ရွားပါးေရာဂါေၾကာင့္ (၆၀)အရြယ္အဖြားအုိနဲ႔တူေနတဲ့ (၁၀)ႏွစ္အရြယ္ ေက်ာင္းသူေလး

244

လက္ရွိအခ်ိန္မွာ အသက္(၁၀)ႏွစ္သာရွိေသးတဲ့ Bo Rakching အမည္ရ ကေမာၻဒီးယားႏုိင္ငံသူေလးဟာ ရွားပါးမ်ိဳးဗီဇေရာဂါေၾကာင့္ အသက္(၆၀)အရြယ္ အဖြားအုိတစ္ေယာက္ပုံစံမ်ိဳး ျဖစ္ေနပါတယ္။ Bo ဟာ အသားေရေတြတြန္႔၊ ပါးေရနားေရေတြ တြဲေလာင္းျဖစ္ေနေသာ္လည္း-

ကေလးစိတ္ပဲ ျဖစ္ပါတယ္။ သူမဟာ အခုခ်ိန္ထိ ေက်ာင္းတက္ရတာကို ေပ်ာ္ေနဆဲျဖစ္ၿပီး၊ ေက်ာင္းမွာ အႏုိင္က်င့္ ႏွိပ္စက္မႈအခံရဆုံးကေတာ့ Bo ပဲ ျဖစ္ပါတယ္။ ေက်ာင္းသားေတြက သူမကို ေလွာင္ေျပာင္ၿပီး “အဖြားအုိ”လုိ႔ ေနာက္ေျပာင္ ေခၚေဝၚၾကပါတယ္။

သူမရဲ႕အရပ္ဟာ အစ္ကိုျဖစ္သူ Chea (၁၁)ႏွစ္ရဲ႕ အရပ္ေမာင္းနဲ႔ တူညီေနၿပီး၊ သူမရဲ႕ အုိမင္းရင့္ေရာ္ဟန္ေပါက္ေနတဲ့ ပုံစံေၾကာင့္ အိမ္မွာေတာ့ အလုပ္ေတြ သိပ္မလုပ္ရပါဘူးတဲ့။ ဒီလုိ ေရာဂါလကၡဏာဟာ Lipodystrophy (သုိ႔မဟုတ္) Cutis laxa ေရာဂါေၾကာင့္လုိ႔ ယူဆရပါတယ္။

Bo ဟာ သူရဲ႕ ေရာဂါနဲ႔ပတ္သက္ၿပီး တစ္ခါမွ ကုသမႈခံယူဖူးျခင္း မရွိေသးပါဘူး။ သူမဟာ ဖႏြမ္ပင္နဲ႔ အေတာ္လွမ္းတဲ့ ေတာႀကိဳအုံၾကားက ရြာကေလးမွာ ေနေနရၿပီး၊ သူမကေတာ့ ဗုဒၶဘာသာပီပီ၊ အတိတ္ဘဝက မေကာင္းခဲ့လုိ႔၊ ပစၥဳပၸန္ဘဝ မေကာင္းရတာလုိ႔ပဲ ေတြးေနပါသတဲ့။

ေနသူရိန္ (D Nae Thit & D Nae Khit)

source : Mirror

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လက်ရှိအချိန်မှာ အသက်(၁၀)နှစ်သာရှိသေးတဲ့ Bo Rakching အမည်ရ ကမ္ဘောဒီးယားနိုင်ငံသူလေးဟာ ရှားပါးမျိုးဗီဇရောဂါကြောင့် အသက်(၆၀)အရွယ် အဖွားအိုတစ်ယောက်ပုံစံမျိုး ဖြစ်နေပါတယ်။ Bo ဟာ အသားရေတွေတွန့်၊ ပါးရေနားရေတွေ တွဲလောင်းဖြစ်နေသော်လည်း-

ကလေးစိတ်ပဲ ဖြစ်ပါတယ်။ သူမဟာ အခုချိန်ထိ ကျောင်းတက်ရတာကို ပျော်နေဆဲဖြစ်ပြီး၊ ကျောင်းမှာ အနိုင်ကျင့် နှိပ်စက်မှုအခံရဆုံးကတော့ Bo ပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေက သူမကို လှောင်ပြောင်ပြီး “အဖွားအို”လို့ နောက်ပြောင် ခေါ်ဝေါ်ကြပါတယ်။

သူမရဲ့အရပ်ဟာ အစ်ကိုဖြစ်သူ Chea (၁၁)နှစ်ရဲ့ အရပ်မောင်းနဲ့ တူညီနေပြီး၊ သူမရဲ့ အိုမင်းရင့်ရော်ဟန်ပေါက်နေတဲ့ ပုံစံကြောင့် အိမ်မှာတော့ အလုပ်တွေ သိပ်မလုပ်ရပါဘူးတဲ့။ ဒီလို ရောဂါလက္ခဏာဟာ Lipodystrophy (သို့မဟုတ်) Cutis laxa ရောဂါကြောင့်လို့ ယူဆရပါတယ်။

Bo ဟာ သူရဲ့ ရောဂါနဲ့ပတ်သက်ပြီး တစ်ခါမှ ကုသမှုခံယူဖူးခြင်း မရှိသေးပါဘူး။ သူမဟာ ဖနွမ်ပင်နဲ့ အတော်လှမ်းတဲ့ တောကြိုအုံကြားက ရွာကလေးမှာ နေနေရပြီး၊ သူမကတော့ ဗုဒ္ဓဘာသာပီပီ၊ အတိတ်ဘဝက မကောင်းခဲ့လို့၊ ပစ္စုပ္ပန်ဘဝ မကောင်းရတာလို့ပဲ တွေးနေပါသတဲ့။

နေသူရိန် (D Nae Thit & D Nae Khit)

source : Mirror