ေၾကာက္မက္ဖြယ္ ကင္ဆာေရာဂါကုိ တားဆီးရပ္တန္႕ေပးမယ့္ ေတာပန္းေလး ေအာင္မဲညိဳ

655

ေအာင္မဲညိဳပန္းဆုိတာ အရင္ကေတာ့ ေတာေတြ၊ ေတာင္ကမ္းပါးယံေတြမွာ အေလ့က်ေပါက္ေလ့ရွိပါတယ္။ အဂၤလိပ္လုိဆုိရင္ေတာ့ Butterfly pea လုိ႔ ေခၚၾကပါတယ္။ အျခားနာမည္ေတြကေတာ့ Asian pigeonwings, Bluebellvine, Blue pea, Cordofan pea နဲ႔ Darwin pea ဆုိၿပီး အမ်ိဳးမ်ိဳးေခၚၾကပါတယ္။

မ်ိဳးရင္းကေတာ့ Fabaceae ျဖစ္ၿပီး၊ ဇီဝေဗဒအမည္အားျဖင့္ Clitoria ternatea လုိ႔ ထင္ရွားပါတယ္။ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္မွာပဲ ကင္ဆာကို အထူးကာကြယ္ေပးႏုိင္တဲ့ ေဆးပင္ဆုိၿပီး ျမန္မာတုိ႔ အသုိင္းအဝုိင္းမွာ နာမည္ႀကီးခဲ့ပါတယ္။ ေျပာရရင္ တစ္ခ်ိဳ႕ကလည္း ဒီေလာက္စြမ္းတာ ဟုတ္မွ ဟုတ္ႏုိင္ပါ့မလားဆုိၿပီး သံသယ ျဖစ္ေနၾကပါတယ္။

ေအာင္မဲညိဳအပြင့္ဟာ ဒီထက္ေတာင္ ပိုၿပီးေတာ့စြမ္းေဆာင္ႏုိင္ပါတယ္။ ေအာင္မဲညိဳကို အမ်ားအားျဖင့္ လက္ဖက္ေျခာက္ပုံစံမ်ိဳး ခပ္ၿပီး ေရေႏြးေသာက္သလုိ ေသာက္ၾကတာပါ။ သူရဲ႕ ေရေႏြးၾကမ္းအေရာင္ကလည္း အျပာျဖစ္လုိ႔ Blue Tea လုိ႔ ေခၚၾကပါတယ္။ ေအာင္မဲညိဳမွာ လူအတြက္ အက်ိဳးျပဳတဲ့ဓာတ္ေတြ မ်ားစြာ ပါဝင္ပါတယ္။

ကင္ဆာ မျဖစ္ေအာင္ တုိက္ခုိက္ေပးနုိင္ပါတယ္။ ေအာင္မဲညိဳအပြင့္ထဲမွာ ကင္ဆာဆဲလ္ေတြကို ခ်က္ခ်င္းေသေစႏုိင္တဲ့ ဓာတ္သတၱိေတြပါဝင္ၿပီး၊ ကင္ဆာမျဖစ္ေအာင္လည္း ႀကိဳတင္ကာကြယ္မႈေတြ လုပ္ႏုိင္ပါတယ္။ ကင္ဆာဆဲလ္ေတြအထိ ေဖာက္ဝင္ၿပီးေတာ့ကို တုိက္ဖ်က္ေပးပါသတဲ့။

ေအာင္မဲညိဳမွာ ရွားပါးလွတဲ့ Cyclotides ဆုိတဲ့ ဓာတ္သတၱိတစ္မ်ိဳး ပါဝင္တာေၾကာင့္ ကင္ဆာအႀကိတ္ မျဖစ္ေအာင္ အထူးကာကြယ္မႈေတြ ေပးပါတယ္။ မ်က္လုံးနဲ႔ ဦးေႏွာက္က်န္းမာေရးကို အထူး ေကာင္းမြန္ေစပါတယ္။ အရြယ္ႀကီးလုိ႔ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာမ်ိဳးမျဖစ္ေအာင္၊ အေတြးအေခၚ အေျမာ္အျမင္ေကာင္းေအာင္ စြမ္းေဆာင္ေပးႏုိင္ပါတယ္။

