ရဲတပ္ဖြဲ႕ဝင္(၆)ဦးကို ပစ္သတ္ၿပီး၊ ရဲ(၂)ဦးကို ဓားစာခံဖမ္းဆီးထားတဲ့ ေသနတ္သမား

77

အေမရိကန္၊ Philadelphia ၿမိဳ႕ဧရိယာအတြင္း၊ Nicetown-Tioga ရပ္ကြက္က ေနအိမ္တစ္ခုမွာ ရဲတပ္ဖြဲ႕ဝင္ေတြနဲ႔ သံသယရွိဖြယ္ ေသနတ္သမားတစ္ဦးတုိ႔ အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ပါတယ္။ ေသနတ္သမားဟာ AK-47 ေသနတ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြကို ျပန္ခုခံခဲ့တာပါ။

သူပစ္တဲ့က်ည္ဆံက ရဲတပ္ဖြဲ႕ဝင္ (၆)ဦးကို ထိမွန္ခဲ့တာေၾကာင့္ ေဆး႐ုံအျမန္ ပုိ႔ေပးခဲ့ရသလုိ၊ ရဲအရာရွိ(၂)ဦးကုိလည္း အဲဒီ ေသနတ္သမားက ဓားစာခံလုပ္ ဖမ္းဆီးထားတယ္လုိ႔ သိရပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၁၅) ဗုဒၶဟူးေန႕၊ ညေန (၄.၃၀)နာရီေလာက္မွာ ျဖစ္ခဲ့တာပါ။

ေသနတ္သမားဟာ ရဲႏွစ္ေယာက္ကုိ ျပန္ေပးဆြဲထားသလုိ၊ အိမ္ထဲကိုဝင္သြားတဲ့ အျခားရဲ(၃)ဦးလည္း အိမ္ထဲမွာ ပိတ္မိခဲ့ေပမယ့္၊ ကုိယ္လြန္ျပန္႐ုံးႏုိင္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒဏ္ရာရရွိခဲ့တဲ့ ရဲသား(၆)ဦးကေတာ့ အဲဒီေန႔ ညမွာပဲ ေဆး႐ုံက ဆင္းခြင့္ရခဲ့ပါသတဲ့။

ေသနတ္သမားဟာ ရဲသားေတြကို ဖမ္းဆီးထားၿပီးေနာက္၊ သူရဲ႕ ေရွ႕ေနကို ဖုန္းဆက္က အေပးအယူလုပ္ဖုိ႔ ညႇိႏႈိင္းခဲ့ေၾကာင္း၊ ေရွ႕ေန Shaka Johnson က ေသနတ္သမားအမည္ကို ထုတ္ေဖာ္ျခင္းမရွိပါဘူး။ သူက “ေသနတ္သမားက အခုလုိ တဝုန္းဝုန္းနဲ႔ မျဖစ္ခ်င္ေၾကာင္း .. သူ႕ကို အသက္အာမခံရင္ သက္ဆုိင္ရာနဲ႔ ေဆြးေႏြးမယ္ “လုိ႔ ေျပာပါတယ္။

လက္ရွိအခ်ိန္ထိ ေသနတ္သမား ေနထိုင္တဲ့အိမ္ကို ရဲက ရဲရဲဝင္မစီးရဲေသးပါဘူး။ အေၾကာင္းကေတာ့ ဖမ္းမိထားတဲ့ ဓားစာခံေတြကုိ သတ္ပစ္မွာစုိးလုိ႔ပါ။ ေသနတ္သမားက ေနအိမ္ပထမထပ္မွာ ရွိေနဆဲျဖစ္ၿပီး၊ အဲဒီကို ေရာက္ေနတဲ့ အမ်ိဳးသမီးႏွစ္ဦးနဲ႔ ကေလးႏွစ္ဦးကို ရဲက ကပ္ထုတ္ထားႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ အခင္းျဖစ္စဥ္ကေန ထြက္ေပၚလာတဲ့ ဗြီဒီယုိမွာေတာ့ တရားခံကုိ ဖမ္းမိေလသလား၊ ရွင္းရွင္းလင္း မသဲကြဲတဲ့ လႈပ္ရွားမႈေတြ ေတြ႕ရပါတယ္။ လူတစ္ေယာက္ကို ခ်ဳပ္ေႏွာင္ဖမ္းဆီးခဲ့တဲ့ပုံျဖစ္ၿပီး၊ အဲဒီတုိက္ခန္းထဲမွာ ေသနတ္သမား ဘယ္ႏွစ္ဦးဆုိတာကိုလည္း မသိရပါဘူး။

