သမီးရည္းစားဘဝကေန ယေန႔အခ်ိန္ထိ စုံတြဲဝတ္စုံဝတ္ၿပီး ခ်စ္ေနၾကဆဲ အဖုိးနဲ႔အဖြား

195

အထက္တန္းေက်ာင္းသားဘဝကတည္းက ခ်စ္သူျဖစ္ခဲ့ၾကတဲ့ စီနီယာစုံတြဲတစ္တြဲဟာ အခုဆုိရင္ အိမ္ေထာင္သက္ (၆၈)ႏွစ္ေတာင္ ရွိေနပါၿပီ။ ဒီလုိပဲ သူတုိ႔တစ္ေတြဟာ သမီးရည္းစားဘဝကတည္းက ဆင္တူစုံတြဲဝတ္စုံ ဝတ္ဆင္ခဲ့ၾကတာျဖစ္ၿပီး အခုအခ်ိန္ထိလည္း ဆင္တူဝတ္စုံဝတ္ဆင္ရတာကို သေဘာက်ေနဆဲပါတဲ့။

အဖုိးတုိ႔ စုံတြဲနာမည္ကေတာ့ Francis နဲ႔ Rosemary Klontz တုိ႔ျဖစ္ၿပီး၊ သူတုိ႔ဟာ ဂ်ဴနီယာေက်ာင္းသားဘဝကတည္းက စတင္ဆုံစည္းခဲ့တာပါ။ သူတုိ႔ တက္ခဲ့တဲ့ေက်ာင္းကေတာ့ ဝါရွင္တန္၊ Auburn မွာတည္ရွိတဲ့ ေက်ာင္းမွာ ျဖစ္ပါတယ္။ ႏွစ္ဦးသား အထက္တန္းေက်ာင္းသားဘဝမွာ ခ်စ္သူေတြ ျဖစ္ခဲ့ၾကပါတယ္။

ဆင္တူဝတ္စုံ ဝတ္ဆင္ခဲ့တာေၾကာင့္ Rosemary ရဲ႕ မိခင္က အရင္ဆုံးရိပ္မိသြားၿပီး Francis ကို ေမာင္းထုတ္ခဲ့ရသည္အထိပါ။ စုံတြဲဝတ္စုံဝတ္ဖုိ႔ကုိ Rosemary ကပဲ မိန္းကေလးပီပီ ေတြးခဲ့မိတာ ျဖစ္ပါတယ္။ ေနာက္ေတာ့ ႏွစ္ေယာက္သား အျပင္ကို ထြက္လည္တဲ့အခါတုိင္း တူညီဝတ္စုံ ဝတ္ၾကပါတယ္။

ေက်ာင္းသားေက်ာင္းသူေတြၾကားမွာ သူတုိ႔ရဲ႕ ခ်စ္ခင္ၾကင္နာမႈေတြဟာ စံျပျဖစ္ခဲ့ၿပီး၊ တစ္ခ်ိဳ႕ကလည္း သြားပုပ္ေလလြင့္ တုိက္ခုိက္တာေတြ၊ အမနာပ ေျပာဆုိတာေတြ ရွိခဲ့ပါသတဲ့။ Francis နဲ႔ Rosemary တုိ႔ဟာ (၁၉၅၁)ခုႏွစ္မွာ လက္ထပ္ခဲ့ၾကတာပါ။

သတင္းေထာက္တစ္ဦးက ေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးမွာ ဘာက အေရးပါသလဲလုိ႔ ေမးျမန္းရာမွာ ” သူမက Jesus first, others second, you last “လုိ႔ ေျပာခဲ့ပါတယ္။ ပထမ ဘုရားသခင္က အေရးႀကီးသုိ၊ ဒုတိယ တစ္ျခားလူေတြကလည္း အေရးပါေၾကာင္း၊ တတိယက ကုိယ္တုိင္လည္း အေရးပါေၾကာင္း၊ ဒါမွ JOY ကုိ ရမွာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဒါေပမယ့္ သူမက အဲဒီ ေပ်ာ္ရႊင္ဖုိ႔နည္းဟာ သီခ်င္းေတြဆုိေနဖုိ႔လည္း အေရးပါတယ္လုိ႔ သူမက ျဖည့္စြက္ေျပာပါတယ္။ လူ႕ဘဝရဲ႕ မူလရည္ရြယ္ခ်က္က ကိုယ့္ခ်စ္သူနဲ႔ ထာဝရမခြဲအတူေနၿပီး၊ သက္ဆုံးတုိင္ ေပ်ာ္ရႊင္စြာ ေနထုိင္သြားရေရးဆုိရင္ Rosemary တုိ႔စုံတြဲဟာ ကမာၻေပၚမွာ ေပ်ာ္စရာအေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။

