တရုတ္ႏိုင္ငံသား တစ္ဦး၊ ကိုယ့္ကိုကိုယ္ ဓါးျဖင့္ထိုး၍ ေသဆုံး

57

ေရႊျပည္သာၿမိဳ႕နယ္တြင္ တရုတ္ႏိုင္ငံသား တစ္ဦး၊ ကိုယ့္ကိုကိုယ္ ဓါးျဖင့္ထိုး၍ ေသဆုံး

ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳ႕နယ္၊ ဝါးတစ္ရာ စက္မႈဇုန္ရွိ ခရီးသြားလာေရးပစၥည္းကုမၼဏီလီမီတတ္ စက္ရုံ၌ တရုတ္ႏိုင္ငံသား တစ္ဦး မိမိကိုယ့္ မိမိ ဓါးျဖင့္ ထိုး၍ ၂၀၁၉ ဩဂုတ္ ၁၂ ရက္ေန႔ နံနက္ပိုင္း ၆ နာရီအခ်ိန္ခန္႔ ေသဆုံေၾကာင္း သိရသည္။

ဝါးတစ္ရာ စက္မႈဇုန္၊ ဗိုလ္တိုက္ခၽြန္း လမ္းေထာင့္ ႏွင့္ မင္းဗႏၶဳဘုရားလမ္းေထာင့္ရွိ အမွတ္(၁၅၇၊၁၅၈)၊ဝမ္ဒါရွင္ (ခရီးသြားလာေရးပစၥည္းကုမၼဏီလီမီတတ္) စက္ရုံ၌ အသက္ ၃၃ႏွစ္ခန္႔ အလုပ္သမား Mr. XIT YAN ဆိုသူတြင္ ေက်ာပိုးအိတ္ပစၥည္းမ်ားအေျခာက္ခံသည့္ အခန္းေဘးတြင္ အရိုး ၅ လက္မ၊အသြား ၄ လက္မခန္႔ရွိ ဓါးျဖင့္ ကိုယ့္ကိုကိုယ္ ထိုး၍ ေသဆုံးျခင္းကို ေလွာ္ကားနယ္ေျမ ရဲစခန္းမွ သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း ဆိုသည္။

ေသဆုံးသူ Mr. XIT YANတြင္ ၂၀၁၉ ဧၿပီ ၃၀ ရက္ေန႔ အဆိုပါ စက္ရုံသို႔ အလုပ္လုပ္ကိုင္ရန္ ေရာက္ရွိျခင္း ျဖစ္သည္။ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေလွာ္ကားနယ္ေျမ ရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ (၂၂/၂၀၁၉)ျဖင့္ စစ္ေဆး ေဆာင္ရြက္လၽွက္ရွိေၾကာင္း သတင္းရရွိသည္။

သာခိုင္(မုနိၿမီ) Real News Distribution Agency

Unicode

ရွှေပြည်သာမြို့နယ်တွင် တရုတ်နိုင်ငံသား တစ်ဦး၊ ကိုယ့်ကိုကိုယ် ဓါးဖြင့်ထိုး၍ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်ရှိ ခရီးသွားလာရေးပစ္စည်းကုမ္မဏီလီမီတတ် စက်ရုံ၌ တရုတ်နိုင်ငံသား တစ်ဦး မိမိကိုယ့် မိမိ ဓါးဖြင့် ထိုး၍ ၂၀၁၉ ဩဂုတ် ၁၂ ရက်နေ့ နံနက်ပိုင်း ၆ နာရီအချိန်ခန့် သေဆုံကြောင်း သိရသည်။

ဝါးတစ်ရာ စက်မှုဇုန်၊ ဗိုလ်တိုက်ချွန်း လမ်းထောင့် နှင့် မင်းဗန္ဓုဘုရားလမ်းထောင့်ရှိ အမှတ်(၁၅၇၊၁၅၈)၊ဝမ်ဒါရှင် (ခရီးသွားလာရေးပစ္စည်းကုမ္မဏီလီမီတတ်) စက်ရုံ၌ အသက် ၃၃နှစ်ခန့် အလုပ်သမား Mr. XIT YAN ဆိုသူတွင် ကျောပိုးအိတ်ပစ္စည်းများအခြောက်ခံသည့် အခန်းဘေးတွင် အရိုး ၅ လက်မ၊အသွား ၄ လက်မခန့်ရှိ ဓါးဖြင့် ကိုယ့်ကိုကိုယ် ထိုး၍ သေဆုံးခြင်းကို လှော်ကားနယ်မြေ ရဲစခန်းမှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း ဆိုသည်။

သေဆုံးသူ Mr. XIT YANတွင် ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ အဆိုပါ စက်ရုံသို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိခြင်း ဖြစ်သည်။ဖြစ်စဉ်နှင့်ပတ်သက်၍ လှော်ကားနယ်မြေ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂၂/၂၀၁၉)ဖြင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သာခိုင်(မုနိမြီ) Real News Distribution Agency