လူေတြမွာ အျဖစ္မ်ားတဲ့ ေသြးဖိအားမ်ားျခင္း သုိ႔မဟုတ္ ေသြးတုိးျခင္းကုိ ကုသဖုိ႔အတြက္ ေအာင္မဲညိဳလက္ဖက္ရည္ၾကမ္းကိုသာ ပုံမွန္ေသာက္ေပးပါက အခ်ိန္အနည္းငယ္အတြင္းမွာ ေသြးဖိအား ျပန္မွန္ေစၿပီး၊ က်န္းမာတဲ့ဘဝကုိ ရရွိေစမွာပါ။ ေနာက္ၿပီး ေသြးတြင္းသၾကားဓာတ္ကုိ ထိန္းညႇိေပးတာမုိ႔ ဆီးခ်ိဳေရာဂါကိုေတာင္ ေပ်ာက္ကင္းေစပါတယ္။

ေအာင္မဲညိဳကို အပြင့္သာမကဘဲ၊ အရြက္နဲ႔အျမစ္ကိုလည္း ေဆးဘက္ဝင္ပစၥည္းေတြအျဖစ္ အသုံးျပဳပါတယ္။ မ်က္လုံးကိုက္ မ်က္လုံးနာရင္၊ မ်က္စိစြံရင္ အျမစ္ကို ေသြးလိမ္းရင္ ေပ်ာက္ပါသတဲ့။ အပြင့္ကိုလည္း သုံးႏုိင္တယ္လုိ႔ သိရပါတယ္။ ေအာင္မဲညိဳအပင္ကို တစ္ခ်ိဳ႕က စြယ္စုံေဆးပင္လုိ႔ေတာင္ တင္စားၾကပါတယ္။

အခ်ိန္မတုိင္ခင္ အသက္ႀကီးျခင္းနဲ႔၊ ဆံပင္ျဖဴျခင္း၊ ဆံပင္ပါးျခင္း၊ ဆံပင္အားနည္းျခင္း စတဲ့ အမ်ိဳးသမီးေတြ ႀကဳံရတတ္တဲ့ ေရာဂါေတြ၊ အသားေရ ေျခာက္ေသြ႕ျခင္း၊ မဲျခင္းေတြကိုပါ ေအာင္မဲညိဳမွာပါတဲ့ Antioxidants ေတြက သက္သာ ေပ်ာက္ကင္းေစပါတယ္။ ဒီဓာတ္ေတြက anti-Glycation အျဖစ္ ေဆာင္ရြက္ေပးၿပီး၊ အရြယ္မတုိင္ခင္ အုိမင္းျခင္း၊ အသားေရ တြဲက်ျခင္းေတြကိုပါ ကာကြယ္ေပးႏုိင္မွာပါ။

ေနသူရိန္ (D Nae Thit & D Nae Khit)

source : Instah

( Organic စစ္စစ္ ေအာင္မဲညိဳပန္းေျခာက္ကုိ လိုအပ္လို႔ မွာယူလိုပါက 09445676789 သုိ႕ ဆက္သြယ္ႏိုင္ပါတယ္။
တစ္လစာ ၁ ထုပ္ (၅၀ဂရမ္) – ၄၀၀၀ က်ပ္ ၊ ၁၅ ရက္စာ ၁ ထုပ္(၂၀ဂရမ္) – ၂၀၀၀ က်ပ္ ျဖင္႔  ျမန္မာတစ္နိုင္ငံလံုးသို႔ ျဖန္ျဖဴးေရာင္းခ်ေပးေနပါျပီ )

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အောင်မဲညိုပန်းဆိုတာ အရင်ကတော့ တောတွေ၊ တောင်ကမ်းပါးယံတွေမှာ အလေ့ကျပေါက်လေ့ရှိပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ Butterfly pea လို့ ခေါ်ကြပါတယ်။ အခြားနာမည်တွေကတော့ Asian pigeonwings, Bluebellvine, Blue pea, Cordofan pea နဲ့ Darwin pea ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ်။

မျိုးရင်းကတော့ Fabaceae ဖြစ်ပြီး၊ ဇီဝဗေဒအမည်အားဖြင့် Clitoria ternatea လို့ ထင်ရှားပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာပဲ ကင်ဆာကို အထူးကာကွယ်ပေးနိုင်တဲ့ ဆေးပင်ဆိုပြီး မြန်မာတို့ အသိုင်းအဝိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။ ပြောရရင် တစ်ချို့ကလည်း ဒီလောက်စွမ်းတာ ဟုတ်မှ ဟုတ်နိုင်ပါ့မလားဆိုပြီး သံသယ ဖြစ်နေကြပါတယ်။