လင္းေဇာ္ကို (D Nae Thit & D Nae Khit)

source : Metro

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အထက်တန်းကျောင်းသားဘဝကတည်းက ချစ်သူဖြစ်ခဲ့ကြတဲ့ စီနီယာစုံတွဲတစ်တွဲဟာ အခုဆိုရင် အိမ်ထောင်သက် (၆၈)နှစ်တောင် ရှိနေပါပြီ။ ဒီလိုပဲ သူတို့တစ်တွေဟာ သမီးရည်းစားဘဝကတည်းက ဆင်တူစုံတွဲဝတ်စုံ ဝတ်ဆင်ခဲ့ကြတာဖြစ်ပြီး အခုအချိန်ထိလည်း ဆင်တူဝတ်စုံဝတ်ဆင်ရတာကို သဘောကျနေဆဲပါတဲ့။

အဖိုးတို့ စုံတွဲနာမည်ကတော့ Francis နဲ့ Rosemary Klontz တို့ဖြစ်ပြီး၊ သူတို့ဟာ ဂျူနီယာကျောင်းသားဘဝကတည်းက စတင်ဆုံစည်းခဲ့တာပါ။ သူတို့ တက်ခဲ့တဲ့ကျောင်းကတော့ ဝါရှင်တန်၊ Auburn မှာတည်ရှိတဲ့ ကျောင်းမှာ ဖြစ်ပါတယ်။ နှစ်ဦးသား အထက်တန်းကျောင်းသားဘဝမှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။

ဆင်တူဝတ်စုံ ဝတ်ဆင်ခဲ့တာကြောင့် Rosemary ရဲ့ မိခင်က အရင်ဆုံးရိပ်မိသွားပြီး Francis ကို မောင်းထုတ်ခဲ့ရသည်အထိပါ။ စုံတွဲဝတ်စုံဝတ်ဖို့ကို Rosemary ကပဲ မိန်းကလေးပီပီ တွေးခဲ့မိတာ ဖြစ်ပါတယ်။ နောက်တော့ နှစ်ယောက်သား အပြင်ကို ထွက်လည်တဲ့အခါတိုင်း တူညီဝတ်စုံ ဝတ်ကြပါတယ်။

ကျောင်းသားကျောင်းသူတွေကြားမှာ သူတို့ရဲ့ ချစ်ခင်ကြင်နာမှုတွေဟာ စံပြဖြစ်ခဲ့ပြီး၊ တစ်ချို့ကလည်း သွားပုပ်လေလွင့် တိုက်ခိုက်တာတွေ၊ အမနာပ ပြောဆိုတာတွေ ရှိခဲ့ပါသတဲ့။ Francis နဲ့ Rosemary တို့ဟာ (၁၉၅၁)ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။

သတင်းထောက်တစ်ဦးက ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘာက အရေးပါသလဲလို့ မေးမြန်းရာမှာ ” သူမက Jesus first, others second, you last “လို့ ပြောခဲ့ပါတယ်။ ပထမ ဘုရားသခင်က အရေးကြီးသို၊ ဒုတိယ တစ်ခြားလူတွေကလည်း အရေးပါကြောင်း၊ တတိယက ကိုယ်တိုင်လည်း အရေးပါကြောင်း၊ ဒါမှ JOY ကို ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါပေမယ့် သူမက အဲဒီ ပျော်ရွှင်ဖို့နည်းဟာ သီချင်းတွေဆိုနေဖို့လည်း အရေးပါတယ်လို့ သူမက ဖြည့်စွက်ပြောပါတယ်။ လူ့ဘဝရဲ့ မူလရည်ရွယ်ချက်က ကိုယ့်ချစ်သူနဲ့ ထာဝရမခွဲအတူနေပြီး၊ သက်ဆုံးတိုင် ပျော်ရွှင်စွာ နေထိုင်သွားရရေးဆိုရင် Rosemary တို့စုံတွဲဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

လင်းဇော်ကို (D Nae Thit & D Nae Khit)

source : Metro