ျပတ္သြားတဲ့ လက္ျပတ္ႀကီးကုိ ေဘးမွာခ်ၿပီး၊ ေအးေအးေဆးေဆး ထုိင္ေနတဲ့အမ်ိဳးသား

281

တ႐ုတ္ႏုိင္ငံက အမ်ိဳးသားတစ္ေယာက္ဟာ ယာဥ္မေတာ္တဆမႈေၾကာင့္ ျပတ္သြားတဲ့ လက္ျပတ္ႀကီးကို ေဘးမွာခ်ၿပီး၊ ေအးေအးေဆးေဆး လူနာတင္ကား ေစာင့္ေနခဲ့တဲ့ ဓာတ္ပုံေတြဟာ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ အဆုိပါအမ်ိဳးသားဟာ အလုပ္ကေန အိမ္ကို ျပန္အလာမွာ အခုလုိ အျဖစ္ဆုိး ႀကဳံခဲ့ရတာပါ။

အမ်ိဳသားအမည္ကေတာ့ Huang Songliang ျဖစ္ၿပီး၊ အသက္(၃၇)ႏွစ္ ျဖစ္ပါတယ္။ Lengshui Town မွာ ေနထုိင္သူပါ။ အဲဒီၿမိဳ႕ဟာ တ႐ုတ္ႏုိင္ငံ အလယ္ပုိင္းမွာတည္ရွိပါတယ္။ Huang ဟာ လမ္းတစ္ခုကုိ ျဖတ္အကူးမွာ အရွိန္နဲ႔ ေမာင္းလာတဲ့ ကားနဲ႔ တုိက္မိခဲ့တာပါ။

ဘယ္ဘက္လက္က အဲဒီကားရဲ႕ သံဖရိန္ထဲကို ညပ္ပါသြားခဲ့ၿပီး၊ လက္ေမာင္းအရင္းကေန အစိမ္းျပတ္ေတာက္ သြားခဲ့တာ့ပါ။ လက္နဲ႔ လူနဲ႔ (၂၄)ေပေလာက္အထိ တစ္ျခားဆီျဖစ္သြားခဲ့ပါတယ္။ Huang ဟာ လက္ျပတ္ႀကီးကို လုိက္ေကာက္ၿပီး လူနာတင္ကား အလာကုိ ေအးေအးေဆးေဆး ထုိင္ေစာင့္ေနခဲ့ပါတယ္။

သူရဲ႕ လက္ျပတ္ႀကီးဟာ ေသြးေတြနဲ႔ အလိမ္းလိမ္း ျဖစ္ေနၿပီး၊ လမ္းမေပၚမွာလည္း Huang ဆီက ထြက္တဲ့ေသြးေတြက တစ္လမ္းလုံး ပ်ံ႕က်ဲေနပါသတဲ့။ ကားဆရာကုိ ဖမ္းမိတယ္ မဖမ္းမိဘူး သတင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။ Huang ကုိေတာ့ ေဒသခံ ေဆး႐ုံကို ပုိ႔ေပးခဲ့ပါတယ္။

ဒါေပမယ့္ ေဆးဝါးမစုံလင္တာေၾကာင့္ Chenzhou First People’s Hospital  ေဆး႐ုံကို ထပ္မံပုိ႔ေပးခဲ့ရၿပီး၊ အေရးေပၚ ခြဲစိတ္ကုမႈ ခံယူခဲ့ရာ၊ ျပတ္ေတာက္သြားတဲ့ လက္ကုိ ျပန္ဆက္ႏုိင္ခဲ့ေသာ္လည္း၊ နဂုိလုိ ျပန္သုံးလုိ႔ မရေလာက္ေတာ့ဘူးလုိ႔ ဆရာဝန္က ေျပာပါတယ္။

