ဝါဂြမ္းနားက်ပ္တံ အသုံးျပဳသူေတြကို၊ ကိုယ္ေတြ႕အျဖစ္အပ်က္နဲ႔ သတိေပးလုိက္သူ

156

ဝါဂြမ္းနားက်ပ္တံအသုံးျပဳမႈဟာ ကၽြန္ေတာ္တုိ႔ လူေနမႈ ပတ္ဝန္းက်င္မွာ အေတာ္ေလးကို တြင္က်ယ္ေနပါတယ္။ ယခင္ကေတာ့ ၾကက္ေတာင္၊ ငွက္ေတာင္ေတြနဲ႔ နားကေလာက္ၾကေပမယ့္၊ အခုေတာ့ အသင့္သုံးထုတ္လုပ္ထားတဲ့ ဝါဂြမ္းနားက်ပ္တံေတြကို အသုံးျပဳတာ မ်ားလာပါတယ္။

ဘယ္လုိနည္းနဲ႔ နားက်ပ္တာပဲျဖစ္ျဖစ္ သင့္အတြက္ မေကာင္းႏုိင္ဘူးဆုိတာကို အမ်ိဳးသမီးတစ္ေယာက္က သူမရဲ႕ ကိုယ္ေတြ႕အျဖစ္အပ်က္နဲ႔ ယွဥ္ၿပီးသတိေပးလုိက္ပါတယ္။ ၾသစေတးလ်ႏုိင္ငံသူတစ္ဦးဟာ နားယားတုိင္း ဝါဂြမ္းနားက်ပ္တံနဲ႔ နားကို ကေလာက္ၿပီး ဇိမ္ခံေလ့ရွိပါတယ္။

သူမရဲ႕နာမည္ကေတာ့ Jasmine Small ျဖစ္ၿပီး၊ အသက္(၃၈)ႏွစ္ပါ။ သူမဟာ ႏွစ္ေတာ္ေတာ္ၾကာေအာင္ ဘာျပႆနာမွမရွိဘဲ၊ နားက်ပ္တံ အသုံးျပဳလာခဲ့ရာ ၿပီးခဲ့တဲ့ႏွစ္ (၂၀၁၆)ႏွစ္ဝက္ေလာက္မွာ ဘက္ဘက္နားမွာ အသံေတြ ၾကားတစ္ခ်က္ မၾကားတစ္ခ်က္ ျဖစ္လာခဲ့ပါတယ္။

ဒီလုိ ျဖစ္ေနတာေတာင္မွ သူမဟာ ဆရာဝန္ဆီကုိ ျပသဖုိ႔ပ်က္ကြက္ခဲ့တယ္လုိ႔ ဝန္ခံခဲ့ပါတယ္။ အေၾကာင္းကေတာ့ သာမန္လူေတြ ေတြးတဲ့အတုိင္း နားဖာေခ်းပိတ္ေနလုိ႔ မၾကားတာလုိ႔ ထင္ခဲ့တာပါ။ ဒါေပမယ့္ လအတန္ၾကာတဲ့အခါ ဘယ္ဘက္နားက လုံးဝ မၾကားေတာ့ပါဘူး။

ေနာက္ၿပီး နားထဲကေန နားျပည္ယုိလာပါတယ္။ အလြန္နံပါသတဲ့။ တစ္ခါတေလမွာ နားျပည္ထဲမွာ ေသြးအစအစေတြ ပါၿပီး၊ ကနဦးတုန္းက အညိဳေရာင္လုိ နားျပည္ယုိခဲ့ေပမယ့္၊ ေနာက္ေတာ့ တျဖည္းျဖည္း နားေသြးယုိတဲ့အထိ ျဖစ္လာပါတယ္။ New South Wales မွာေနထုိင္တဲ့ သူမဟာ-

