” မင္းမိန္းမ မင္းကိုေပါင္းေတာ့မွာ မဟုတ္ဘူး”ေျပာလို႔ လူသတ္ျပီး အေလာင္းေဖ်ာက္ဖ်က္သူအားဖမ္းမိ

273

၉-၈-၂၀၁၉ ရက္ေန႔ ၁၂၃၀ အခ်ိန္ခန္႔တြင္ ႁပြန္တန္ဆာၿမိဳ႕၊ စည္ပင္ေက်းရြာရွိ ငါးကန္ ထဲတြင္ ေရနစ္ေသဆုံးေနေသာ အမ်ိဳးသားအေလာင္း(၁)ေလာင္း ေတြ႕ရွိေၾကာင္းသတင္းအရ ျပြန္တန္ဆာနယ္ေျမရဲစခန္းမွဴး ရဲအုပ္ စိုးသိန္းႏွင့္အဖြဲ႔မွ သြားေရာက္စစ္ေဆးရာ

အဆုိပါ ကန္၏ ဒိုက္ပင္ေအာက္တြင္ အမ်ိဳးသား(၁)ဦးအား ေမွာက္လ်က္အေနအထားျဖင့္ ပုပ္ပြလ်က္ေသဆုံး ေနသည္ကိုေတြ႕ရွိရသျဖင့္ ျပြန္တန္ဆာနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းျဖင့္ အမႈဖြင့္ ေဆာင္ ရြက္ခဲ့ၿပီး အမႈမွ ေသဆံုးသူအား မည္သူမည္၀ါျဖစ္ေၾကာင္း စံုစမ္း ေဆာင္ရြက္ခဲ့ရာ ေသဆံုးသူမွာ ဖဒိုၿမိဳ႕၊ ေတာင္ေပၚစုေက်းရြာေန ေဇာ္၀င္း (၄၀)ႏွစ္ ျဖစ္ေၾကာင္း သိရွိရပါသည္ ။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ အမႈွမွန္ေပၚေပါက္ေရးအတြက္ စခန္းမွဴး ရဲအုပ္ စိုးသိန္းႏွင့္အဖြဲ႔မွ စံုစမ္းေဆာင္ရြက္ခဲ့ရာ ေသဆံုးသူသည္ ၇-၈-၂၀၁၉ ရက္ေန႔ ေန႔လည္ ၁၂၀၀ အခ်ိန္ ခန္႔တြင္ စည္ပင္ေက်းရြာေန ကိုခင္ႏိုင္ (၄၄)ႏွစ္၏ ေနအိမ္သုိ႔ သြားေရာက္ခဲ့ေၾကာင္း စံုစမ္းသိရွိရသျဖင့္ ၁၁-၈-၂၀၁၉ ရက္ေန႔တြင္ ကိုခင္ႏိုင္ အား ရဲစခန္းသုိ႔ ေခၚယူ၍ စစ္ေဆးေဆာင္ရြက္ခဲ့ပါသည္ ။ ထိုသို႔ စစ္ေဆး ရာ ကိုခင္ႏိုင္ သည္ ေသဆံုးသူ ေဇာ္ဝင္းႏွင့္ ခင္မင္ရင္းႏွီးသူျဖစ္ေၾကာင္း၊

၇-၈-၂၀၁၉ ရက္ေန႔ ၁၄၀၀ အခ်ိန္ခန္႔တြင္ ေဇာ္ဝင္းသည္ ၎၏ေနအိမ္သို႔ ေရာက္ရွိလာသျဖင့္ အရက္အတူ ေသာက္ခဲ့ ေၾကာင္း၊ ေဇာ္ဝင္းမွ ကိုခင္ႏိုင္အား ” မင္းမိန္းမ မင္းကို ေပါင္းေတာ့မွာ မဟုတ္ဘူး” ဟု ေျပာသျဖင့္ ကိုခင္ႏိုင္ မွ ဆက္မေျပာရန္တားျမစ္ခဲ့ေသာ္လည္း ေဇာ္ဝင္းမွ ဆက္လက္ေျပာဆိုေနသည့္အတြက္ စကားမ်ား ရန္ျဖစ္ၿပီး ကိုခင္ႏိုင္ မွ အနီးရွိ သစ္သားတုတ္ျဖင့္ ေဇာ္ဝင္း၏ ဦးေခါင္းအား ရိုက္ႏွက္ခဲ့၍ ေနအိမ္ေပၚမွ ျပဳတ္က်ေသဆုံးသြားေၾကာင္း၊

အေလာင္းအား ေလွေပၚသို႔တင္ေဆာင္ၿပီး စည္ပင္ ေက်းရြာရွိ ငါးကန္ထဲတြင္ သြားေရာက္ စြန္႔ပစ္ ေဖ်ာက္ဖ်က္ခဲ့ေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့ေသာ ေၾကာင့္ ျပြန္တန္ဆာနယ္ေျမရဲစခန္းတြင္ ေသမႈေသခင္းအျဖစ္ အမႈဖြင့္ ေဆာင္ရြက္ထားရာမွ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ (လူသတ္မႈ) သို႔ ေျပာင္းလဲ အမႈဖြင့္ေဆာင္ရြက္ခဲ့ပါသည္ ။

