္ၿပီးျပန္အလာ ဗုိက္ထဲမွာ ရစ္နာလာပါတယ္။ ဒီအခ်ိန္မွာပဲ လုံးဝမထိန္းႏုိင္ပဲ ေကာင္ေလးရဲ႕ကားထဲကို ဝင္မယ္အလုပ္၊

ကားခုံေတြ ေပကုန္မွာကုိ စုိးတာေၾကာင့္၊ သူမက ကားေပၚမတက္ေတာ့ပါဘူး။ အေၾကာင္းကေတာ့ မစင္ေတြက ထြက္က်ကုန္ပါၿပီ။ ေကာင္ေလးက ကားေပၚတက္ဖုိ႔ ေျပာေသာ္လည္း သူမက ဘက္စ္ကားေပၚကုိတက္လုိက္ပါတယ္။ ဒီအနားမွာ အမ်ားသုံးအိမ္သာက မလြယ္တဲ့အတြက္ အိမ္ကုိပဲ ျပန္ရမွာပါ။

ေကာင္ေလးကလည္း သူမနဲ႔အတူ ဘက္စ္ကားေပၚ လုိက္လာခဲ့ပါတယ္။ သူလည္း တက္ႏုိင္သေလာက္ သန္႔ရွင္းေရးလုပ္ေပးခဲ့ပါတယ္။ သူမက မကူညီဖုိ႔ေျပာေသာ္လည္း ေကာင္ေလးက ၾကင္ၾကင္နာနာ လုပ္ေပးခဲ့တာမုိ႔ စိတ္ထဲမွာေတာင္ ႀကိတ္ေပ်ာ္မိတယ္လုိ႔ ေျပာပါတယ္။ အိမ္ေရာက္ေတာ့ အားအင္ကုန္ခမ္းေနၿပီမုိ႔ ဆရာဝန္ေခၚ ေဆးကုခဲ့ရပါသတဲ့။

နတ္စည္ေတာ္ (D Nae Thit & D Nae Khit)

source : WorldOfBuzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ဝမ်းပျက်ဝမ်းလျှောတာကို ကိုယ်တိုင်မကြုံဘူးသူတွေအဖို့ တစ်ခြားလူရဲ့ အဖြစ်အပျက်ဟာ ရယ်စရာပါဘဲ။ လူကြားထဲမှာ မစင်တွေ ထွက်ကျတာကို ရယ်မယ့်အစား၊ တစ်ဖက်က တွေးကြည့်ရင်လည်း သူတို့မှာ ကြွက်သားထိန်းချုပ်မှုအားနည်းနေလို့၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေလို့ ဒီလိုဖြစ်ရှာတာလို့ တွေးသင့်ပါတယ်။

အခုလည်း ကောင်မလေးတစ်ယောက်ဟာ ချစ်သူကောင်လေးနဲ့ သွားလာလည်ပတ်ရင်း အများသုံးသန့်စင်ခန်းကိုတောင် ရောက်အောင် မသွားနိုင်ရှာဘဲ၊ မစင်တွေက ထွက်ကျကုန်ပါတော့တယ်။ ကောင်မလေးက (၁၉)နှစ်ဖြစ်ပြီး၊ ထိုင်ဝမ်က လမ်းမတစ်ခုမှာ အခုလို ဖြစ်ခဲ့တာပါ။

ဒီအချိန်မှာ သူမရဲ့ ကောင်လေးက နှာခေါင်းတရှုံ့ရှုံ့နဲ့ ရွံတဲ့မျက်နှာပေး ပေးရမယ့်အစား၊ မရွံမရှာနဲ့ တစ်ရှူးတွေ၊ ရေတွေနဲ့သန့်ရှင်းရေးလုပ်ပေးခဲ့တာပါ။ ဒီကိစ္စကို ကောင်မလေးကိုယ်တိုင်က လူမှုကွန်ရက်မှာ ပြန်လည်ဖြန့်ဝေခဲ့တာပါ။ တကယ်တော့ ရှက်စရာ ကိစ္စဆိုပေမယ့်-

သူမရဲ့ချစ်သူ သဘောထား ကြီးမြတ်ပုံကို အများသိစေလိုရင်း ဖြစ်ပါတယ်။ ကောင်မလေးရဲ့အပြောအရ သူတို့နှစ်ယောက်ဟာ အရမ်းစပ်တဲ့ပင်လယ်စာကို အားရပါးရ စားသောက်ပြီးပြန်အလာ ဗိုက်ထဲမှာ ရစ်နာလာပါတယ်။ ဒီအချိန်မှာပဲ လုံးဝမထိန်းနိုင်ပဲ ကောင်လေးရဲ့ကားထဲကို ဝင်မယ်အလုပ်၊

ကားခုံတွေ ပေကုန်မှာကို စိုးတာကြောင့်၊ သူမက ကားပေါ်မတက်တော့ပါဘူး။ အကြောင်းကတော့ မစင်တွေက ထွက်ကျကုန်ပါပြီ။ ကောင်လေးက ကားပေါ်တက်ဖို့ ပြောသော်လည်း သူမက ဘက်စ်ကားပေါ်ကိုတက်လိုက်ပါတယ်။ ဒီအနားမှာ အများသုံးအိမ်သာက မလွယ်တဲ့အတွက် အိမ်ကိုပဲ ပြန်ရမှာပါ။

ကောင်လေးကလည်း သူမနဲ့အတူ ဘက်စ်ကားပေါ် လိုက်လာခဲ့ပါတယ်။ သူလည်း တက်နိုင်သလောက် သန့်ရှင်းရေးလုပ်ပေးခဲ့ပါတယ်။ သူမက မကူညီဖို့ပြောသော်လည်း ကောင်လေးက ကြင်ကြင်နာနာ လုပ်ပေးခဲ့တာမို့ စိတ်ထဲမှာတောင် ကြိတ်ပျော်မိတယ်လို့ ပြောပါတယ်။ အိမ်ရောက်တော့ အားအင်ကုန်ခမ်းနေပြီမို့ ဆရာဝန်ခေါ် ဆေးကုခဲ့ရပါသတဲ့။

နတ်စည်တော် (D Nae Thit & D Nae Khit)

source : WorldOfBuzz