သူငယ္တန္း (၄)ႏွစ္အရြယ္က စေတြ႔ခဲ့တဲ့ ေက်ာင္းခန္းမွာ ျပန္ျပီး မဂၤလာေဆာင္ခဲ့ႀကတဲ့ စုံတဲြ

67

သင့္ရဲ႕ ခ်စ္သူနဲ႔ ပထမဆုံး စေတြ႔တဲ့ ေနရာမွာ မဂၤလာေဆာင္ခ်င္မလား။ လမ္းမွာသာ ပထမဆုံးစေတြ႔ရင္ အဲဒီမွာ မဂၤလာေဆာင္မွာလား။

ဂ်ိမ္းမာ ဖူေတာ့ပီ (Jemma Fullthorpe, မ) နဲ႔ ဖီးလ္ အလန္ (Phil Allen, က်ား) တုိ႔ကေတာ့ ကေလးဘ၀က စေတြ႔ခဲ့တဲ့ ေက်ာင္းခန္းမွာ ျပန္လည္ျပီး မဂၤလာေဆာင္ခဲ့ႀကတာပါ။ သူတုိ႔ဟာ ေခတၱခဲြခြာခဲ့ႀကေပမဲ့ ျပန္လည္ ဆက္သြယ္ခဲ့ႀကပါတယ္။

ဖီးလ္ နဲ႔ ဂ်ိမ္းမာဟာ ေနာ္တမ္တန္ (Northampton) ျမိဳ႕က ေက်ာင္းခန္းမွာ (၁၉၉၉) ခုႏွစ္က ပထမဆုံး ေတြ႔ဆုံခဲ့ႀကပါတယ္။ ဒါေပမဲ့ ဖီးလ္က မိသားစုနဲ႔အတူ လန္ဒန္ကုိ ေျပာင္းသြားခဲ့ေတာ့ ဂ်ိမ္းမားနဲ႔ ေခတၱခဏ ခဲြခြာခဲ့ရပါတယ္။

ေနာက္ပုိင္း ဖီးလ္က ဂ်ိမ္းမာကုိ Facebook ကေန ျပန္လည္ ဆက္သြယ္ခဲ့ၿပီး ခ်စ္သူသက္တမ္းႀကာၿပီ ျဖစ္လုိ႔ လက္ထပ္ဖုိ႔ ဆုံးျဖတ္ခဲ့လုိက္ႀကပါတယ္။

လက္ရွိမွာ ဖီးလ္က (၃၂) ႏွစ္ နဲ႔ ဂ်ိမ္းမာက (၃၁) ႏွစ္ၿဖစ္ၿပီး သူတုိ႔ဟာ လြန္ခဲ့တဲ့ (၂၇) ႏွစ္၊ (၄) ႏွစ္အရြယ္၊ သူငယ္တန္းတုန္းက စေတြ႔ခဲ့တဲ့ ေက်ာင္းခန္းမွာ မဂၤလာေဆာင္ခဲ့ႀကပါတယ္။

သူတုိ႔ ႏွစ္ဦးဟာ ေက်ာင္းအုပ္ႀကီးရဲ႕ ခြင့္ျပဳခ်က္ကုိ ရရွိခဲ့ဲတဲ့ေနာက္ သူတုိ႔ႏွစ္ဦး အမ်ားဆုံး ေတြ႔ခဲ့ၾကတဲ့ (PE) အခန္းမွာ မဂၤလာေဆာင္ခဲ့ႀကၿပီး လက္ရွိမွာလည္း အဲဒီေက်ာင္းအနားမွာပဲ ေနထုိင္ေနပါတယ္။

Ko Khant ( D Nae Thit )

Unicode

သင့်ရဲ့ ချစ်သူနဲ့ ပထမဆုံး စတွေ့တဲ့ နေရာမှာ မင်္ဂလာဆောင်ချင်မလား။ လမ်းမှာသာ ပထမဆုံးစတွေ့ရင် အဲဒီမှာ မင်္ဂလာဆောင်မှာလား။

ဂျိမ်းမာ ဖူတော့ပီ (Jemma Fullthorpe, မ) နဲ့ ဖီးလ် အလန် (Phil Allen, ကျား) တို့ကတော့ ကလေးဘဝက စတွေ့ခဲ့တဲ့ ကျောင်းခန်းမှာ ပြန်လည်ပြီး မင်္ဂလာဆောင်ခဲ့ကြတာပါ။ သူတို့ဟာ ခေတ္တခွဲခွာခဲ့ကြပေမဲ့ ပြန်လည် ဆက်သွယ်ခဲ့ကြပါတယ်။

ဖီးလ် နဲ့ ဂျိမ်းမာဟာ နော်တမ်တန် (Northampton) မြို့က ကျောင်းခန်းမှာ (၁၉၉၉) ခုနှစ်က ပထမဆုံး တွေ့ဆုံခဲ့ကြပါတယ်။ ဒါပေမဲ့ ဖီးလ်က မိသားစုနဲ့အတူ လန်ဒန်ကို ပြောင်းသွားခဲ့တော့ ဂျိမ်းမားနဲ့ ခေတ္တခဏ ခွဲခွာခဲ့ရပါတယ်။

နောက်ပိုင်း ဖီးလ်က ဂျိမ်းမာကို Facebook ကနေ ပြန်လည် ဆက်သွယ်ခဲ့ပြီး ချစ်သူသက်တမ်းကြာပြီ ဖြစ်လို့ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့လိုက်ကြပါတယ်။

လက်ရှိမှာ ဖီးလ်က (၃၂) နှစ် နဲ့ ဂျိမ်းမာက (၃၁) နှစ်ဖြစ်ပြီး သူတို့ဟာ လွန်ခဲ့တဲ့ (၂၇) နှစ်၊ (၄) နှစ်အရွယ်၊ သူငယ်တန်းတုန်းက စတွေ့ခဲ့တဲ့ ကျောင်းခန်းမှာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။

သူတို့ နှစ်ဦးဟာ ကျောင်းအုပ်ကြီးရဲ့ ခွင့်ပြုချက်ကို ရရှိခဲဲ့တဲ့နောက် သူတို့နှစ်ဦး အများဆုံး တွေ့ခဲ့ကြတဲ့ (PE) အခန်းမှာ မင်္ဂလာဆောင်ခဲ့ကြပြီး လက်ရှိမှာလည်း အဲဒီကျောင်းအနားမှာပဲ နေထိုင်နေပါတယ်။

Ko Khant ( D Nae Thit )