နားသန္႔ေဆးနဲ႔ ကိုယ့္ဘာသာကုိယ္ကုခဲ့ပါတယ္။ (၂၀၁၇)ႏွစ္မွာ နားက အိပ္မရေအာင္ ကိုက္လာတဲ့အတြက္ နား၊ ႏွာေခါင္း လည္ေခ်ာင္းဆရာဝန္ႀကီးထံ ျပသခဲ့ပါတယ္။ CT Scan ဖတ္ၾကည့္ရာ၊ အံ့ၾသစရာ ေတြ႕ခဲ့ရပါတယ္။ အဲဒါကေတာ့ နားက်ပ္တံက ဝါဂြမ္းတစ္ခ်ိဳ႕ နားအတြင္းပုိင္း နက္နက္႐ႈိင္း႐ႈိင္းထိ ကၽြတ္က်န္ေနခဲ့တာပါ။

ဦးေႏွာက္နဲ႔ေတာင္ အလြန္ကပ္ေနတဲ့ အေနအထားျဖစ္ၿပီး၊ ေရွရွည္ နားက်ပ္တံအသုံးျပဳပါက နားကန္း႐ုံသာမက၊ ဦးေႏွာက္တြင္း ေသြးယုိစီးမႈနဲ႔၊ ဦးေႏွာက္တြင္း ျပည္တည္မႈေတြအျပင္၊ အသက္ကိုေတာင္ ေသေစႏုိင္တယ္လုိ႔ ဆရာဝန္ႀကီးက ေျပာပါတယ္။ အေရးေပၚ ခြဲစိတ္မႈ ခံယူၿပီးေနာက္ Jasmine ဟာ ကံေကာင္းစြာနဲ႔ နားျပန္ၾကားခဲ့ရပါတယ္။

Jasmine က သူမရဲ႕အျဖစ္ဆုိးကုိ အားလုံးက သင္ခန္းစာ ယူေစခ်င္ေနၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း သတိေပးတာေတာ့ သတိေပးတာပဲ၊ နားယားတဲ့အခါ ဝါဂြမ္းတံကို မသုံးရရင္ မေနႏုိင္ဘူးလုိ႔ အေၾကာင္းျပပါတယ္။ ဒီလုိအေၾကာင္းျပခ်က္ေတြကပဲ တစ္ခ်ိန္မွာ ကိုယ္လည္း Jasmine လုိ႔ ျဖစ္လာခဲ့ရင္၊ ဒါမွမဟုတ္ Jasmine လုိ႔ ျပန္မေကာင္းခဲ့ရင္ ႀကီးမားတဲ့ ေနာင္တေတြ ျဖစ္ေစမွာပါ။

နတ္စည္ေတာ္ (D Nae Thit & D Nae Khit)

source : WorldOfBuzz

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ဝါဂွမ်းနားကျပ်တံအသုံးပြုမှုဟာ ကျွန်တော်တို့ လူနေမှု ပတ်ဝန်းကျင်မှာ အတော်လေးကို တွင်ကျယ်နေပါတယ်။ ယခင်ကတော့ ကြက်တောင်၊ ငှက်တောင်တွေနဲ့ နားကလောက်ကြပေမယ့်၊ အခုတော့ အသင့်သုံးထုတ်လုပ်ထားတဲ့ ဝါဂွမ်းနားကျပ်တံတွေကို အသုံးပြုတာ များလာပါတယ်။

ဘယ်လိုနည်းနဲ့ နားကျပ်တာပဲဖြစ်ဖြစ် သင့်အတွက် မကောင်းနိုင်ဘူးဆိုတာကို အမျိုးသမီးတစ်ယောက်က သူမရဲ့ ကိုယ်တွေ့အဖြစ်အပျက်နဲ့ ယှဉ်ပြီးသတိပေးလိုက်ပါတယ်။ သြစတေးလျနိုင်ငံသူတစ်ဦးဟာ နားယားတိုင်း ဝါဂွမ်းနားကျပ်တံနဲ့ နားကို ကလောက်ပြီး ဇိမ်ခံလေ့ရှိပါတယ်။