အမႈမွ ေသဆံုးသူ ေဇာ္၀င္း အား ရိုက္ႏွက္သတ္ျဖတ္ကာ အေလာင္းအား စြန္႔ပစ္ေဖ်ာက္ ဖ်က္သူ တရားခံ ကိုခင္ႏိုင္ အား ၁၁-၈-၂၀၁၉ ရက္ေန႔တြင္ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ၿပီး ဥပဒႏွင့္ အညီ အျမန္ တရားစြဲ တင္ပို႔ႏိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္း ရရွိပါ သည္။

ပဲခူးတိုင္းေဒသၾကီးရဲတပ္ဖြဲ႕

Unicode

၉-၈-၂၀၁၉ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် ပြွန်တန်ဆာမြို့၊ စည်ပင်ကျေးရွာရှိ ငါးကန် ထဲတွင် ရေနစ်သေဆုံးနေသော အမျိုးသားအလောင်း(၁)လောင်း တွေ့ရှိကြောင်းသတင်းအရ ပြွန်တန်ဆာနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးသိန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ

အဆိုပါ ကန်၏ ဒိုက်ပင်အောက်တွင် အမျိုးသား(၁)ဦးအား မှောက်လျက်အနေအထားဖြင့် ပုပ်ပွလျက်သေဆုံး နေသည်ကိုတွေ့ရှိရသဖြင့် ပြွန်တန်ဆာနယ်မြေရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့် ဆောင် ရွက်ခဲ့ပြီး အမှုမှ သေဆုံးသူအား မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်း ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ဖဒိုမြို့၊ တောင်ပေါ်စုကျေးရွာနေ ဇော်ဝင်း (၄၀)နှစ် ဖြစ်ကြောင်း သိရှိရပါသည် ။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှှုမှန်ပေါ်ပေါက်ရေးအတွက် စခန်းမှူး ရဲအုပ် စိုးသိန်းနှင့်အဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူသည် ၇-၈-၂၀၁၉ ရက်နေ့ နေ့လည် ၁၂၀ဝ အချိန် ခန့်တွင် စည်ပင်ကျေးရွာနေ ကိုခင်နိုင် (၄၄)နှစ်၏ နေအိမ်သို့ သွားရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ၁၁-၈-၂၀၁၉ ရက်နေ့တွင် ကိုခင်နိုင် အား ရဲစခန်းသို့ ခေါ်ယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့ စစ်ဆေး ရာ ကိုခင်နိုင် သည် သေဆုံးသူ ဇော်ဝင်းနှင့် ခင်မင်ရင်းနှီးသူဖြစ်ကြောင်း၊

၇-၈-၂၀၁၉ ရက်နေ့ ၁၄၀ဝ အချိန်ခန့်တွင် ဇော်ဝင်းသည် ၎င်း၏နေအိမ်သို့ ရောက်ရှိလာသဖြင့် အရက်အတူ သောက်ခဲ့ ကြောင်း၊ ဇော်ဝင်းမှ ကိုခင်နိုင်အား ” မင်းမိန်းမ မင်းကို ပေါင်းတော့မှာ မဟုတ်ဘူး” ဟု ပြောသဖြင့် ကိုခင်နိုင် မှ ဆက်မပြောရန်တားမြစ်ခဲ့သော်လည်း ဇော်ဝင်းမှ ဆက်လက်ပြောဆိုနေသည့်အတွက် စကားများ ရန်ဖြစ်ပြီး ကိုခင်နိုင် မှ အနီးရှိ သစ်သားတုတ်ဖြင့် ဇော်ဝင်း၏ ဦးခေါင်းအား ရိုက်နှက်ခဲ့၍ နေအိမ်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း၊

အလောင်းအား လှေပေါ်သို့တင်ဆောင်ပြီး စည်ပင် ကျေးရွာရှိ ငါးကန်ထဲတွင် သွားရောက် စွန့်ပစ် ဖျောက်ဖျက်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သော ကြောင့် ပြွန်တန်ဆာနယ်မြေရဲစခန်းတွင် သေမှုသေခင်းအဖြစ် အမှုဖွင့် ဆောင်ရွက်ထားရာမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) သို့ ပြောင်းလဲ အမှုဖွင့်ဆောင်ရွက်ခဲ့ပါသည် ။

အမှုမှ သေဆုံးသူ ဇော်ဝင်း အား ရိုက်နှက်သတ်ဖြတ်ကာ အလောင်းအား စွန့်ပစ်ဖျောက် ဖျက်သူ တရားခံ ကိုခင်နိုင် အား ၁၁-၈-၂၀၁၉ ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒနှင့် အညီ အမြန် တရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါ သည်။

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့