ႏုိင္ငံသားေတြ ဝတ္ခြင့္မရွိတဲ့ တန္ဖုိးႀကီးနာရီဝတ္ၿပီး၊ ဒုံးက်ည္စမ္းသပ္ပြဲ တက္လာတဲ့ ကင္ဂ်ဳံအန္

39

ေျမာက္ကိုရီးယား အာဏာရွင္ စစ္ေခါင္းေဆာင္ ကင္ဂ်ဳံအန္ကေတာ့ ၿပီးခဲ့တဲ့ရက္က က်င္းပခဲ့တဲ့ ဒုံးက်ည္စမ္းသပ္ ပစ္ခတ္ပြဲမွာ တန္ဖုိးႀကီးနာရီကို ဝတ္ဆင္ၿပီး တက္ေရာက္ခဲ့ပါတယ္။ အေနာက္မီဒီယာေတြကေတာ့ တစ္တုိင္းျပည္လုံး ငတ္ျပတ္ေနခ်ိန္မွာ ေပါင္ေသာင္းေက်ာ္တန္ နာရီနဲ႔ လန္းေနတယ္ဆုိၿပီး ခနဲ႔ခဲ့ပါတယ္။

ကင္ ဝတ္ဆင္ထားတဲ့ နာရီဟာ ေပါင္(၁)ေသာင္းတန္ေၾကးရွိပါတယ္။ UN ရဲဲ႕ ဆန္ရွင္ပိတ္စုိ႔မႈအရ အေနာက္ဥေရာပ ႏုိင္ငံေတြရဲ႕ဇိမ္ခံပစၥည္းေတြဟာ ေျမာက္ကုိရီးယားကို ေရာက္ဖုိ႔မရွိေပမယ့္၊ အာဏာရွင္ ကင္အလုိရွိသမွ် ပစၥည္းေတြကိုေတာ့ မိတ္ဘက္ႏုိင္ငံေတြက ေစ်းႏွစ္ဆေလာက္ျမႇင့္ၿပီး ျပန္သြင္းပါသတဲ့။

ေျမာက္ကုိရီးယားရဲ႕ ေပၚလစီအရ ျပည္တြင္းျဖစ္ကို အားေပးေရး၊ အေနာက္ႏုိင္ငံေတြကို အားမေပးေရး မူဝါဒဟာ သူတုိ႔ႏုိင္ငံရဲ႕ ထိပ္သီးပုိင္းပုဂၢိဳလ္ေတြအတြက္ေတာ့ ဆန္႕က်င္ဘက္ခ်ည္းလုိ႔ ဆုိရမွာပါ။ ေထာက္လွမ္းေရးေတြရဲ႕အဆုိအရေတာ့ အခု ဝတ္ထားတဲ့ နာရီက-

IWC Portofino Automatic Swiss အမ်ိဳးအစားနာရီလုိ႔ ဆုိပါတယ္။ ေျမာက္ကုိရီးယားဟာ အငတ္ေဘးနဲ႔ ရင္ဆုိင္ေနရတာ (၃၅)ႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး၊ တံခါးပိတ္ဝါဒနဲ႔၊ ဥေရာပဆန္ရွင္ေတြက ႏုိင္ငံကုိ အထိနာေစခဲ့ပါတယ္။ ဒါေပမယ့္ မၾကာေသးမီက ဘယ္လုိဆန္ရွင္ကိုမွ မမႈဘူးလုိ႔ ဆုိပါတယ္။

ေျမာက္ကုိရီးယားေခါင္းေဆာင္နဲ႔ အေမရိကန္သမၼတ ထရမ့္တုိ႔ သုံးႀကိမ္ေျမာက္ သမုိင္းဝင္ေတြ႕ဆုံမႈေတြ ရွိခဲ့ေပမယ့္၊ ကင္အတြက္က ထူးျခားမႈ ျဖစ္မလာခဲ့ပါဘူး။ သူတုိ႔က ဆန္ရွင္ေတြ ေျဖေလွ်ာ့ေပးလိမ့္မယ္လုိ႔ ထင္ခဲ့ေပမယ့္၊ အရာမေရာက္ခဲ့လုိ႔ အခုဆုိ ဒုံးက်ည္စမ္းသပ္မႈေတြ ဆက္တုိက္လုပ္ေဆာင္ေနၿပီး၊ ၿခိမ္းေျခာက္ေနဆဲပါ။

လင္းေဇာ္ကို (D Nae Thit & D Nae Khit)

Source : The Sun

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မြောက်ကိုရီးယား အာဏာရှင် စစ်ခေါင်းဆောင် ကင်ဂျုံအန်ကတော့ ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ ဒုံးကျည်စမ်းသပ် ပစ်ခတ်ပွဲမှာ တန်ဖိုးကြီးနာရီကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ အနောက်မီဒီယာတွေကတော့ တစ်တိုင်းပြည်လုံး ငတ်ပြတ်နေချိန်မှာ ပေါင်သောင်းကျော်တန် နာရီနဲ့ လန်းနေတယ်ဆိုပြီး ခနဲ့ခဲ့ပါတယ်။

ကင် ဝတ်ဆင်ထားတဲ့ နာရီဟာ ပေါင်(၁)သောင်းတန်ကြေးရှိပါတယ်။ UN ရဲဲ့ ဆန်ရှင်ပိတ်စို့မှုအရ အနောက်ဥရောပ နိုင်ငံတွေရဲ့ဇိမ်ခံပစ္စည်းတွေဟာ မြောက်ကိုရီးယားကို ရောက်ဖို့မရှိပေမယ့်၊ အာဏာရှင် ကင်အလိုရှိသမျှ ပစ္စည်းတွေကိုတော့ မိတ်ဘက်နိုင်ငံတွေက စျေးနှစ်ဆလောက်မြှင့်ပြီး ပြန်သွင်းပါသတဲ့။

မြောက်ကိုရီးယားရဲ့ ပေါ်လစီအရ ပြည်တွင်းဖြစ်ကို အားပေးရေး၊ အနောက်နိုင်ငံတွေကို အားမပေးရေး မူဝါဒဟာ သူတို့နိုင်ငံရဲ့ ထိပ်သီးပိုင်းပုဂ္ဂိုလ်တွေအတွက်တော့ ဆန့်ကျင်ဘက်ချည်းလို့ ဆိုရမှာပါ။ ထောက်လှမ်းရေးတွေရဲ့အဆိုအရတော့ အခု ဝတ်ထားတဲ့ နာရီက-

IWC Portofino Automatic Swiss အမျိုးအစားနာရီလို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတာ (၃၅)နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ တံခါးပိတ်ဝါဒနဲ့၊ ဥရောပဆန်ရှင်တွေက နိုင်ငံကို အထိနာစေခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးမီက ဘယ်လိုဆန်ရှင်ကိုမှ မမှုဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ သုံးကြိမ်မြောက် သမိုင်းဝင်တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့်၊ ကင်အတွက်က ထူးခြားမှု ဖြစ်မလာခဲ့ပါဘူး။ သူတို့က ဆန်ရှင်တွေ ဖြေလျှော့ပေးလိမ့်မယ်လို့ ထင်ခဲ့ပေမယ့်၊ အရာမရောက်ခဲ့လို့ အခုဆို ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး၊ ခြိမ်းခြောက်နေဆဲပါ။

လင်းဇော်ကို (D Nae Thit & D Nae Khit)

Source : The Sun