သူမရဲ့နာမည်ကတော့ Jasmine Small ဖြစ်ပြီး၊ အသက်(၃၈)နှစ်ပါ။ သူမဟာ နှစ်တော်တော်ကြာအောင် ဘာပြဿနာမှမရှိဘဲ၊ နားကျပ်တံ အသုံးပြုလာခဲ့ရာ ပြီးခဲ့တဲ့နှစ် (၂၀၁၆)နှစ်ဝက်လောက်မှာ ဘက်ဘက်နားမှာ အသံတွေ ကြားတစ်ချက် မကြားတစ်ချက် ဖြစ်လာခဲ့ပါတယ်။

ဒီလို ဖြစ်နေတာတောင်မှ သူမဟာ ဆရာဝန်ဆီကို ပြသဖို့ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ အကြောင်းကတော့ သာမန်လူတွေ တွေးတဲ့အတိုင်း နားဖာချေးပိတ်နေလို့ မကြားတာလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် လအတန်ကြာတဲ့အခါ ဘယ်ဘက်နားက လုံးဝ မကြားတော့ပါဘူး။

နောက်ပြီး နားထဲကနေ နားပြည်ယိုလာပါတယ်။ အလွန်နံပါသတဲ့။ တစ်ခါတလေမှာ နားပြည်ထဲမှာ သွေးအစအစတွေ ပါပြီး၊ ကနဦးတုန်းက အညိုရောင်လို နားပြည်ယိုခဲ့ပေမယ့်၊ နောက်တော့ တဖြည်းဖြည်း နားသွေးယိုတဲ့အထိ ဖြစ်လာပါတယ်။ New South Wales မှာနေထိုင်တဲ့ သူမဟာ-

နားသန့်ဆေးနဲ့ ကိုယ့်ဘာသာကိုယ်ကုခဲ့ပါတယ်။ (၂၀၁၇)နှစ်မှာ နားက အိပ်မရအောင် ကိုက်လာတဲ့အတွက် နား၊ နှာခေါင်း လည်ချောင်းဆရာဝန်ကြီးထံ ပြသခဲ့ပါတယ်။ CT Scan ဖတ်ကြည့်ရာ၊ အံ့သြစရာ တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ နားကျပ်တံက ဝါဂွမ်းတစ်ချို့ နားအတွင်းပိုင်း နက်နက်ရှိုင်းရှိုင်းထိ ကျွတ်ကျန်နေခဲ့တာပါ။

ဦးနှောက်နဲ့တောင် အလွန်ကပ်နေတဲ့ အနေအထားဖြစ်ပြီး၊ ရှေရှည် နားကျပ်တံအသုံးပြုပါက နားကန်းရုံသာမက၊ ဦးနှောက်တွင်း သွေးယိုစီးမှုနဲ့၊ ဦးနှောက်တွင်း ပြည်တည်မှုတွေအပြင်၊ အသက်ကိုတောင် သေစေနိုင်တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။ အရေးပေါ် ခွဲစိတ်မှု ခံယူပြီးနောက် Jasmine ဟာ ကံကောင်းစွာနဲ့ နားပြန်ကြားခဲ့ရပါတယ်။

Jasmine က သူမရဲ့အဖြစ်ဆိုးကို အားလုံးက သင်ခန်းစာ ယူစေချင်နေကြပါတယ်။ တစ်ချို့ကလည်း သတိပေးတာတော့ သတိပေးတာပဲ၊ နားယားတဲ့အခါ ဝါဂွမ်းတံကို မသုံးရရင် မနေနိုင်ဘူးလို့ အကြောင်းပြပါတယ်။ ဒီလိုအကြောင်းပြချက်တွေကပဲ တစ်ချိန်မှာ ကိုယ်လည်း Jasmine လို့ ဖြစ်လာခဲ့ရင်၊ ဒါမှမဟုတ် Jasmine လို့ ပြန်မကောင်းခဲ့ရင် ကြီးမားတဲ့ နောင်တတွေ ဖြစ်စေမှာပါ။

နတ်စည်တော် (D Nae Thit & D Nae Khit)

source : WorldOfBuzz