တံတားအောာက်မှာ အိပ်ခဲ့ရတဲ့ ဘ၀ကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ (လျှိုဝှက်ချက်)

287






Ko Khant ( D Nae Thit )

Unicode

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သား ဟယ်ရီ ဆန်ဒါလ် (Harry Sanders) ဟာ အသက် (၁၇) နှစ်အရွယ်မှာ အိမ်ရာမဲ့ ဖြစ်နေခဲ့ပြီး တံတားအောက်တွေမှာ အိပ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း သူဟာ ဘဝကို အရှုံးမပေးဘဲ ပြန်လည်ကြိုးစားခဲ့တဲ့အတွက် လက်ရှိမှာ သန်းကြွယ်သူဌေး ဖြစ်နေပြီး ဒေါ်လာ (၁.၅) သန်း တန်တဲ့ Studiohawk ရဲ့ CEO တစ်ဦး ဖြစ်ပါတယ်။

ဟယ်ရီက သူ ကျင့်သုံးခဲ့တဲ့ အောင်မြင်ခြင်းရဲ့ လျှိုဝှက်ချက် (၅) ချက်ကို ပြောပြခဲ့ပါတယ်။ အဲဒီလျှိုဝှက်ချက်တွေကတော့ “ဝတ်ချင်တဲ့ အဝတ်အစားကို ဝတ်ဖို့၊ ညဘက် အနည်းဆုံး (၈) နာရီ အိပ်ဖို့၊ စိတ်ဝင်စားတဲ့ စာအုပ်အကြောင်းကို များများ ဖတ်ဖို့၊ ဘယ်နေရာတွေမှာ ပိုက်ဆံ အသုံးပြုလဲ ဆိုတာ သိဖို့ နဲ့ ရည်ရွယ်ချက်ကို ရှာဖွေဖို့” စတဲ့ (၅) ချက် ဖြစ်ပါတယ်။

သူဟာ အစည်းအဝေး သွားတတ်တဲ့ အခါမှာလည်း Suit ဝတ်စုံကို ဝတ်သွားတာ မဟုတ်ဘဲ သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားတွေကိုပဲ ဝတ်ခဲ့ပါတယ်။

သူက ညဘက်မနက် (၃) နာရီအချိန်အထိ အလုပ်လုပ်တာဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အနားယူဖို လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ သူဟာ သူ့ရဲ့ Studiohawk ကုမ္ပဏီကို လန်ဒန်မြို့မှာ အခြေချထားပါတယ်။

Ko Khant ( D Nae Thit )