အေမမ်ားေန႔မွာ မရွိတဲ့အေမကိုေမွ်ာ္ေနတဲ့ သားႏွစ္ဦးအတြက္၊ အေဖရဲ႕ ျပင္ဆင္မႈ

145

ထုိင္းႏုိင္ငံမွာ ၾသဂုတ္လ (၁၂)ရက္ေန႔မွာ တစ္ႏုိင္ငံလုံးက ေက်ာင္းေတြအားလုံးနီးပါး က်င္းပေလ့ရွိတဲ့ အေမမ်ားေန႔ အခမ္းအနားမွာ အေမရွိသူ ေက်ာင္းသားေက်ာင္းသူေတြအတြက္ေတာ့ ဘဝမွာ ေမ့မရတဲ့ ေပ်ာ္စရာအခုိက္အတန္႔ေတြ ျဖစ္မွာပါ။

ဒါေပမယ့္ အေမမရွိတဲ့ ကေလးေတြအတြက္ေတာ့ ဒီပြဲဟာ ဝမ္းနည္းစရာေတြ ေဆာင္ၾကဥ္းလာတဲ့ ပြဲမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ မိခင္နဲ႔ ေသကြဲကြဲရတာမ်ိဳး ရွိႏုိင္သလုိ၊ တစ္ခ်ိဳ႕ကေတာ့ အေဖအေမ အဆင္မေျပလုိ႔၊ မိခင္နဲ႔ မေတြ႕ႏုိင္တာမ်ိဳးလည္း ရွိႏုိင္ပါတယ္။

အခုလည္း ထုိင္းအမ်ိဳးသား သားႏွစ္ေယာက္ရဲ႕ဖခင္၊ Charan Ran Chamnuansok ဟာ သူ႕ရဲ႕သားႏွစ္ေယာက္ တက္ေရာက္ေနတဲ့ေက်ာင္းမွာက်င္းပခဲ့တဲ့ အေမမ်ားေန႔ပြဲကို တက္ျဖစ္ေအာင္ တက္ေရာက္ခဲ့ပါတယ္။ သူဟာ ေယာက္်ားရင့္မာႀကီး တန္မဲ့ အမ်ိဳးသမီးတစ္ေယာက္လုိ ဝတ္စားဆင္ယင္ၿပီး သြားခဲ့တာပါ။

ေက်ာင္းမွာ သူရဲ႕ သားႏွစ္ေယာက္ဟာ ထင္မွတ္မထားတဲ့ ဖခင္ရဲ႕လုပ္ရပ္ေၾကာင့္ ဝမ္းသာဝမ္းနည္း ငုိေကၽြးခဲ့ၾကပါတယ္။ ထုိင္းႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၁၂)ရက္ေန႔က အေမမ်ားေန႔ကုိ ေက်ာင္းေပါင္းစုံမွာ က်င္းပခဲ့တာျဖစ္ၿပီး၊ မိခင္ေတြရဲ႕ ဂုဏ္ေက်းဇူးကို ေလးစားေသားအားျဖင့္ က်င္းပတာလုိ႔ သိရပါတယ္။

Charan ကေတာ့ မိန္းမနဲ႔ ပုဂၢိဳလ္ေရးျပႆနာမ်ားေၾကာင့္ ကြဲကြာထားသူျဖစ္ၿပီး၊ သူတုိ႔ႏွစ္ေယာက္ကြဲတာ (၅)ႏွစ္ ရွိေနပါၿပီတဲ့။ သူ႕အဆုိအရ မေအျဖစ္သူက ဘာမွ ေထာက္ပံ့မႈမလုပ္ေတာ့ သူကပဲ ဖေအလုိတစ္မ်ိဳး မေအလုိတစ္သြယ္၊ ကေလးေတြကို ေစာင့္ေရွာက္ေနရပါသတဲ့။

လင္းေဇာ္ကို (D Nae Thit & D Nae Khit)

source : WorldOfBuzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ထိုင်းနိုင်ငံမှာ သြဂုတ်လ (၁၂)ရက်နေ့မှာ တစ်နိုင်ငံလုံးက ကျောင်းတွေအားလုံးနီးပါး ကျင်းပလေ့ရှိတဲ့ အမေများနေ့ အခမ်းအနားမှာ အမေရှိသူ ကျောင်းသားကျောင်းသူတွေအတွက်တော့ ဘဝမှာ မေ့မရတဲ့ ပျော်စရာအခိုက်အတန့်တွေ ဖြစ်မှာပါ။

ဒါပေမယ့် အမေမရှိတဲ့ ကလေးတွေအတွက်တော့ ဒီပွဲဟာ ဝမ်းနည်းစရာတွေ ဆောင်ကြဉ်းလာတဲ့ ပွဲမျိုးလည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့တွေကတော့ မိခင်နဲ့ သေကွဲကွဲရတာမျိုး ရှိနိုင်သလို၊ တစ်ချို့ကတော့ အဖေအမေ အဆင်မပြေလို့၊ မိခင်နဲ့ မတွေ့နိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။

အခုလည်း ထိုင်းအမျိုးသား သားနှစ်ယောက်ရဲ့ဖခင်၊ Charan Ran Chamnuansok ဟာ သူ့ရဲ့သားနှစ်ယောက် တက်ရောက်နေတဲ့ကျောင်းမှာကျင်းပခဲ့တဲ့ အမေများနေ့ပွဲကို တက်ဖြစ်အောင် တက်ရောက်ခဲ့ပါတယ်။ သူဟာ ယောက်ျားရင့်မာကြီး တန်မဲ့ အမျိုးသမီးတစ်ယောက်လို ဝတ်စားဆင်ယင်ပြီး သွားခဲ့တာပါ။

ကျောင်းမှာ သူရဲ့ သားနှစ်ယောက်ဟာ ထင်မှတ်မထားတဲ့ ဖခင်ရဲ့လုပ်ရပ်ကြောင့် ဝမ်းသာဝမ်းနည်း ငိုကျွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လ (၁၂)ရက်နေ့က အမေများနေ့ကို ကျောင်းပေါင်းစုံမှာ ကျင်းပခဲ့တာဖြစ်ပြီး၊ မိခင်တွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားသေားအားဖြင့် ကျင်းပတာလို့ သိရပါတယ်။

Charan ကတော့ မိန်းမနဲ့ ပုဂ္ဂိုလ်ရေးပြဿနာများကြောင့် ကွဲကွာထားသူဖြစ်ပြီး၊ သူတို့နှစ်ယောက်ကွဲတာ (၅)နှစ် ရှိနေပါပြီတဲ့။ သူ့အဆိုအရ မအေဖြစ်သူက ဘာမှ ထောက်ပံ့မှုမလုပ်တော့ သူကပဲ ဖအေလိုတစ်မျိုး မအေလိုတစ်သွယ်၊ ကလေးတွေကို စောင့်ရှောက်နေရပါသတဲ့။

လင်းဇော်ကို (D Nae Thit & D Nae Khit)

source : WorldOfBuzz