ေနသူရိန္ (D Nae Thit & D Nae Khit)

source : UniLad

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အမေရိကန်၊ Philadelphia မြို့ဧရိယာအတွင်း၊ Nicetown-Tioga ရပ်ကွက်က နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သံသယရှိဖွယ် သေနတ်သမားတစ်ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ သေနတ်သမားဟာ AK-47 သေနတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်ခုခံခဲ့တာပါ။

သူပစ်တဲ့ကျည်ဆံက ရဲတပ်ဖွဲ့ဝင် (၆)ဦးကို ထိမှန်ခဲ့တာကြောင့် ဆေးရုံအမြန် ပို့ပေးခဲ့ရသလို၊ ရဲအရာရှိ(၂)ဦးကိုလည်း အဲဒီ သေနတ်သမားက ဓားစာခံလုပ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၅) ဗုဒ္ဓဟူးနေ့၊ ညနေ (၄.၃၀)နာရီလောက်မှာ ဖြစ်ခဲ့တာပါ။

သေနတ်သမားဟာ ရဲနှစ်ယောက်ကို ပြန်းဆွဲထားသလို၊ အိမ်ထဲကိုဝင်သွားတဲ့ အခြားရဲ(၃)ဦးလည်း အိမ်ထဲမှာ ပိတ်မိခဲ့ပေမယ့်၊ ကိုယ်လွန်ပြန်ရုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ရဲသား(၆)ဦးကတော့ အဲဒီနေ့ ညမှာပဲ ဆေးရုံက ဆင်းခွင့်ရခဲ့ပါသတဲ့။

သေနတ်သမားဟာ ရဲသားတွေကို ဖမ်းဆီးထားပြီးနောက်၊ သူရဲ့ ရှေ့နေကို ဖုန်းဆက်က အပေးအယူလုပ်ဖို့ ညှိနှိုင်းခဲ့ကြောင်း၊ ရှေ့နေ Shaka Johnson က သေနတ်သမားအမည်ကို ထုတ်ဖော်ခြင်းမရှိပါဘူး။ သူက “သေနတ်သမားက အခုလို တဝုန်းဝုန်းနဲ့ မဖြစ်ချင်ကြောင်း .. သူ့ကို အသက်အာမခံရင် သက်ဆိုင်ရာနဲ့ ဆွေးနွေးမယ် “လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ သေနတ်သမား နေထိုင်တဲ့အိမ်ကို ရဲက ရဲရဲဝင်မစီးရဲသေးပါဘူး။ အကြောင်းကတော့ ဖမ်းမိထားတဲ့ ဓားစာခံတွေကို သတ်ပစ်မှာစိုးလို့ပါ။ သေနတ်သမားက နေအိမ်ပထမထပ်မှာ ရှိနေဆဲဖြစ်ပြီး၊ အဲဒီကို ရောက်နေတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ကလေးနှစ်ဦးကို ရဲက ကပ်ထုတ်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အခင်းဖြစ်စဉ်ကနေ ထွက်ပေါ်လာတဲ့ ဗွီဒီယိုမှာတော့ တရားခံကို ဖမ်းမိလေသလား၊ ရှင်းရှင်းလင်း မသဲကွဲတဲ့ လှုပ်ရှားမှုတွေ တွေ့ရပါတယ်။ လူတစ်ယောက်ကို ချုပ်နှောင်ဖမ်းဆီးခဲ့တဲ့ပုံဖြစ်ပြီး၊ အဲဒီတိုက်ခန်းထဲမှာ သေနတ်သမား ဘယ်နှစ်ဦးဆိုတာကိုလည်း မသိရပါဘူး။

နေသူရိန် (D Nae Thit & D Nae Khit)

source : UniLad