127
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မမှုတစ်ခုမှာ အော်စတင်ဝက်ခ်ျဆိုတဲ့ အသက် (၃၀)အရွယ် အမျိုးသားဟာ သူ့ရဲ့အတူနေချစ်သူမှာ ပါလာတဲ့ (၁၁)အရွယ် သမီးလေးကို (၉၀)ကြိမ်ထက်မနည်း အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး၊ ကိုယ်ဝန်ရစေခဲ့ပြီးနောက်မှာ ကလေးသူငယ်ဆိုင်ရာ အဓမ္မကျူးလွန်မှုနဲ့ ထောင်ဒဏ် (၂၃၀)အထိ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ကလေးရဲ့ ဒီအန်အေကို စစ်လိုက်ချိန်မှာတော့ ၀က်ခ်ျရဲ့ ဒီအန်အေဖြစ်နေတဲ့အတွက် ၀က်ခ်ျကို စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (၂၀၁၇)မတ်ခ်ျလမှာ ၀က်ခ်ျကို ဖမ်းမိခဲ့ပြီး ၊ ဖမ်းမိချိန်ကစလို တရားရုံးတင်စွဲချက်တင်ခဲ့ပါတယ်။ နောက်တော့ တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ချိန်မှာ ၀က်ခ်ျက သူဟာ သမီးဖြစ်သူကို သူခိုင်းတဲ့အတိုင်း မလုပ်ရင် နင့်အမေကို ဒီကိစ္စတွေ အကုန်ပြန်ပြောပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။
သူရေး ( D Nae Thit )
Unicode
ချစ်သူရဲ့သမီးကို အဓမ္မကျင့်သူကို ထောင်(၂၃၀)နှစ် ချမှတ်
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓမ္မမှုတစ်ခုမှာ အော်စတင်ဝက်ချ်ဆိုတဲ့ အသက် (၃၀)အရွယ် အမျိုးသားဟာ သူ့ရဲ့အတူနေချစ်သူမှာ ပါလာတဲ့ (၁၁)အရွယ် သမီးလေးကို (၉၀)ကြိမ်ထက်မနည်း အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီး၊ ကိုယ်ဝန်ရစေခဲ့ပြီးနောက်မှာ ကလေးသူငယ်ဆိုင်ရာ အဓမ္မကျူးလွန်မှုနဲ့ ထောင်ဒဏ် (၂၃၀)အထိ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားနဲ့ သူ့ချစ်သူအမျိုးသမီးတို့ဟာ (၂၀၁၄)ခုနှစ်လောက်မှာ ချစ်သူတွေ စဖြစ်ခဲ့ကြပါတယ်။ အဲဒီကတည်းက သမီးလေးတစ်ယောက်ပါလာတဲ့ အမျိုးသမီးဟာ ဝက်ချ်ရဲ့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ နောက်တော့ ဝက်ချ်က သူဟာ မက္ကဆီကိုကို ဆေးပညာစာမေးပွဲနဲ့ သွားရမယ်ဆိုပြီး အိမ်ကနေထွက်သွားပါတယ်။
နောက် (၂)လလောက်အကြာမှာ အိမ်ကို လူမသိအောင်ပြန်လာပြီး၊ သမီးဖြစ်သူကို အဓမ္မပြုကျင့်မှုတွေ ပြလုပ်ခဲ့ပါတော့တယ်။ အဲဒီအချိန်ကစလို ဝက်ချ်ဟာ သူ့ရည်းစားမသိအောင် အမျိုးမျိုး ခြောက်လှန့်ပြီး၊ သမီးဖြစ်သူကို အကြိမ်ရေ (၉၀)ကြိမ်ထက်မနည်း အဓမ္မပြုကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ (၂၀၁၆)ခုနှစ်ရောက်ချိန်မှာတော့ သမီးဖြစ်သူဟာ ကိုယ်ဝန်ရပြီး ရချိန်မှာတော့ ဒီကိစ္စကို အမေဖြစ်သူက သိရှိသွားခဲ့တာပါ။
ကလေးရဲ့ ဒီအန်အေကို စစ်လိုက်ချိန်မှာတော့ ဝက်ချ်ရဲ့ ဒီအန်အေဖြစ်နေတဲ့အတွက် ဝက်ချ်ကို စုံးစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (၂၀၁၇)မတ်ချ်လမှာ ဝက်ချ်ကို ဖမ်းမိခဲ့ပြီး ၊ ဖမ်းမိချိန်ကစလို တရားရုံးတင်စွဲချက်တင်ခဲ့ပါတယ်။ နောက်တော့ တရားရုံးမှာ ရုံးတင်စစ်ဆေးခဲ့ချိန်မှာ ဝက်ချ်က သူဟာ သမီးဖြစ်သူကို သူခိုင်းတဲ့အတိုင်း မလုပ်ရင် နင့်အမေကို ဒီကိစ္စတွေ အကုန်ပြန်ပြောပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။
တရားရုံးက ရုံးချိန်း (၁၅)ကြိမ်ကျော်စစ်ဆေးပြီး ဒီနှစ်အရောက်မှာတော့ အပြီးသတ်အမိန့်ကိုချမှတ်ခဲ့ကာ နှစ်ပေါင်း (၂၃၀)ကျော်ချမှတ်ခဲ့ပါတယ်။ ဝက်ချ်နဲ့ရတဲ့ကိုယ်ဝန်ကို မွေးခဲ့တယ်လို့သိရသလို သူမရဲ့ အဓမ္မမှုအတွက် အကာအကွယ်မပေးနိုင်ခဲ့တဲ့ လူထုလူမှုဝန်ဆောင်မှုဟာ ဒေါ်လာ (၁၀)သန်းကျော် ဆုအနေနဲ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သူရေး ( D Nae Thit )