(၁၀၃)ႏွစ္အရြယ္ အဖြားအုိကို ျမင္ျမင္ခ်င္းခ်စ္မိလုိ႔ လက္ထပ္ခဲ့တဲ့ (၁၀၀)ႏွစ္အရြယ္အဖုိး

206

လက္ရွိအခ်ိန္မွာ အသက္(၁၀၀)ကို ေရာက္ေနၿပီျဖစ္တဲ့ အဖုိး John ဟာ အဖြား Phyllis Cook ကုိ ျမင္ျမင္ခ်င္း ေမတၱာသက္ဝင္ခဲ့တာေၾကာင့္ ခ်က္ခ်င္းပဲ လက္ထပ္ဖုိ႔ ပူဆာခဲ့ပါသတဲ့။ အဖြား Cook ဟာ (၁၀၃)ႏွစ္ ရွိေနၿပီျဖစ္ၿပီး၊ သူမကလည္း အဖုိး John ကုိ ခ်စ္ခင္ခဲ့တာေၾကာင့္ လက္ထပ္ခြင့္ ျပဳခဲ့ပါတယ္။

အဆုိဆုိ အဖုိးနဲ႔အဖြားတုိ႔ဟာ အုိဟုိင္းယုိးမွာ သူတုိ႔ရဲ႕ ေနာက္ဆုံးအခ်ိန္ေတြကုိ အတူတူ ျဖတ္သန္းေနၾကပါၿပီ။ အဖုိး John ဟာ ဒုတိယကမာၻစစ္ျပန္ႀကီး ျဖစ္ပါတယ္။ ၾသဂုတ္လ (၈)ရက္ေန႔မွာ Cook က (၁၀၃)ႏွစ္ ျပည့္ခဲ့တာပါ။ အဲဒီ ေမြးေန႔ကုိ ႏွစ္ဦးသား ေပ်ာ္ရႊင္စြာ ဆင္ႏႊဲခဲ့ပါတယ္။

Cook ရဲ႕ မိခင္ကလည္း အသက္(၁၀၆)ေက်ာ္ ေနခဲ့ရလုိ႔ သူမတုိ႔ မ်ိဳး႐ုိးဟာ အသက္ရွည္တဲ့ မ်ိဳး႐ုိးလုိ႔ ဆုိရမွာပါ။ အဖုိးနဲ႔အဖြားတုိ႔ဟာ ၾသဂုတ္လ အေစာပုိင္းမွာပဲ တရား႐ုံးကိုသြားၿပီး၊ လက္ထပ္ခြင့္တင္ခဲ့ၾကရာ၊ မွတ္တမ္းတင္အရာရွိက ခ်က္ခ်င္း လက္ထပ္လုိက လက္ထပ္ႏုိင္ေၾကာင္း ခြင့္ျပဳခဲ့ပါသတဲ့။

ဒီလုိနဲ႔ သူတုိ႔ႏွစ္ေယာက္ဟာ ခပ္ျမန္ျမန္ လက္ထပ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဖုိး John ရဲ႕အဆုိအရ သူတုိ႔ဟာ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ကတည္းက အလြန္ခင္မင္ရင္းနီးခဲ့ၿပီး မၾကာခဏ Date ေလ့ရွိရာကေန၊ အခုလုိ တရားဝင္ လင္မယားဘဝကို ေရာက္လာၾကတာလုိ႔ ဆုိပါတယ္။

အဖြား Cook က ” ေျပာရရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ခင္မင္ရင္းနီးရာကေန ခ်စ္သြားတာ … ဒီအသက္အရြယ္ႀကီးမွာ ခ်စ္တယ္ဆုိတာ … အားလုံးအတြက္ေတာ့ အထူးတဆန္း ျဖစ္ေနၾကမွာေပါ့ … ဒါေပမယ့္ ေသခ်ာပါတယ္ … ကၽြန္မတုိ႔ တကယ္ခ်စ္ခဲ့တာ”လုိ႔ ေျပာခဲ့ပါတယ္။

လင္းေဇာ္ကို (D Nae Thit & D Nae Khit)

source : CNN

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လက်ရှိအချိန်မှာ အသက်(၁၀၀)ကို ရောက်နေပြီဖြစ်တဲ့ အဖိုး John ဟာ အဖွား Phyllis Cook ကို မြင်မြင်ချင်း မေတ္တာသက်ဝင်ခဲ့တာကြောင့် ချက်ချင်းပဲ လက်ထပ်ဖို့ ပူဆာခဲ့ပါသတဲ့။ အဖွား Cook ဟာ (၁၀၃)နှစ် ရှိနေပြီဖြစ်ပြီး၊ သူမကလည်း အဖိုး John ကို ချစ်ခင်ခဲ့တာကြောင့် လက်ထပ်ခွင့် ပြုခဲ့ပါတယ်။

အဆိုဆို အဖိုးနဲ့အဖွားတို့ဟာ အိုဟိုင်းယိုးမှာ သူတို့ရဲ့ နောက်ဆုံးအချိန်တွေကို အတူတူ ဖြတ်သန်းနေကြပါပြီ။ အဖိုး John ဟာ ဒုတိယကမ္ဘာစစ်ပြန်ကြီး ဖြစ်ပါတယ်။ သြဂုတ်လ (၈)ရက်နေ့မှာ Cook က (၁၀၃)နှစ် ပြည့်ခဲ့တာပါ။ အဲဒီ မွေးနေ့ကို နှစ်ဦးသား ပျော်ရွှင်စွာ ဆင်နွှဲခဲ့ပါတယ်။

Cook ရဲ့ မိခင်ကလည်း အသက်(၁၀၆)ကျော် နေခဲ့ရလို့ သူမတို့ မျိုးရိုးဟာ အသက်ရှည်တဲ့ မျိုးရိုးလို့ ဆိုရမှာပါ။ အဖိုးနဲ့အဖွားတို့ဟာ သြဂုတ်လ အစောပိုင်းမှာပဲ တရားရုံးကိုသွားပြီး၊ လက်ထပ်ခွင့်တင်ခဲ့ကြရာ၊ မှတ်တမ်းတင်အရာရှိက ချက်ချင်း လက်ထပ်လိုက လက်ထပ်နိုင်ကြောင်း ခွင့်ပြုခဲ့ပါသတဲ့။

ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ခပ်မြန်မြန် လက်ထပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဖိုး John ရဲ့အဆိုအရ သူတို့ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အလွန်ခင်မင်ရင်းနီးခဲ့ပြီး မကြာခဏ Date လေ့ရှိရာကနေ၊ အခုလို တရားဝင် လင်မယားဘဝကို ရောက်လာကြတာလို့ ဆိုပါတယ်။

အဖွား Cook က ” ပြောရရင် တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနီးရာကနေ ချစ်သွားတာ … ဒီအသက်အရွယ်ကြီးမှာ ချစ်တယ်ဆိုတာ … အားလုံးအတွက်တော့ အထူးတဆန်း ဖြစ်နေကြမှာပေါ့ … ဒါပေမယ့် သေချာပါတယ် … ကျွန်မတို့ တကယ်ချစ်ခဲ့တာ”လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို (D Nae Thit & D Nae Khit)

source : CNN