စကားလုံး (၁၀၂၂)အထိသိတဲ့ ကမာၻ႔ဉာဏ္အေကာင္းဆုံးေခြးေလး၊ ေသဆုံးသြားၿပီျဖစ္

136

ေခြးေတြဟာ သူတုိ႔ မွတ္ဉာဏ္ အနိမ့္အျမင့္ေပၚမူတည္ၿ႔ပီး၊ စကားလုံးေတြကို မွတ္မိၾကပါတယ္။ ေခြးေတြကို ငယ္ငယ္ကတည္းက ထုိင္ပါ-ထပါ-ခုန္ပါ-ေျခေျမႇာက္ပါ-လက္ေျမႇာက္ပါ-ရွိခုိးပါ စသျဖင့္ သင္ၾကားေပးရင္ တတ္လြယ္ၾကပါတယ္။ ႀကီးလာမွ သင္မယ္ဆုိရင္ေတာ့ မလြယ္ပါဘူး။

ေခြး ႀကီးမွ လက္ေပးသင္-ဆုိတဲ့ ျမန္မာစကားအတုိင္း ေခြးေတြကုိ ငယ္ငယ္ကတည္းက သင္ေပးရင္ ေကာင္းေကာင္း တတ္ကၽြမ္းပါတယ္။ အခု Chaser အမည္ရ ေခြးေလးဟာ ပါေမာကၡရဲ႕ သုေတသနျပဳ သင္ၾကားမႈေတြေၾကာင့္ တစ္ျခားေခြးေတြနဲ႔မတူ အလြန္မွတ္ႏုိင္စြမ္းကို ျပသခဲ့ပါတယ္။

Chaser ဟာ နာမ္ စာလုံးေပါင္း (၁၀၂၂)အထိ သိရွိသူျဖစ္ၿပီး၊ သူဟာ ကမာၻ႕ဉာဏ္အေကာင္းဆုံးေခြးေလးအျဖစ္ သတင္းမီဒီယာေတြမွာ ေဖာ္ျပျခင္း ခံခဲ့ရသူပါ။ အခုေတာ့ အသက္(၁၅)ႏွစ္အရြယ္မွာပဲ Chaser ဟာ ေသဆုံးသြားၿပီ ျဖစ္ပါတယ္။

Chaser ဟာ CBS ရဲ႕ 60 Minutes အစီအစဥ္မွာ ပါဝင္ခြင့္လည္း ရခဲ့သူျဖစ္ၿပီး၊ ထုိစဥ္က သူ႕ရဲ႕သခင္ျဖစ္သူ ပါေမာကၡ ေဒါက္တာ John W. Pilley နဲ႔ ပင္တုိင္အစီအစဥ္တင္ဆက္သူ Anderson Cooper တုိ႔ ပါဝင္ခဲ့ပါတယ္။ Chaser ဟာ သခင္ျဖစ္သူထက္ တစ္ႏွစ္ေနာက္က်ၿပီးမွ ေသဆုံးခဲ့တာပါ။

ေဒါက္တာ Pilley ဟာ ယမန္ႏွစ္က အသက္(၈၉)ႏွစ္အရြယ္မွာ ေသဆုံးခဲ့တာျဖစ္ၿပီး၊ Chaser ကေတာ့ ဇူလုိင္(၂၃)ရက္၊ အဂၤါေန႔မွာ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ Chaser ေသဆုံးေတာ့ သူမရဲ႕ ၾကင္ေဖာ္ Sally နဲ႔ သမီးျဖစ္သူ Robin တို႔ က်န္ရစ္ခဲ့ပါသတဲ့။

ေနသူရိန္ (D Nae Thit & D Nae Khit)

source: UniLad

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ခွေးတွေဟာ သူတို့ မှတ်ဉာဏ် အနိမ့်အမြင့်ပေါ်မူတည်ြ့ပီး၊ စကားလုံးတွေကို မှတ်မိကြပါတယ်။ ခွေးတွေကို ငယ်ငယ်ကတည်းက ထိုင်ပါ-ထပါ-ခုန်ပါ-ခြေမြှောက်ပါ-လက်မြှောက်ပါ-ရှိခိုးပါ စသဖြင့် သင်ကြားပေးရင် တတ်လွယ်ကြပါတယ်။ ကြီးလာမှ သင်မယ်ဆိုရင်တော့ မလွယ်ပါဘူး။

ခွေး ကြီးမှ လက်ပေးသင်-ဆိုတဲ့ မြန်မာစကားအတိုင်း ခွေးတွေကို ငယ်ငယ်ကတည်းက သင်ပေးရင် ကောင်းကောင်း တတ်ကျွမ်းပါတယ်။ အခု Chaser အမည်ရ ခွေးလေးဟာ ပါမောက္ခတွေရဲ့ သုတေသနပြု သင်ကြားမှုတွေကြောင့် တစ်ခြားခွေးတွေနဲ့မတူ အလွန်မှတ်နိုင်စွမ်းကို ပြသခဲ့ပါတယ်။

Chaser ဟာ နာမ် စာလုံးပေါင်း (၁၀၂၂)အထိ သိရှိသူဖြစ်ပြီး၊ သူဟာ ကမ္ဘာ့ဉာဏ်အကောင်းဆုံးခွေးလေးအဖြစ် သတင်းမီဒီယာတွေမှာ ဖော်ပြခြင်း ခံခဲ့ရသူပါ။ အခုတော့ အသက်(၁၅)နှစ်အရွယ်မှာပဲ Chaser ဟာ သေဆုံးသွားပြီ ဖြစ်ပါတယ်။

Chaser ဟာ CBS ရဲ့ 60 Minutes အစီအစဉ်မှာ ပါဝင်ခွင့်လည်း ရခဲ့သူဖြစ်ပြီး၊ ထိုစဉ်က သူ့ရဲ့သခင်ဖြစ်သူ ပါမောက္ခ ဒေါက်တာ John W. Pilley နဲ့ ပင်တိုင်အစီအစဉ်တင်ဆက်သူ Anderson Cooper တို့ ပါဝင်ခဲ့ပါတယ်။ Chaser ဟာ သခင်ဖြစ်သူထက် တစ်နှစ်နောက်ကျပြီးမှ သေဆုံးခဲ့တာပါ။

ဒေါက်တာ Pilley ဟာ ယမန်နှစ်က အသက်(၈၉)နှစ်အရွယ်မှာ သေဆုံးခဲ့တာဖြစ်ပြီး၊ Chaser ကတော့ ဇူလိုင်(၂၃)ရက်၊ အင်္ဂါနေ့မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ Chaser သေဆုံးတော့ သူမရဲ့ ကြင်ဖော် Sally နဲ့ သမီးဖြစ်သူ Robin တို့ ကျန်ရစ်ခဲ့ပါသတဲ့။

နေသူရိန် (D Nae Thit & D Nae Khit)

source: UniLad