တိုက်ပွဲမြင်ကွင်း နဲ့ နောက်ဆုံးရသတင်း

1185




Photo – Nay Myo

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရ

ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို ယနေ့မနက်၅ နာရီ မိနစ် ၃ဝ လောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လူတစ်ဦးသေဆုံးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။

TNLA အဖွဲ့မှ တိုက်ခိုက်သည်ဟု တပ်မတော်အသိုင်းအဝိုင်း နီးစပ်သူ များထံမှ ကနဦးသိရပါသည်။လက်နက်ကြီး ၅ လုံးနှင့်အထက် ကျောင်းတွင်း အဆောင်နေရာ အများစုကို ကျရောက်ပေါက်ကွဲခဲ့တာဟု သိရပြီး အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါသည်။