အောင်မဲညိုအပွင့်ဟာ ဒီထက်တောင် ပိုပြီးတော့စွမ်းဆောင်နိုင်ပါတယ်။ အောင်မဲညိုကို အများအားဖြင့် လက်ဖက်ခြောက်ပုံစံမျိုး ခပ်ပြီး ရေနွေးသောက်သလို သောက်ကြတာပါ။ သူရဲ့ ရေနွေးကြမ်းအရောင်ကလည်း အပြာဖြစ်လို့ Blue Tea လို့ ခေါ်ကြပါတယ်။ အောင်မဲညိုမှာ လူအတွက် အကျိုးပြုတဲ့ဓာတ်တွေ များစွာ ပါဝင်ပါတယ်။

ကင်ဆာ မဖြစ်အောင် တိုက်ခိုက်ပေးနိုင်ပါတယ်။ အောင်မဲညိုအပွင့်ထဲမှာ ကင်ဆာဆဲလ်တွေကို ချက်ချင်းသေစေနိုင်တဲ့ ဓာတ်သတ္တိတွေပါဝင်ပြီး၊ ကင်ဆာမဖြစ်အောင်လည်း ကြိုတင်ကာကွယ်မှုတွေ လုပ်နိုင်ပါတယ်။ ကင်ဆာဆဲလ်တွေအထိ ဖောက်ဝင်ပြီးတော့ကို တိုက်ဖျက်ပေးပါသတဲ့။

အောင်မဲညိုမှာ ရှားပါးလှတဲ့ Cyclotides ဆိုတဲ့ ဓာတ်သတ္တိတစ်မျိုး ပါဝင်တာကြောင့် ကင်ဆာအကြိတ် မဖြစ်အောင် အထူးကာကွယ်မှုတွေ ပေးပါတယ်။ မျက်လုံးနဲ့ ဦးနှောက်ကျန်းမာရေးကို အထူး ကောင်းမွန်စေပါတယ်။ အရွယ်ကြီးလို့ မှတ်ဉာဏ်ချို့ယွင်းတာမျိုးမဖြစ်အောင်၊ အတွေးအခေါ် အမြော်အမြင်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

လူတွေမှာ အဖြစ်များတဲ့ သွေးဖိအားများခြင်း သို့မဟုတ် သွေးတိုးခြင်းကို ကုသဖို့အတွက် အောင်မဲညိုလက်ဖက်ရည်ကြမ်းကိုသာ ပုံမှန်သောက်ပေးပါက အချိန်အနည်းငယ်အတွင်းမှာ သွေးဖိအား ပြန်မှန်စေပြီး၊ ကျန်းမာတဲ့ဘဝကို ရရှိစေမှာပါ။ နောက်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာမို့ ဆီးချိုရောဂါကိုတောင် ပျောက်ကင်းစေပါတယ်။

အောင်မဲညိုကို အပွင့်သာမကဘဲ၊ အရွက်နဲ့အမြစ်ကိုလည်း ဆေးဘက်ဝင်ပစ္စည်းတွေအဖြစ် အသုံးပြုပါတယ်။ မျက်လုံးကိုက် မျက်လုံးနာရင်၊ မျက်စိစွံရင် အမြစ်ကို သွေးလိမ်းရင် ပျောက်ပါသတဲ့။ အပွင့်ကိုလည်း သုံးနိုင်တယ်လို့ သိရပါတယ်။ အောင်မဲညိုအပင်ကို တစ်ချို့က စွယ်စုံဆေးပင်လို့တောင် တင်စားကြပါတယ်။

အချိန်မတိုင်ခင် အသက်ကြီးခြင်းနဲ့၊ ဆံပင်ဖြူခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်အားနည်းခြင်း စတဲ့ အမျိုးသမီးတွေ ကြုံရတတ်တဲ့ ရောဂါတွေ၊ အသားရေ ခြောက်သွေ့ခြင်း၊ မဲခြင်းတွေကိုပါ အောင်မဲညိုမှာပါတဲ့ Antioxidants တွေက သက်သာ ပျောက်ကင်းစေပါတယ်။ ဒီဓာတ်တွေက anti-Glycation အဖြစ် ဆောင်ရွက်ပေးပြီး၊ အရွယ်မတိုင်ခင် အိုမင်းခြင်း၊ အသားရေ တွဲကျခြင်းတွေကိုပါ ကာကွယ်ပေးနိုင်မှာပါ။

နေသူရိန် (D Nae Thit & D Nae Khit)

source : Instah