ေရၾကီးေနခ်ိန္မွာ ကေလးႏွစ္ေယာက္ကို ပုခံုးထမ္းတင္ျပီး ကယ္လာတဲ့ရဲသား ခ်ီးက်ဴးခံေနရ

131

အိႏိၵယျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ ေရၾကီးမႈေတြမွာလည္း ကယ္ဆယ္မႈေတြ လုပ္ေနရပါတယ္။ ဂူဂ်ာရက္ေဒသမွာလည္း ေရၾကီးလို႔ ေနရာ ေရႊ႕ေျပာင္းမႈေတြ လုပ္ေနရခ်ိန္၊ တာ၀န္က်ရဲသားတစ္ဦးရဲ႕ လုပ္ရပ္တစ္ခုက ဆိုရွယ္မီဒီယာေပၚမွာ ခ်ီးက်ဴးသံေတြနဲ႔ ျပည္႕ႏွက္ေနခဲ့ပါတယ္။

ေရၾကီးခဲ့တဲ့ ေဒသက ကယ္ရန္ပါဆိုတဲ့ ရြာေလးဟာ အေရးေပၚအေျခအေနနဲ႔ ရုတ္တရက္ေရႊ႕ေျပာင္းခဲ့ရပါတယ္။ အဲဒီအခ်ိန္မွာ ကယ္ဆယ္ေရးအတြက္ လိုက္ပါသြားတဲ့ ရဲတပ္သားတစ္ဦးဟာ ရြာက ကေလးေလးႏွစ္ေယာက္ကို ပုခံုးေပၚထမ္းတင္ျပီး၊ ဘယ္တစ္ေယာက္ ညာတစ္ေယာက္နဲ႔ ေရျပင္ၾကီးကိုခက္ခက္ခဲခဲျဖတ္ခဲ့ပါတယ္။

ဒီဗီဒီယိုေလးကို ဆိုရွယ္မီဒီယာမွာ မွ်ေ၀ခဲ့ခ်ိန္မွာေတာ့ ေတာ္ေတာ္ေလးကို ခ်ီးက်ဴးခဲ့ၾကျပီး၊ ရဲတပ္ဖြဲ႔ဆီ ဗီဒီယိုကေရာက္သြားပါတယ္။ သူတို႔ဘက္ကလည္း ထုတ္ျပန္ခ်က္အေနနဲ႔ လူစုစုေပါင္း (၄၂)ေယာက္ ကယ္တင္ခဲ့ျပီး၊ အဲဒီအထဲမွာ ေကလး (၁၂)ေယာက္ကို ကယ္တင္ႏုိင္ခဲ့တယ္လို႔ဆိုပါတယ္။ ေရကေတာ့ ဆက္လက္ျမင့္တက္ေနျပီး၊ ေလာေလာဆယ္ ကယ္ဆယ္ေရးစခန္းေတြ ဖြင့္ထားရတယ္ဆိုပါတယ္။

ရဲသားဟာ လြယ္လြယ္ကူကူေတာ့ ကေလးႏွစ္ေယာက္ကို ကယ္ခဲ့ရတာမဟုတ္ပါဘူး။ (၁.၅)ကီလိုမီတာ (၁)မိုင္နီးပါး ပုခံုးေပၚ ထမ္းတင္ခဲ့ရတဲ့အျပင္ ႏွစ္ေယာက္ျဖစ္ေနတဲ့အတြက္ ခက္ခဲခဲ့မွာ ေသခ်ာပါတယ္။ ဒီအေၾကာင္းကို ေဒသရဲ႕ ၀န္ၾကီးခ်ဳပ္ ရူပါနီကိုယ္တိုင္က သူ႕ရဲ႕ ကိုယ္ပိုင္တြစ္တာအေကာင့္ကေန ခ်ီးက်ဴးခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႔ဟာလည္း နာမည္တက္ခဲ့ရပါတယ္။

