391
အသက် (၇၉)နှစ်ရှိနေပြီဖြစ်တဲ့ ဘာရီ ၀ရိုက်ဆန်ဆိုတဲ့ အဖိုးကြီးဟာ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကျူးလွန်ခဲ့ပြီး၊ အဲဒီအထဲကမှ အသက် (၁၁)နှစ်ပဲရှိသေးတဲ့ ကောင်မလေးကို ‘ တခြားတယောက်ကို ပြန်ပြောရင် သတ်ပစ်မယ်’ ဆိုပြီး နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ပါတယ်။
သူရေး ( D Nae THit )
Unicode
တစ်ခြားလူတွေ ပြန်ပြောရင် သတ်ပစ်မှာဆိုပြီး ကောင်မလေးကို နှစ်ကြိမ်တိုင် အဓမ္မကျင့်တဲ့အဖိုးအို
အသက် (၇၉)နှစ်ရှိနေပြီဖြစ်တဲ့ ဘာရီ ဝရိုက်ဆန်ဆိုတဲ့ အဖိုးကြီးဟာ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကို ကျူးလွန်ခဲ့ပြီး၊ အဲဒီအထဲကမှ အသက် (၁၁)နှစ်ပဲရှိသေးတဲ့ ကောင်မလေးကို ‘ တခြားတယောက်ကို ပြန်ြပောရင် သတ်ပစ်မယ်’ ဆိုပြီး နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခဲ့ပါတယ်။
တစ်ယောက်တည်းမဟုတ်ဘဲ နောက်ထပ်တစ်ယောက်ကိုလည်း လိင်နှောက်ယှက်မှု မျိုးစုံလုပ်ခဲ့သလို နှစ်ယောက်စလုံးဟာ အခုအချိန်မှာ အရေးပေါ် ဆေးကုသမှုကို ခံယူနေရပါတယ်။ စော်ကားခံခဲ့ရတဲ့ မိန်းကလေးနှစ်ယောက်ထဲက အသိမိတ်ဆွေတစ်ယောက်က ‘ ဒါက လုံးဝကို ခွင့်မလွှတ်နိုင်စရာပါပဲ အဲဒီထဲက အဆိုးဆုံးက အကယ်လို့ မင်းတယောက်ယောက်ကို ပြန်ပြောခဲ့ရင် မင်းကိုငါသတ်ပစ်မယ်ဆို့ပြီး ခြိမ်းခြောက်တာပါ’
‘အဲဒီအချက်က အခုဘာဖြစ်သွားလဲဆိုရင် ကလေးမလေးက ဘယ်သူ့ကိုမှ စကားမြပောနိုင်တော့သလို သူမရဲ့ ကျန်းမာရေးကြောင့် ဘယ်သူမှလည်း စကားပြောခွင့်မရတော့ဘူး’ ဆိုပြီး ပြောခဲ့ပါတယ်။ တရားရုံးကို ရုံးတင်စစ်ဆေးနိုင်ခဲ့ချိန်မှာတော့ ဘာရီ ဝရိုက်ဆန်ကို ထောင် (၁၄)နှစ်ချမှတ်လိုက်ပါတယ်။ ထောင်ဒဏ်က (၁၁)နှစ်ကလေးမလေးကို အဓမ္မကျင့်တဲ့ အမှုအတွက်ပါ။
နောက်ထပ် စွဲချက်အနေနဲ့ မိန်းကလေး (၆)ယောက်ကို ထပ်ပြီး မဖွယ်မရာလုပ်ခဲ့တယ်လို့ လူအများက စွဲချက်တင်ခဲ့ပြီး၊ တရားရုံးနဲ့ သက်ဆိုင်ရာတွေက စစ်ဆေးပြီးလိုက်ချိန်မှာတော့ စွပ်စွဲခံ (၆)ယောက်နဲ့ ပတ်သက်ပြီး၊ အမှုက ကွင်းလုံးကျွတ်လွတ်ခဲ့သလို အဓမ္မမှု မြောက်ခဲ့တယ်လို့ ဒုတိယ မိန်းကလေးအတွက်လည်း အပြစ်ဒဏ်ကလွတ်ခဲ့ပါတယ်။
သူက ဝန်ခံခဲ့တဲ့အတွက် အပြစ်ပေါ့လျော့ခဲ့တာဖြစ်သလို စွပ်စွဲခံကိစ္စတွေဟာ စွပ်စွဲမှု မမြောက်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက် (၁၁)နှစ် ကောင်မလေးကို အဓမ္မပြုကျင့်မှုနဲ့ပဲ ထောင် (၁၄)နှစ်ကျခဲ့တာဖြစ်ပါတယ်။
သူရေး ( D Nae THit )