ဆင္းရဲတဲ့ မိဘေတြကို လုပ္ေကၽြးေနသူျဖစ္လုိ႔ ေဆး႐ုံတက္စာရိတ္လည္း ေလာေလာဆယ္ ကူညီသူ ေမွ်ာ္ေနေၾကာင္း သိရပါတယ္။ ကုန္က်စာရိတ္ဟာ ေပါင္ (၁၁၇၃၀)အထိ ကုန္က်မွာလုိ႔ သိရပါတယ္။ Huang ကေတာ့ ၾသဂုတ္လ (၁၁)ရက္ကတည္းက အေရးေပၚ ကုသမႈ ခံယူေနရဆဲပါ။

ေနသူရိန္ (D Nae Thit & D Nae Khit)

Source : The Sun

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ ယာဉ်မတော်တဆမှုကြောင့် ပြတ်သွားတဲ့ လက်ပြတ်ကြီးကို ဘေးမှာချပြီး၊ အေးအေးဆေးဆေး လူနာတင်ကား စောင့်နေခဲ့တဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ အလုပ်ကနေ အိမ်ကို ပြန်အလာမှာ အခုလို အဖြစ်ဆိုး ကြုံခဲ့ရတာပါ။

အမျိုသားအမည်ကတော့ Huang Songliang ဖြစ်ပြီး၊ အသက်(၃၇)နှစ် ဖြစ်ပါတယ်။ Lengshui Town မှာ နေထိုင်သူပါ။ အဲဒီမြို့ဟာ တရုတ်နိုင်ငံ အလယ်ပိုင်းမှာတည်ရှိပါတယ်။ Huang ဟာ လမ်းတစ်ခုကို ဖြတ်အကူးမှာ အရှိန်နဲ့ မောင်းလာတဲ့ ကားနဲ့ တိုက်မိခဲ့တာပါ။

ဘယ်ဘက်လက်က အဲဒီကားရဲ့ သံဖရိန်ထဲကို ညပ်ပါသွားခဲ့ပြီး၊ လက်မောင်းအရင်းကနေ အစိမ်းပြတ်တောက် သွားခဲ့တာ့ပါ။ လက်နဲ့ လူနဲ့ (၂၄)ပေလောက်အထိ တစ်ခြားဆီဖြစ်သွားခဲ့ပါတယ်။ Huang ဟာ လက်ပြတ်ကြီးကို လိုက်ကောက်ပြီး လူနာတင်ကား အလာကို အေးအေးဆေးဆေး ထိုင်စောင့်နေခဲ့ပါတယ်။

သူရဲ့ လက်ပြတ်ကြီးဟာ သွေးတွေနဲ့ အလိမ်းလိမ်း ဖြစ်နေပြီး၊ လမ်းမပေါ်မှာလည်း Huang ဆီက ထွက်တဲ့သွေးတွေက တစ်လမ်းလုံး ပျံ့ကျဲနေပါသတဲ့။ ကားဆရာကို ဖမ်းမိတယ် မဖမ်းမိဘူး သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ Huang ကိုတော့ ဒေသခံ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။

ဒါပေမယ့် ဆေးဝါးမစုံလင်တာကြောင့် Chenzhou First People’s Hospital  ဆေးရုံကို ထပ်မံပို့ပေးခဲ့ရပြီး၊ အရေးပေါ် ခွဲစိတ်ကုမှု ခံယူခဲ့ရာ၊ ပြတ်တောက်သွားတဲ့ လက်ကို ပြန်ဆက်နိုင်ခဲ့သော်လည်း၊ နဂိုလို ပြန်သုံးလို့ မရလောက်တော့ဘူးလို့ ဆရာဝန်က ပြောပါတယ်။

ဆင်းရဲတဲ့ မိဘတွေကို လုပ်ကျွေးနေသူဖြစ်လို့ ဆေးရုံတက်စာရိတ်လည်း လောလောဆယ် ကူညီသူ မျှော်နေကြောင်း သိရပါတယ်။ ကုန်ကျစာရိတ်ဟာ ပေါင် (၁၁၇၃၀)အထိ ကုန်ကျမှာလို့ သိရပါတယ်။ Huang ကတော့ သြဂုတ်လ (၁၁)ရက်ကတည်းက အရေးပေါ် ကုသမှု ခံယူနေရဆဲပါ။

နေသူရိန် (D Nae Thit & D Nae Khit)

Source : The Sun