ကယ္ဆယ္ခဲ့တဲ့ ရဲသားကောတ့ သူ႕အေနနဲ႕ ကေလးေတြကို ကယ္ထုတ္ဖို႔ သူ႕အေနနဲ႔ စဥ္းစားခ်ိန္ေတာင္မရခဲ့သလို ကုန္က်စရိတ္နဲ႔ ပတ္သက္ျပီး အခက္အခဲရွိခဲ့တဲ့အတြက္ကိုယ္ထူကိုယ္ထလုပ္ခဲ့ရေၾကာင္းကို ေျပာပါတယ္။ ဒါေၾကာင့္လည္း ရဲသားရဲ႕ လုပ္ရပ္ဟာ ခ်ီးက်ဴးခံေနရတာျဖစ္ျပီး၊ အားလံုးက ၾသဘာေပးေနၾကပါတယ္။

သူေရး (D Nae Thit)

Unicode

ရေကြီးနေချိန်မှာ ကလေးနှစ်ယောက်ကို ပုခုံးထမ်းတင်ပြီး ကယ်လာတဲ့ရဲသား ချီးကျူးခံနေရ

အိန္ဒိယပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေမှာလည်း ကယ်ဆယ်မှုတွေ လုပ်နေရပါတယ်။ ဂူဂျာရက်ဒေသမှာလည်း ရေကြီးလို့ နေရာ ရွှေ့ပြောင်းမှုတွေ လုပ်နေရချိန်၊ တာဝန်ကျရဲသားတစ်ဦးရဲ့ လုပ်ရပ်တစ်ခုက ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးသံတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ရေကြီးခဲ့တဲ့ ဒေသက ကယ်ရန်ပါဆိုတဲ့ ရွာလေးဟာ အရေးပေါ်အခြေအနေနဲ့ ရုတ်တရက်ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကယ်ဆယ်ရေးအတွက် လိုက်ပါသွားတဲ့ ရဲတပ်သားတစ်ဦးဟာ ရွာက ကလေးလေးနှစ်ယောက်ကို ပုခုံးပေါ်ထမ်းတင်ပြီး၊ ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ ရေပြင်ကြီးကိုခက်ခက်ခဲခဲဖြတ်ခဲ့ပါတယ်။

ဒီဗီဒီယိုလေးကို ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ချိန်မှာတော့ တော်တော်လေးကို ချီးကျူးခဲ့ကြပြီး၊ ရဲတပ်ဖွဲ့ဆီ ဗီဒီယိုကရောက်သွားပါတယ်။ သူတို့ဘက်ကလည်း ထုတ်ပြန်ချက်အနေနဲ့ လူစုစုပေါင်း (၄၂)ယောက် ကယ်တင်ခဲ့ပြီး၊ အဲဒီအထဲမှာ ကေလး (၁၂)ယောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ရေကတော့ ဆက်လက်မြင့်တက်နေပြီး၊ လောလောဆယ် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားရတယ်ဆိုပါတယ်။

ရဲသားဟာ လွယ်လွယ်ကူကူတော့ ကလေးနှစ်ယောက်ကို ကယ်ခဲ့ရတာမဟုတ်ပါဘူး။ (၁.၅)ကီလိုမီတာ (၁)မိုင်နီးပါး ပုခုံးပေါ် ထမ်းတင်ခဲ့ရတဲ့အပြင် နှစ်ယောက်ဖြစ်နေတဲ့အတွက် ခက်ခဲခဲ့မှာ သေချာပါတယ်။ ဒီအကြောင်းကို ဒေသရဲ့ ဝန်ကြီးချုပ် ရူပါနီကိုယ်တိုင်က သူ့ရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်ကနေ ချီးကျူးခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဟာလည်း နာမည်တက်ခဲ့ရပါတယ်။

ကယ်ဆယ်ခဲ့တဲ့ ရဲသားကောတ့ သူ့အနေနဲ့ ကလေးတွေကို ကယ်ထုတ်ဖို့ သူ့အနေနဲ့ စဉ်းစားချိန်တောင်မရခဲ့သလို ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး အခက်အခဲရှိခဲ့တဲ့အတွက်ကိုယ်ထူကိုယ်ထလုပ်ခဲ့ရကြောင်းကို ပြောပါတယ်။ ဒါကြောင့်လည်း ရဲသားရဲ့ လုပ်ရပ်ဟာ ချီးကျူးခံနေရတာဖြစ်ပြီး၊ အားလုံးက သြဘာပေးနေကြပါတယ်။

သူရေး (D Nae Thit)